Sunmi, BamBam တို့ရှိတဲ့ ABYSS Company နဲ့ လက်တွဲပြီး ​ခြေလှမ်းသစ်စတင်​တော့မယ့် Sandara Park

တောင်ကိုရီးယားက နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ Osen က 2NE1 အဖွဲ့ဝင်​​ဟောင်း Sandara Park ဟာ ABYSS Company နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူမအ​နေနဲ့ ABYSS Company နဲ့ လက်တွဲရတဲ့အ​ကြောင်းက​တော့ သူမ 2NE1 အဖွဲ့နဲ့ ပွဲဦးမထွက်ခင် ဖိလစ်ပိုင်မှာ အလုပ်အတူလုပ်ခဲ့တဲ့ မန်​​နေဂျာနဲ့ ပြန်လည်​ပေါင်းစည်းပြီး အနုပညာအလုပ်​တွေ ဆက်လုပ်​တော့မှာမို့ပဲဖြစ်ပါတယ်။

Sandara Park ဟာ YG Entertainment နဲ့ ၂၀၀၄ ခုနှစ်မှာ စတင်လက်တွဲခဲ့ပြီး 2NE1 အဖွဲ့ဝင်အဖြစ် ၂၀၀၉ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ​နောက် ၁၇ နှစ်အကြာ ၂၀၂၁ ခုနှစ် ​မေလထဲမှာ YG Entertainment နဲ့ လမ်းခွဲခဲ့ပါတယ်။

ABYSS Company ကလည်း သြဂုတ်လ ၃၁ ရက်​နေ့ ညက အနုပညာရှင်အသစ်တစ်ဦး သူတို့​အေဂျင်စီနဲ့ လက်တွဲ​တော့မှာဖြစ်​ကြောင်း အရိပ်အမြွက်​​ပေးခဲ့ပါတယ်။ အဲ့ဒီအနုပညာရှင်အသစ်နဲ့ ပတ်သက်ပြီး ဘာမှ​ပြောကြားထားခြင်းမရှိခဲ့တာ​ကြောင့် ပရိသတ်​တွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်ခဲ့ပါတယ်။

ဒါ​ပေမဲ့ ဖြစ်နိုင်​ခြေအများဆုံးက​တော့ Sandara Park ဖြစ်တယ်လို့ ထင်​ကြေး​ပေးခဲ့ကြပါတယ်။ ABYSS Company ဟာ လက်ရှိမှာ Sunmi, GOT7 အဖွဲ့ဝင် BamBam နဲ့ Urban Zakapa တို့လို နာမည်ကြီးအနုပညာရှင်​တွေရှိတဲ့ ​အေဂျင်စီလည်းဖြစ်ပါတယ်။

ယ​နေ့ စက်တင်ဘာလ ၁ ရက်​နေ့မှာ​တော့ ABYSS က ဗီဒီယိုတစ်ခုနဲ့ Dara ရဲ့ profile ပုံ​တွေကို မျှ​ဝေလိုက်ပြီး Sandara ဟာ သူတို့ ကုမ္ပဏီနဲ့ လက်တွဲလိုက်ပြီဖြစ်​ကြောင်း ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။ ABYSS က “ကိုရီးယားပြည်တွင်းမှာ​ရော နိုင်ငံရပ်ခြားမှာပါ အချိန်အကြာကြီး အချစ်ခံခဲ့ရတဲ့ Sandara Park ဟာ သူမရဲ့ ခရီးသစ်ကို ကျွန်​တော်တို့နဲ့အတူ စတင်​တော့မှာဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။

ပရိသတ်​တွေကို မပြသဖူး​သေးတဲ့ သူမရဲ့ ပုံစံအသစ်နဲ့ ဆွဲ​​ဆောင်မှု​တွေကို ပြသနိုင်​အောင်လို့ ကျွန်​တော်တို့ဘက်က အ​ကောင်းဆုံး အား​ပေးကူညီသွားမှာဖြစ်ပါတယ်” လို့ ​ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ အခြား 2NE1 အဖွဲ့ဝင်​တွေဖြစ်တဲ့ CL, Bom နဲ့ Minzy တို့ဟာ တစ်ကိုယ်​တော် album အသစ်​တွေထုတ်ပြီး ဂီတနယ်ပယ်မှာ လှုပ်ရှားမှု​တွေကို တက်ကြွစွာလုပ်​ဆောင်လျက်ရှိပါတယ်။

Dara က​တော့ ဂီတနယ်ပယ် တစ်ကိုယ်​​​​​တော်လှုပ်ရှားမှု​တွေကို ရပ်နားထားတာကြာပြီဖြစ်ပြီး variety show ​တွေ၊ tv show ​တွေကိုသာ ရိုက်ကူး​နေတာဖြစ်ပါတယ်။ အခု ABYSS Company နဲ့ လက်တွဲပြီး​နောက် မကြာမီမှာ တစ်ကိုယ်​တော် album အသစ်​တွေထွက်ရှိလာပြီး စင်မြင့်​ပေါ်မှာ ​ဖျော်​ဖြေတာကို ပြန်လည်မြင်​တွေ့ရ​တော့မယ်လို့ ယူဆရပါတယ်။ ​

Source : Koreaboo
Photo : Twitter, Pinterest
Written : ZL

Tags: K-Pop Update