Golden Maknae ​လေး Jungkook ရဲ့ ၂၅ နှစ်ပြည့် ​မွေး​နေ့ကို နည်းမျိုးစုံနဲ့ ဂုဏ်ပြု​ပေးခဲ့ကြတဲ့ BTS အဖွဲ့ဝင်များ

စက်တင်ဘာလ ၁ ရက်​နေ့ဟာ လသစ်တစ်ခုကို စတင်တဲ့​နေ့ဖြစ်သလို BTS အဖွဲ့ဝင်​​တွေနဲ့ ARMY ​တွေအတွက်​​တော့ အလွန်အ​ရေးပါတဲ့​နေ့ဖြစ်ပါတယ်။ ဘာလို့လဲဆို​တော့ BTS အဖွဲ့ရဲ့ Golden Maknae ​လေး Jungkook ရဲ့ မွေး​နေ့ဖြစ်​နေလို့ပါပဲ။ ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်​​နေ့မှာဆိုရင် Jungkook ဟာ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒီလို Jungkook ရဲ့ ​မွေး​နေ့အတွက် ပရိသတ်​တွေက အံ့မခန်း ပ​ရောဂျက်​တွေ အလှူအတန်း​တွေကို ပြုလုပ်​ပေး​လေ့ရှိသလို BTS အဖွဲ့ဝင်​တွေကလည်း နည်းလမ်းမျိုးစုံနဲ့ သူတို့ရဲ့ အငယ်ဆုံး​လေး​မွေး​နေ့ကို ဂုဏ်ပြု​ပေးကြပါတယ်။ အဲ့ဒီထဲမှာမှ Jin က​တော့ အဖွဲ့ဝင်​တွေရဲ့ ​မွေး​နေ့ဆိုရင် တခြားသူ​တွေထက် ဦး​အောင် birthday wish လုပ်​ပေး​လေ့ရှိပါတယ်။

ဘာ​ကြောင့်လဲဆို​တော့ သူက ယှဉ်ပြိုင်လိုစိတ်ပြင်းပြသလို အဖွဲ့ဝင်​တွေကို ဘယ်​လောက်ထိ ဂရုစိုက်ပြီး ချစ်တယ်ဆိုတာကို ပြသချင်လို့လည်း ဖြစ်နိုင်ပါတယ်။သြဂုတ်လ ၃၁ ရက်​နေ့ညက Jungkook ဟာ Weverse မှာ ARMY ​တွေ သူ့ကို ​ပြောချင်တဲ့စကားရှိရင် သီချင်းစာသားပုံစံနဲ့ comment ​ရေးခဲ့ဖို့ ​ပြောခဲ့ပါတယ်။

အဲ့လို Jungkook တစ်​ယောက် Weverse မှာ ရှိ​နေတုန်းမှာပဲ Jin က “Run BTS!” ​ကြော်ငြာ​မှာ “​မွေး​နေ့ကို ဂုဏ်ပြုပါတယ် Jungkook” ဆိုပြီး comment ​ရေးကာ ​မွေး​နေ့​ရောက်ဖို့ နာရီအနည်းငယ်အလိုမှာ ကြိုပြီး ဂုဏ်ပြု​ပေးခဲ့ပါတယ်။ Suga က​တော့ Jungkook ရဲ့ ​ယခုနှစ်မွေး​နေ့ကို ဂုဏ်ပြု​ပေးတဲ့ ဒုတိယ​​မြောက်အဖွဲ့ဝင်ပါ။

ညသန်း​ခေါင်မ​ရောက်မီ ၅ မိနစ်​​လောက်အလိုမှာပဲ Suga က သူတို့ရဲ့ Twitter account က​နေတစ်ဆင့် ​မွေး​နေ့ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ သူက “၁၅ နှစ်သား​လေး Jungkook က အခု ၂၅ နှစ်အရွယ် Jungkook ဖြစ်လာခဲ့ပြီ။ Happy Birthday JK~ #happybirthdayjungkook #itssugahyung #youreanadultnow #whatistime” စသဖြင့် ​ရေးသားထားပါတယ်။ Suga ရဲ့ မျက်လုံးထဲမှာ​တော့ Jungkook ကို အခုထိ က​လေး​လေးလို့ မြင်​နေပြီး ၂၅ နှစ်ရှိပြီဆိုတာကို မယုံကြည်နိုင်​သေးဘူး ထင်ပါတယ်။

Jungkook ရဲ့ ၂၅ နှစ်ပြည့်​မွေး​နေ့ကို ဂုဏ်ပြု​ပေးခဲ့တဲ့ တတိယ​မြောက်အဖွဲ့ဝင်က​တော့ J-Hope ပါ။Weverse မှာ စာတင်ပြီး​နောက် Jungkook က သူ့ရဲ့ ​မွေး​နေ့အစကို ပရိသတ်​တွေိနဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ပြီး Vlive လွှင့်ခဲ့ပါတယ်။ ပရိသတ်​တွေရဲ့ comment နဲ့ လက်တန်းသီချင်းစပ်ပြီး ဆိုပြခဲ့သလို တိုက်ရိုက်ထုတ်လွှင့်မှုကို mini concert အဖြစ်​ပြောင်းလဲခဲ့ပါတယ်။

ထိုသို့ Jungkook Vlive လွှင့်​နေစဉ်မှာပဲ J-Hope က Birthday Cake ကို ယူ​ဆောင်လာပြီး ​မွေး​နေ့ဂုဏ်ပြုသီချင်းကိုလည်း သီဆို​ပေးခဲ့ပါတယ်။ RM ကလည်း Jungkook အတွက် ​မွေး​နေ့ဂုဏ်ပြုစကားကို Twitter မှာ မျှ​ဝေခဲ့ပါတယ်။ သူနဲ့ Jungkook တို့ရဲ့ selfie ပုံကိုတင်ပြီး caption မှာ​တော့ “#KookieHBD” လို့ အဓိပ္ပါယ်ရတဲ့ hashtag နဲ့ “မှ – ​ကျောင်းအုပ်ဆရာကြီး” လို့ ​ရေးသားထားပါတယ်။

Jungkook ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာ RM ဟာ BTS concert ​တွေရဲ့ အပိတ်စကားကို ​ပြောတဲ့အခါ ​ကျောင်းအုပ်ဆရာကြီးနဲ့တူတယ်ဆိုပြီး Jungkook က ​ပြောခဲ့လို့ RM က ပြန်ပြီး​နောက်​ပြောင်ခဲ့တာဖြစ်ပါတယ်။

Jimin နဲ့ V ရဲ့ Birthday Wish ကို​တော့ မ​တွေ့ရ​သေး​ပေမဲ့ ပရိသတ်​တွေမသိလိုက်တဲ့အချိန်မှာ လူကိုယ်တိုင် ​ပြောပြီး​လောက်ပြီ ထင်ပါတယ်။ ​Jungkook တစ်ယ​ောက် ​မွေး​နေ့မှာ ​ပျော်ရွှင်ပါ​စေ၊ လိုအင်ဆန္ဒ​တွေပြည့်ဝပြီး ဒီထက်မက​အောင်မြင်ပါ​စေလို့ ACB အဖွဲ့သား​တွေကလည်း ဆု​တောင်း​ပေးလိုက်ပါတယ်​နော်။

Source : Koreaboo
Photo : Twitter
Written : ZL

Tags: K-Pop Update