အလုပ်တွေမအားတဲ့ကြားက အချိန်ပေးပြီး သားလေးနဲ့ လျှောက်လည်ခဲ့တဲ့ Zhao Liying

Zhao Liying နဲ့ Feng Shaofeng တို့ဟာ (၂၀၁၈) အောက်တိုဘာလမှာ သူတို့ရဲ့ အချစ်ရေးကို ကြေညာခဲ့ပြီး လက်တွဲခဲ့ကြပါတယ်။ (၂၀၁၉) ခုနှစ်၊ မတ်လမှာ သူတို့ရဲ့ သားဦးလေးကို ကြိုဆိုခဲ့ကြပါတယ်။ သားလေးမွေးဖွားပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ဦးဟာ ကလေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်မပြောဖို့ သဘောတူညီခဲ့ကြပြီး ကလေးရဲ့ အရာအားလုံးကို ကာကွယ်ပေးထားခဲ့ကြပါတယ်။

အဲ့ဒီနောက် (၂၀၂၁) ခုနှစ်၊ ဧပြီလမှာ ကွာရှင်းပြတ်ဆဲခြင်းကို တရားဝင် ကြေငြာပြီးနောက် Zhao Liying နဲ့ Feng Shaofeng တို့ဟာ ကလေးကို အတူတကွ ပြုစုပျိုးထောင်ဖို့ ကတိပြုခဲ့ကြပါတယ်။ ကလေးက Shanghai မှာ နေတာကြောင့် Zhao Liying ဟာ ကွာရှင်းပြီး လအနည်းငယ်ကြာထိ Shanghai မှာ နေခဲ့ပါတယ်။

Photo: Sohu

ယခုအချိန်မှာတော့ သားကိုတွေ့ရဖို့ Shanghai နဲ့ အလုပ်ရှိရာ Beijing ကြား မကြာခဏ အသွားအပြန်လုပ်နေတယ်လို့ သိရပါတယ်။ သြဂုတ်လ (၃၀) ရက်နေ့မှာ မီဒီယာတစ်ခုကနေ Zhao Liying နဲ့ သားဖြစ်သူတို့ ဈေးဝယ်ထွက်နေတဲ့ ဓာတ်ပုံများကို တင်ခဲ့ပါတယ်။ ဒါဟာ Zhao Liying အနေနဲ့ ကလေးမွေးပြီးကတည်းက ကုန်တိုက်ကိုခေါ်သွားပြီး ဓာတ်ပုံရိုက်ခံခဲ့ရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Photo: Sohu

ကလေးလေးဟာ (၂) နှစ်ဆိုတဲ့ အသက်အရွယ်ထက်ကို အရပ်ပိုရှည်နေပြီး ပိန်ပိန်ပါးပါးပုံစံလေးကြောင့် သူ့အဖေနဲ့တူတယ်လို့ ပြောဆိုနေကြပါတယ်။ အဲ့ဒီနေ့မှာပဲ Feng Shaofeng ရဲ့ အဖေနဲ့ ကလေးထိန်းသူကလည်း ပန်းခြံတစ်ခုကို ရောက်နေတယ်လို့ ဆိုပါတယ်။

အဘိုးနဲ့အတူ ပန်းခြံကိုလာတဲ့ ကလေးလေးကို သူ့အမေရဲ့ ဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုနေကြတာကြောင့် ကလေးလေးက အရမ်းကို ရွှင်လန်းတက်ကြွနေခဲ့ပါတယ်။ ​ဦးထုပ်အဖြူရောင်၊ အင်္ကျီအဖြူရောင်နဲ့ ဘောင်းဘီတို့ကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားတဲ့ Zhao Liying က သားဖြစ်သူကို ကုန်တိုက်မှာ စောင့်နေပြီး ကလေးထိန်းသူက ကလေးကို ကုန်တိုက်ဆီ ခေါ်လာခဲ့ပါတယ်။

Photo: Sohu

Feng Shaofeng ရဲ့အဖေက အမေနဲ့ကလေးကို ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံစေဖို့ ကလေးကို စေလွှတ်ခဲ့ပုံပေါ်ပါတယ်။ Zhao Liying ဟာ သူမရဲ့ သားကို မြင်တဲ့အခါ ပွေ့ဖက်ကြိုဆိုခဲ့ပြီး သူမလည်ပင်းကို ပြန်ဖက်ထားတဲ့ လက်သေးသေးလေးတွေကြားမှာ ကြည်နူးနေလိမ့်မယ်ဆိုတာကိုလည်း ခန့်မှန်းလို့ ရနိုင်ပါတယ်။

Photo: Sohu

ဓာတ်လှေကားပေါ်တက်တဲ့အခါမှာလည်း ကလေးကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေဖို့ ငုံ့ကြည့်နေတာဟာ ကလေးပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေပါတယ်။ ကုန်တိုက်ရဲ့ အပေါ်ထပ်ကို ရောက်တဲ့အခါမှာ လူအနည်းငယ်သာရှိတာကြောင့် Zhao Liying ဟာ Mask ကိုချွတ်လိုက်ပြီး ကလေးနဲ့ပျော်ရွှင်စွာ ကစားနေရင်း နူးညံ့စွာ ပြုံးရယ်နေပါသေးတယ်။

သားအမိနှစ်ယောက် တစ်နေကုန်အတူရှိနေပြီးတဲ့နောက်မှာ Zhao Liying က ကလေးကို ကလေးထိန်းနဲ့အတူ Feng Shaofeng ရဲ့အိမ်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ အတင်းအဖျင်းတွေကို ပြောခဲ့ကြပါတယ်။ သို့ပေမယ့် Zhao Liying က ကလေးကို ကလေးထိန်းနဲ့ပဲ အိမ်ပြန်စေခဲ့ဖို့ မပြောခဲ့ဘူးလို့ သိရပါတယ်။

Photo: Sohu

ကွာရှင်းပြီးချိန်တည်းက Zhao Liying နဲ့ Feng Shaofeng တို့ဟာ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ဘဲ တည်ငြိမ်တဲ့ဆက်ဆံရေးနဲ့ ညှိနှိုင်းရှေ့ဆက်နေကြတာ ဖြစ်ပါတယ်။ လူအများစုကတော့ သူတို့ရဲ့ သားအတွက် ပြန်လည်ညှိနှိုင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တွန်းအား မပေးလိုတာကြောင့် ပျော်ရွှင်စေဖို့ ဆန္ဒပြုရင်း ကျန်းမာတိုးတက်ကြီးပွားပါစေလို့ ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။

Photo: Sohu

Written : Nair Nair
Source : Sohu
Photos : Sohu