Ji Chang Wook ပါတဲ့ Drama အသစ်မှာ Nurse မလေး အဖြစ် သရုပ်ဆောင်မဲ့ Girls Generation အဖွဲ့ဝင် Sooyoung

ဒီနေ့ September 1 ရက်နေ့မှာ Girls Generation အဖွဲ့ဝင် Sooyoung ဟာ “Tell Me Your wish” ဆိုတဲ့ drama မှာ ခေါင်းဆောင် မင်းသမီးအနေနဲ့ ပါဝင်သွားနိုင်ဖွယ်ရှိတယ်လို့ သတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပက်သကိပြီး Sooyoung ရဲ့ အေဂျင်စီ Saram Entertainment ဘက်က…

“Sooyoung ဟာ Tell Me Your Wish’ drama မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းခံရပါတယ်။ ခုလောလောဆယ်တော့ Sooyoung က ဇာတ်ညွှန်းတွေ ဖတ်ကြည့်နေပါတယ်” ဆိုပြီး ရှင်းပြခဲ့ပါတယ်။ Tell me your wish ဟာ နောင်ဘဝကောင်းကောင်းကူးဖို့ စိတ်ကူးယဉ်နေတဲ့ လူအကြောင်းရိုက်ထားတာပါ။ အခြေအနေအမျိုးမျိုးကြောင့် နာတာရှည်ဆေးရုံကို ရောက်ခဲ့ရတဲ့ အရွယ်ရောက်ပြီးသား လူငယ်တွေကို ကယ်တင်မဲ့ အကြောင်းတွေလည်း ပါ ပါတယ်။

တက်ကြွပြီး ကျန်းမာရေးလိုက်စားတဲ့ nurse မလေး Seo Yeon Joo အဖြစ် Sooyoung ကို ကမ်းလှမ်းထားတာပါ။ မရဏလမ်းကနေ လွတ်အောင် ပြေးပြီး အသက်ရှင်သန်ဖို့ကြိုးစားနေတဲ့ “Yoon Gye Re” အဖြစ် သရုပ်ဆောင်ဖို့ မင်းသား “Ji Chang Wook” ကို July လထဲ က ကမ်းလှမ်းထားကြောင့် သိရပါတယ်။

ဒီ ဇာတ်လမ်းကို “The Cursed” drama ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ “Kim Yong Wan” က ရိုက်ကူးသွားမှာပါ။ ဇာတ်ကားဖြစ်မြောက်ရေးကိုတော့ ဆွေးနွေးနေဆဲဖြစ်ပြီး drama ကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်လောက်မှာ စတင်ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။

Source: Soompi
Written: Violet