Jungkook နဲ့ Ship နေတဲ့ ARMY လေးတစ်ယောက်ကို V တစ်ယောက် ဘယ်လိုပြန်ဖြေခဲ့သလဲ

တစ်စုံတစ်ယောက်ကို အားပေးသဘောကျတဲ့ပရိသတ်တွေဆီမှာ ကိုယ်နှစ်သက်တဲ့သူအချင်းချင်းကို Ship တာမျိုးလေးတွေရှိတတ်ကြပါတယ်။ ဒါကလည်း ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့မဟုတ်ဘဲ နှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှုအခိုက်အတန့်လေးတွေကို သဘောကျလွန်းလို့ Ship ကြတဲ့သဘောပါပဲ။

BTS အဖွဲ့ဝင်တွေမှာလည်း ARMY တွေ နှစ်သက်သလို Ship တဲ့အတွဲလေး‌တွေထဲမှာ Jungkook နဲ့ V တို့အတွဲလည်း ပါဝင်ပါတယ်။ တစ်ခါက V ဟာ သူနဲ့ Jungkook ကို Ship နေတဲ့ ARMY လေးတစ်ယောက်အား ပညာသားပါပါနဲ့ ပြောဆိုခဲ့ဖူးပါတယ်။

BTS နဲ့ ARMY တွေဟာ Weverse ကနေတဆင့် အဆက်အသွယ်ပြုလုပ်ကြလေ့ရှိပြီး တစ်နေ့မှာတော့ V ဟာ မြန်မြန်လေးအိပ်ပျော်ချင်တာကြောင့် ဘာတွေလုပ်သင့်သလဲ, ဆိုပြီး ပရိသတ်တွေဆီကနေ အကြံတောင်းခဲ့ပါတယ်။

ဒါလေးကို ARMY တစ်‌ယောက်က “ငါ့မှာ အကြံတစ်ခုရှိတယ်, Oppa .. မင်းချစ်တဲ့ Jungkook ရဲ့ပုံလေးတွေကို ထုတ်ကြည့်လိုက်လေ” ဆိုပြီး Ship သလိုပုံစံလေးနဲ့ မှတ်ချက်ပေးခဲ့ပါတော့တယ်။ ဒါကိုမြင်သွားတဲ့ V က “စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက ထွက်ခဲ့တော့နော်။ အဲ့ထဲမှာ နစ်မြောနေတာ (စိတ်ကူးယဉ်ဇာတ်လမ်းထဲ) မကောင်းဘူး” ဆိုပြီး ပြန်လည် မှတ်ချက်ပေးခဲ့ပါတော့တယ်။

ပရိသတ်အများအပြားကတော့ V ကို ထောက်ခံနေကြပြီး သူ့ရဲ့ပြန်စာကိုလည်း သဘောတွေကျနေခဲ့ကြပါတယ်။ ပရိသတ်တွေကြားမှာတော့ အချင်းချင်းပြောဆိုစနောက်နေတာမျိုးက ပျော်စရာကောင်းပေမဲ့ idol တွေဖက်ကကြည့်ရင်‌တော့ အနေခက်စရာကြီးပါ။ အချင်းချင်းတောင်မှ အကြိုက်မတူတာတွေလည်း ရှိတတ်သေးတာကြောင့် ဒီလို Ship တတ်ရင် သတိလေးထားဖို့တော့ လိုပါလိမ့်မယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Story