၂၀၂၁ ခုနှစ်အတွင်း YouTube က​နေ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ K-Pop Idol ​များ

Forbes Korea က​နေ ၂၀၂၁ ခုနှစ်အတွက် Korea Power YouTuber – Celebrity ranking ကို ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။ ဒီစာရင်းဟာ ယခုနှစ်အတွင်း YouTube ကတစ်ဆင့် ဝင်ငွေအများဆုံးရရှိတဲ့ K-Pop စတား​တွေကို အစဉ်လိုက် အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ ယခုနှစ်အတွက် YouTube က​နေ ဝင်ငွေအများဆုံးရရှိတဲ့ K-Pop Idol ​တွေရဲ့ Channel ၁၅ ခုက​တော့

  1. NCT

NCT အဖွဲ့ရဲ့ YouTube channel (NCT) ဟာ subscriber ၄.၂၂ သန်းရှိပြီး ဗီဒီယို ၂၂၄ ပုဒ်ကို ကြည့်ရှုမှုပေါင်း ၂၈၁.၉ သန်းထိ ရှိပါတယ်။ Forbes Korea ရဲ့ ​ပြောကြားချက်အရ ဒီ channel ဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ခန့်မှန်း​ခြေ ဝမ် ၃၆၄ သန်း (​ဒေါ်လာ ၃၁၃,၀၀၀) ​လောက် ဝင်​ငွေရရှိခဲ့ပါတယ်။

  1. AKMU

AKMU ရဲ့ YouTube channel (AKMU) က​တော့ subscriber စုစု​ပေါင်း ၂.၅၄ သန်းရှိပြီး ဗီဒီယို ၁၄၇ ခုကို ကြည့်ရှုမှု စုစု​ပေါင်း ၆၃၂.၄ သန်း ရှိပါတယ်။ Forbes Korea ရဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့နှစ်အတွင်း ဒီ channel ဟာ ဝင်​ငွေ ဝမ် ၃၇၄ သန်း (​ဒေါ်လာ ၃၂၂,၀၀၀) ကို ရရှိခဲ့ပါတယ်။

  1. Channel NCT DAILY

NCT ရဲ့ ​နောက်ထပ် YouTube channel ဖြစ်တဲ့ Channel NCT DAILY က​တော့ subscriber ၄.၂၁ သန်းရှိပြီး ဗီဒီယို​ပေါင်း ၄၆၇ ခုမှာ ကြည့်ရှုမှုပေါင်း ၇၂၉.၅ သန်းအထိ ရှိခဲ့ပါတယ်။ ဒါ​ကြောင့် ခန့်မှန်း​ခြေ ဝမ် ၅၀၁ သန်း (​ဒေါ်လာ ၄၃၁,၀၀၀) ကို ဝင်​ငွေအ​နေနဲ့ရရှိခဲ့တယ်လို့ Forbes Korea က ဆိုပါတယ်။

  1. loonatheworld

LOONA အဖွွဲ့ရဲ့ YouTube channel (loonatheworld) က​တော့ subscriber ၁.၆၇ သန်းရှိပြီး ဗီဒီယို ၁၀၂၅ ခုကို ကြည့်ရှုမှု စုစုပေါင်း ၅၈၈.၇ သန်းရှိပါတယ်။ Forbes Korea ရဲ့ စစ်တမ်းအရ ဒီ channel က​နေတစ်ဆင့် ခန့်မှန်း​ခြေအ​နေနဲ့ ဝမ် ၇၈၂ သန်း (​ဒေါ်လာ ၆၇၂,၀၀၀) ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

  1. Red Velvet

Red Velvet အဖွဲ့ရဲ့ YouTube channel (Red Velvet) ဟာဆိုရင် subscriber ၄.၄၁ သန်းရှိပြီး ဗီဒီယို ၁၄၃ ခုမှာ ကြည့်ရှုမှု​ပေါင်း ၆၁၆.၉ သန်း ရှိပါတယ်။ Forbes Korea ရဲ့အဆိုအရ ဒီ channel ဟာစုစု​ပေါင်း ဝမ် ၇၈၂ သန်း (​ဒေါ်လာ ၆၇၃,၀၀၀) ကို ပြီးခဲ့တဲ့နှစ်မှာ ဝင်​ငွေအဖြစ်ရှာ​ပေးနိုင်ခဲ့ပါတယ်။

  1. TOMORROW x TOGETHER OFFICIAL

TXT ရဲ့ YouTube channel (TOMORROW x TOGETHER OFFICIAL) က​တော့ subscriber ၇.၅၃ သန်းကို ပိုင်ဆိုင်ထားပြီး ဗီဒီယိုစုစု​ပေါင်း ၇၅၂ ခုမှာ ကြည့်ရှုမှု ၄၆၅.၂ သန်း ရှိခဲ့ပါတယ်။ ဒါ​ကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း ​ခန့်မှန်း​ခြေအ​နေနဲ့ ဝင်​ငွေ ဝမ် ၁.၁၄ ဘီလီယံ (​ဒေါ်လာ ၉၈၁,၀၀၀) ကို ရရှိခဲ့တယ်လို့ Forbes Korea က တင်ပြထားပါတယ်။

  1. aespa

Aespa အဖွဲ့ရဲ့ YouTube channel (aespa) က​တော့ subscriber ၂.၃၄ သန်းရှိပြီး ဗီဒီယို ၆၀ ခုကို ကြည့်ရှုမှု​ပေါင်း ၂၈၁.၁ သန်းထိ ရှိခဲ့ပါတယ်။ Forbes Korea ရဲ့ ​လေ့လာချက်အရ aespa ရဲ့ Youtube Channel က​နေ ဝမ် ၁.၄၄ ဘီလီယံ (​ဒေါ်လာ ၁.၂၄ သန်း)ကို ခန့်မှန်းဝင်​ငွေ အ​နေနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

  1. IU Official

IU ရဲ့ YouTube channel (IU Official) က​တော့ subscriber ​ပေါင်း ၆.၆၉ မီလီယံရှိပြီး ဗီဒီယို ၁၂၅ ခုမှာ ကြည့်ရှုမှု​ စုစုပေါင်း ၉၅၀.၈ သန်းရှိပါတယ်။ Forbes Korea ရဲ့ သုံးသပ်ချက်အရ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဒီ channel က​နေ ဝမ် ၁.၅၆ ဘီလီယံ (​ဒေါ်လာ ၁.၃၄ သန်း)ကို ဝင်​ငွေအ​နေနဲ့ ရရှိခဲ့ပါတယ်။

  1. EXO

EXO ရဲ့ YouTube channel (EXO) က​တော့ subscriber ၈.၃ သန်းရှိပြီး ဗီဒီယို ၁၉၉ ခုကို ကြည့်ရှုမှု​စုစုပေါင်း ၄၇၁.၃ သန်းရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒီ channel က​နေ ဝမ် ၁.၆၉ ဘီလီယံ (​ဒေါ်လာ ၁.၄၅ သန်း) ကို ဝင်​ငွေအ​နေနဲ့ရရှိခဲ့တဲ့လို့ Forbes Korea က ခန့်မှန်းထားပါတယ်။

  1. MAMAMOO

MAMAMOO ရဲ့ YouTube channel (MAMAMOO) ဟာဆိုရင်​တော့ subscriber ၆.၀၇ သန်းရှိပြီး ဗီဒီယို ၆၀၄ ပုဒ်မှာ ကြည့်ရှုမှု​ပေါင်း ၁.၆၃၂ ဘီလီယံထိ ရှိပါတယ်။ Forbes Korea ရဲ့ တင်ပြချက်အရဆိုရင် MAMAMOO နဲ့ သူတို့ရဲ့ ​အေဂျင်စီဟာ ဒီ channel က​နေ ဝမ် ၁.၆၉ ဘီလီယံ (​ဒေါ်လာ ၁.၄၅ သန်း) ကို ဝင်ငွေအဖြစ် ရရှိခဲ့ပါတယ်။

  1. Bambam

GOT7 အဖွဲ့ဝင် Bambam ရဲ့ YouTube channel (Bambam) က​​တော့ subscriber ၁.၀၇ သန်းရှိပြီး ဗီဒီယို ၇၂ ကို တင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း သူ့ရဲ့ channel ကို ကြည့်ရှုမှု​ပေါင်း ၇၅ သန်းထိရှိခဲ့တာ​ကြောင့် ဝင်​ငွေ ဝမ် ၁.၆၉ ဘီလီယံ (​ဒေါ်လာ ၁.၄၅ သန်း)ကို ရရှိခဲ့တယ်လို့ Forbes Korea က ​ဖော်ပြထားပါတယ်။

  1. SEVENTEEN

SEVENTEEN အဖွဲ့ရဲ့ YouTube channel (SEVENTEEN) က​​တော့ subscriber ၆.၈၄ သန်းရှိပြီး ဗီဒီယို ၈၈၀ ခုကို ကြည့်ရှုမှု​ပေါင်း ၂.၁၄၇ ဘီလီယံထိ ရှိခဲ့ပါတယ်။ Forbes Korea ရဲ့​ပြောကြားချက်အရ ဒီ channel က​နေ ဝင်​ငွေစုစု​ပေါင်း ဝမ် ၁.၉၂ ဘီလီယံ (​ဒေါ်လာ ၁.၅၆ သန်း) ​လောက် ရရှိခဲ့တယ်လို့ သိရပါတယ်။

  1. NCT DREAM

NCT DREAM အဖွဲ့ရဲ့ YouTube channel (NCT DREAM) မှာ​တော့ subscriber ၃.၉၄ သန်းရှိပြီး ဗီဒီယို ၂၃၃ ခုကို ကြည့်ရှုမှု​ပေါင်း ၃၉၃.၂ သန်းထိရှိပါတယ်။ Forbes Korea ရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း ဒီ channel က​နေ ဝမ် ၂.၁၀ ဘီလီယံ (​ဒေါ်လာ ၁.၈၁ သန်း) ကို ဝင်​ငွေအ​နေနဲ့ ရရှိခဲ့ပါတယ်။

  1. BLACKPINK

BLACKPINK ရဲ့ YouTube channel (BLACKPINK) က​​​တော့ subscriber ၆၄.၅ သန်းရှိပြီး ဗီဒီယို စုစု​ပေါင်း ၃၇၂ ခုမှာ ကြည့်ရှုမှု​ပေါင်း ၁၉ ဘီလီယံ​တောင်ရှိပါတယ်။ Forbes Korea ရဲ့ ​လေ့လာဆန်းစစ်ချက်အရ ဒီ channel က​နေ ဝင်​ငွေအ​နေနဲ့ ခန့်မှန်း​ခြေ ဝမ် ၁၃.၅ ဘီလီယံ (​ဒေါ်လာ ၁၁.၆ ​သန်း) ထိ ရရှိခဲ့ပါတယ်။

  1. BANGTANTV

​နောက်ဆုံးအ​နေနဲ့ BTS အဖွဲ့ရဲ့ YouTube channel ဖြစ်တဲ့ BANGTANTV ဟာ subscriber ၅၇ သန်းရှိပြီး ဗီဒီယို ၁၅၈၆ ခုမှာ ကြည့်ရှုမှုစုစု​ပေါင်း ၁၂ ဘီလီယံ​ကျော်ရှိခဲ့ပါတယ်။ ဒါ​ကြောင့် ဒီ channel ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ခန့်မှန်း​ခြေ ဝမ် ၁၉.၁ ဘီလီယံ (​ဒေါ်လာ ၁၆.၄ သန်း) ကို ဝင်​ငွေအ​ဖြစ် ယူ​ဆောင်​ပေးနိုင်ခဲ့တယ်လို့ Forbes Korea က ​ဖော်ပြထားပါတယ်။

Sources and Photo: Soompi

Writting: ZL (ACB)

Tags: K-Pop Update