5252 BY O!Oi brand ဝတ်ပြီး Cute type ရော Girl Crush type နဲ့ရော ဆွဲဆောင်မှုရှိနေတဲ့ Rosé

5252 BY O!Oi ဆိုတဲ့ Korean clothing brand ဟာ Augest 14 မှာ “R” ဆိုတဲ့ letter နဲ့ သူတို့ brand ambassador လုပ်မဲ့သူကို hint ပေးခဲ့ပါတယ်။ Augest 16 မှာသူတို့ရဲ့ Brand Ambassador အသစ်ဟာ Rosé ဖြစ်ကြောင်း ခုလို အသိပေးခဲ့ပါတယ်။

“ဩဇာတိကမ္မနဲ့ပြည့်စုံပြီး ဆွဲဆောင်မှုရှိတဲ့ Global Artist “Rosé”ကို ကျွန်ုပ်တို့ရဲ့ brand ambassador အသစ် အဖြစ် မိတ်ဆက်ပေးရမှာ စိတ်လှုပ်ရှားလိုက်တာ.. 2021ရဲ့ ဆောင်းအကြို အတွက် campaign ပြင်ဆင်နေပါပြီ.. နောက်ထပ်လာမဲ့ design တွေကိုလည်း စောင့်စားအားပေးကြပါအုံး”

မနေ့က Augest 30 ရက်နေ့မှာတော့ Rosé က နှုတ်ခွန်းဆက်တဲ့ video ကို တင်ပေးခဲ့ပါတယ်။ “မင်္ဂလာပါ Rosé ပါ။ 5252 BY O!Oi အတွက် ကျွန်မ model ဖြစ်လာပါတယ်။ FW season နဲ့ပက်သက်တဲ့ ထုတ်ကုန်တွေအတွက်လည်း ကျွန်မတို့ ရိုက်ကူးပြီးသွားပါပြီ။ အမျိုးမျိုးသော logo တွေ ထွက်လာမှာပါ။ လှပတဲ့ item တွေအများကြီးရှိတာမို့ စိတ်ကြိုက် တွဲစပ်ဝတ်ကြည့်ကြပါအုံး။ ကျေးဇူးပြု၍ အများကြီးအားပေးကြပါအုံးနော်။ကျေးဇူးတင်ပါတယ်”

ဒီ brand အတွက် Rosé ရိုက်ကူးပေးခဲ့တဲ့ အဝတ်အစား ဒီဇိုင်းတွေဟာ စုံလင်လှပါတယ်။ ပန်းရောင် shirt လေးနဲ့ tennis စကဒ်လေး တွဲဝတ်ထားတဲ့ outfit ဆိုလည်း Rosé ဟာ cute ချက်ပါဘဲ။ ထို outfit က ပန်းရောင် shirt ဟာ ခုဆို out of stock ဖြစ်သွားပါပြီတဲ့။

နောက်ထပ် outfit လေးကတော့ ခဲရောင် crop top လေးကို အမွေးပွ oversized ဂျာကင်ကြီး ထပ်ဝတ်ထားတာပါ။ ဂျင်းဘောင်းဘီအပွ ခါးရှည်နဲ့လည်း တွဲဝတ်ထားတာဟာ သူ့ရဲ့ ရှည်လျားလှတဲ့ အရပ်နဲ့ ကွက်တိဖြစ်ပြီး ကြည့်ကောင်းနေပြန်ပါတယ်။ Girl Crush type နဲ့ fan Girl တွေကို ပြုစားမဲ့ Rosé လေးပါဘဲ။

နောက်ထပ် outfit ကတော့ street- style ဝတ်ထားတာပါ။ Hoodie ခပ်ပွပွလေးကို biker ဘောင်းဘီအတို အနက်လေးနဲ့တွဲဝတ်ပြီး sneaker အဖြူလေးစီးထားတာဟာ ဆယ်ကျော်သက်ကောင်မလေးလိုပါဘဲ။ Fashion style တွေက ပေါ့ပေါ့ပါးပါး ပုံစံဆိုပေမဲ့ Rosé ရဲ့ visual ကြောင့် ထင်းနေတာပါဘဲနော်။ 5252 BY O!Oi နဲ့ Rosé လက်တွဲတာ ကောင်းတယ်ဆိုရမှာပါ။ Rosé ရဲ့ modeling skill တွေကို တွေ့နိုင်ဖို့ အခွင့်အရေးလို့ ထင်ပါတယ်။

Source: Koreaboo
Written: Violet

Tags: K-Pop Story