“Lover of the Red Sky” drama အတွက် ဇာတ်ဝင်တေး သီဆိုပေးခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun

EXO အဖွဲ့ဝင် Baekhyun ကတော့ အားလုံးသိတဲ့ အတိုင်း စစ်မှုထမ်းနေတာပါ။ ဒါပေမဲ့ သူ့ စစ်မှုထမ်းနေတုန်းမှာလည်း သူ့ရဲ့ သီချင်းအသစ်တွေ နားထောင်နိုင်ဖို့ ကြိုစီစဉ်ခဲ့ပါတယ်။ ခုလည်း “Lover of the Red Sky” Drama အတွက် Baekhyun သီဆိုထားတဲ့ “Is it me?” ဆိုတဲ့ သီချင်း ထွက်ရှိလာခဲ့ပါပြီ။

“Lover of the Red Sky” drama ဟာ historical drama အမျိုးစားဖြစ်ပြီး ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပါတယ်။ မွေးကတည်းက မျက်စိမမြင်ရပေမဲ့ မယုံကြည်နိုင်စရာ ဖြစ်ရပ်ကြောင့် မျက်စိအလင်းပြန်ရလာတဲ့ ပန်းချီဆရာမလေး “Hong Chun Gi” အဖြစ် မင်းသမီး “Kim Yoo Jung” က သရုပ်ဆောင်ထားပါတယ်။ ကြယ်တွေကိုကြည့်ပြီး ဟောပြောနိုင်တဲ့ မျက်မမြင် ဗေဒင်ဆရာ “Ha Ram” အဖြစ် မင်းသား “Ahn Hyo Seop” က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာ fantasy လည်း ဖြစ်သလို romance လည်းပါတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ခုထိတော့ အပိုင်း(၁) သာ ထွက်ရှိထားပြီး အပိုင်း(၁) နောက်ဆုံးပိုင်းမှာ Baekhyun ရဲ့ ost တပိုင်းတစလေး ပါလာပါတယ်။ သီချင်းအေးအေးလေးတွေကို ကြည်သာချိုအေးတဲ့ အသံနဲ့ ဆွဲဆွဲငင်ငင် သီဆိုတတ်တဲ့ Baekhyun ဟာ ဒီသီချင်းမှာလည်း လက်စွမ်းပြထားပါတယ်။

ထို သီချင်းတပိုင်းတစလေးနဲ့တင် Baekhyun နာမည်ကို search ကြတာ South Korea Trending 1 ဖြစ်ခဲ့ပါတယ်။ ခု​တော့ သီချင်းတစ်ပုဒ်လုံး music site မျိုးစုံမှာ ထွက်ရှိနေပါပြီ။ Bug မှာဆို top 1 နဲ့ ထိပ်မှာရောက်နေပြီး melon မှာတော့ top 7 နဲ့ debut ပါတယ်။ ဇာတ်လမ်းဆိုလည်း Ep 1 နဲ့ တင် rating တက်နေပြီး ost ကလည်း တော်တော်များများ ရှာဖွေနားထောင်နေကြပြီမို့ အလားလာကောင်းတဲ့ နန်းတွင်းကားလို့ ဆိုရမှာပါဘဲ။

Source: Twitter
Written: Violet

Tags: K-Pop Update