ထင်မထားတဲ့ဇာတ်လမ်းပုံစံကြောင့် ပရိသတ်တွေကို အံ့ဩစေခဲ့တဲ့ James နဲ့ Anne တို့ရဲ့ ဇာတ်လမ်းသစ်

ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသားချော James Jirayu ဟာ ဝါရင့်စီနီယာမင်းသမီးကြီး Anne Thongprasom နဲ့ ဇာတ်လမ်းသစ်တစ်ခုကို တွဲဖက်ရိုက်ကူးထားတာကို အားလုံးလည်း သိကြမှာပါနော်။ အသက်တော်တော်လေးကွာခြားတဲ့ဇာတ်လမ်းစုံတွဲဖြစ်လို့ ပရိသတ်တွေ တော်တော်လေးကို စိတ်ဝင်စားနေပေမဲ့ ဇာတ်ညွှန်းအကြောင်းက ယခုအချိန်အထိ တိတိကျကျမသိရသေးတာကြောင့် ဘယ်လိုဇာတ်လမ်းဇာတ်သွားမျိုးဖြစ်မလဲဆိုတာကို မှန်းဆနေကြပါတယ်။

ဒီအတွက် မင်းသား James Jirayu က ဇာတ်လမ်းသစ်အကြောင်းကို ပြောပြလာခဲ့ပါတော့တယ်။ ဩဂုတ်လ ၃၀ ရက်နေ့တုန်းက Thairath နဲ့လုပ်ခဲ့တဲ့ အင်တာဗျူးမှာ James Jirayu က ဇာတ်လမ်းသစ်အကြောင်းကို နည်းနည်းလေးပြောပြလာခဲ့ပါတယ်။ နည်းနည်းလေးဆိုပေမဲ့ ဇာတ်ညွှန်းက မထင်ထားတဲ့ပုံစံမျိုးဖြစ်တာကြောင့် အံ့ဩကုန်ပါတော့တယ်။

James Jirayu ရဲ့ပြောပုံအရ ဇာတ်လမ်းသစ် “Karat Ruk” က ရိုက်ကူးရေးအကုန်ပြီးစီးသွားပြီဖြစ်ပါတယ်။ ထုတ်လုပ်ရေးဖက်ကနေပြီး ဇာတ်လမ်းပိုင်းကို တည်းဖြတ်နေပြီလည်းဖြစ်လို့ မကြာခင်မှာပဲကြည့်ရတော့မှာပါ။ James Jirayu က “ဇာတ်လမ်းထဲမှာ ကျွန်တော်နဲ့ Anne Thongprasom ရဲ့ ဇာတ်ကောင်တွေက တော်တော်‌လေး အသက်ကွာခြားတယ်။

ကျွန်တော်က အလုပ်သင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး Anne Thongprasom ကတော့ လက်ထပ်ပြီးသား ကလေးတစ်‌ယောက်ရဲ့မိခင်အဖြစ် သရုပ်ဆောင်ထားပါတယ်” လို့ နည်းနည်းလေးပြောပြခဲ့ပါတယ်။

ထင်မထားတာက Anne နဲ့ James တို့ရဲ့ “Karat Ruk” ဇာတ်လမ်းဟာ အချစ်ဇာတ်လမ်းဖြစ်တာကြောင့် အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်နဲ့ လူငယ်အလုပ်သင်ကြားက အချစ်မျိုးကို ဘယ်သူကမှ တွေးမထားမိကြပါဘူး။ ဇာတ်လမ်းအကြောင်း တိတိကျကျမပြောသေးတာမို့လို့ ထွက်လာရင် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ကြည့်ရတော့မှာပါပဲ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update