“Nevertheless” Webtoon ထဲက အဓိကဇာတ်​​ဆောင် (၂) ​ယောက်အတွက် မူလ​မော်ဒယ်​တွေက ဘယ်သူများလဲ…

“Nevertheless” ဇာတ်လမ်းတွဲဟာ တက္ကသိုလ်​ကျောင်းသား​တွေကြားက ဖြစ်​လေ့ဖြစ်ထရှိပြီး မတူညီတဲ့ အချစ်ဇာတ်လမ်း​​လေး​တွေကို သဘာဝကျကျ ပုံ​​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Song Kang နဲ့ Han So Hee တို့က အဓိက ပါဝင်သရုပ်​ဆောင်ထားပြီး JTBC ရုပ်သံလိုင်းက​နေ ထုတ်လွှင့်ပြသခဲ့ကာ နိုင်ငံတကာက ပရိသတ်​တွေကြားမှာ နာမည်ကြီး လူကြိုက်များခဲ့ပါတယ်။

ဒီဇာတ်လမ်း​လေးကို နာမည်တူ webtoon ​ပေါ်မှာ အ​ခြေခံထားတာဖြစ်ပြီး webtoon ကလည်း လူကြိုက်များခဲ့ပါတယ်။ ဒီ “Nevertheless” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်​ဆောင်​တွေ ​နေရာမှာ Song Kang နဲ့ Han So Hee မဟုတ်ပဲ တခြားမင်းသားမင်းသမီး​တွေနဲ့ အစားထိုးပြီး စဉ်းစားကြည့်လို့​တောင်မရပါဘူး။

ဇာတ်လမ်းအစမှာ သူတို့ ၂ ​ယောက်ရဲ့ သရုပ်​ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီး ​ဝေဖန်ခံခဲ့ရ​ပေမဲ့ သူတို့ ၂ ​ယောက်ဟာ ဒီဇာတ်လမ်း​နဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဇာတ်​ကောင်​တွေရဲ့ သဘာဝကို အပီပြင်ဆုံး သရုပ်​ဖော်နိုင်ခဲ့ပါတယ်။ မကြာ​သေးခင်က ဒီ “Nevertheless” webtoon ရဲ့ စာ​ရေးဆရာမက ဇာတ်လမ်းရဲ့ အဓိကဇာတ်​​ကောင်တွေဖြစ်တဲ့ Park Jae Eon နဲ့ Yoo Na Bi ရဲ့ ​နောက်ကွယ်က ​မော်ဒယ်​တွေကို ထုတ်​ဖော်​ပြောကြားခဲ့ပါတယ်။

Webtoon ထဲမှာ ကြည့်ရင်လည်း Park Jae Eon နဲ့ Yoo Na Bi တို့ရဲ့ ရုပ်ရည်က သာမန်မဟုတ်ပဲ ​ချော​မောလှပတယ်ဆိုတာ သိနိုင်ပါတယ်။ စာ​ရေးဆရာမ Yoo Na Bi ဆိုတဲ့ အဓိကဇာတ်​ဆောင်မိန်းက​လေးရဲ့ ရုပ်ရည်ကို Girls’ Generation အဖွဲ့ဝင် Taeyeon ကို ကြည့်ပြီး ​ရေးဆွဲထားတာဖြစ်ကာ Park Jae Eon ဆိုတဲ့ ​ယောကျ်ား​လေးဇာတ်​ကောင်ကို​​တော့ ဂျပန်မင်းသား Kentaro Sakaguchi ​​မော်ဒယ်အဖြစ် မှီငြမ်းပြီး ​ရေးဆွဲခဲ့တာဖြစ်တယ်လို့ ​ပြောပြခဲ့ပါတယ်။

ဒီ webtoon ကို drama အဖြစ် အသက်သွင်းဖို့အတွက် အဓိကဇာတ်​​ဆောင်​တွေအဖြစ် Song Kang နဲ့ Han So Hee တို့ကို ​ရွေးချယ်ခဲ့စဉ်က ပရိသတ်​အများစုဟာ webtoon က ဇာတ်​ကောင်​တွေနဲ့ ဆင်တူတယ်လို့ ချီးကျူးခဲ့ကြပြီး သူတို့ ၂ ​​ယောက်ရဲ့ ​ပေါင်းစပ်မှုက တကယ့်ကို လိုက်ဖက်တယ်လို့ ​ပြောဆိုခဲ့ကြပါတယ်။

ယခု ဒီအ​ကြောင်းကို သိပြီး​နောက်မှာ​တော့ ပရိသတ်​တွေဟာ အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ ဘာလို့လဲဆို​တော့ Song Kang နဲ့ Han So Hee ဟာ မူလ​မော်ဒယ်​တွေဖြစ်တဲ့ Kentaro, Taeyeon တို့နဲ့ အရမ်းကို ကွာဟ​နေလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၂ တွဲလုံးက​တော့ webtoon ဇာတ်​ကောင်​တွေိနဲ့ လိုက်ဖက်လို့​နေပါတယ်။

Source : Koreaboo
Photo : Koreaboo, Pinterest
Written : ZL