HYBE နဲ့ပဲ ရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းအရင်း (၂) ခုအား ပြောပြခဲ့တဲ့ Jin

‘Billboard Magazine’ ထဲမှာ BTS အဖွဲ့ရဲ့ အမေးအဖြေကဏ္ဍတစ်ခုပါဝင်ပါတယ်။ ကမ္ဘာ့နာမည်အကြီးဆုံး Kpop အဖွဲ့ဖြစ်တဲ့ BTS က HYBE Entertainment ရဲ့ အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၀ တုန်းကပဲ ပြည့်သွားခဲ့ပေမဲ့ BTS တစ်ဖွဲ့လုံးဟာ HYBE နဲ့ပဲ ရှေ့ဆက်လက်တွဲပြီး စာချုပ်အသစ်ချုပ်ဆိုလိုက်ကြပါတယ်။

စာချုပ်ထပ်မံချုပ်ဆိုဖြစ်တာရဲ့ နောက်ကွယ်မှာလည်း လေးနက်တဲ့အကြောင်းအရင်းနဲ့ သစ္စာရှိမှုတွေပါဝင်နေတာကို အကြီးဆုံးအဖွဲ့ဝင် Jin က ဖြေပေးသွားခဲ့ပါတယ်။ Jin က အဖွဲ့ဝင်တစ်‌ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီကပေးခဲ့တဲ့ ကတိတွေကို ပြောပြလာခဲ့ပါတယ်။ “စာချုပ်သစ်အတွက်ဆွေးနွေးတော့ အေဂျင်စီက ပေးခဲ့တဲ့ကတိတစ်ခုရှိတယ်။

BTS တစ်ဖွဲ့လုံး ဂီတလမ်းခရီးကို လျှောက်လှမ်းနေစဉ်မှာ ဖြစ်ပေါ်လာတဲ့အတားအဆီးတွေကို ဖယ်ရှားပေးပြီး စင်မြင့်ထက်မှာ အကောင်းဆုံးဖြစ်စေဖို့ အထောက်အပံ့ပေးမယ်, ဆိုပြီး ကတိပေးခဲ့တာပါ။ တကယ်လည်း ပေးထားတဲ့ကတိကို တည်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက အဖွဲ့ဝင်တွေအကုန်လုံး ဆွေးနွေးဖြစ်ခဲ့ကြတယ်… “ဒီအခြေအနေထိရောက်အောင် အကုန်လုံး အသေအကြေကြိုးစားခဲ့ကြရတာလေ။

ဒီတော့ ငါတို့ ၇ ယောက်စလုံး ဘယ်အထိ သွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့” လို့ပြောရင်း အဖွဲ့ဝင်အချင်းချင်း ယုံကြည်ချက်တွေထားခဲ့ကြတယ်။ ကျွန်တော်တို့တတွေ ဘယ်လိုတွေတောင် ယုံကြည်ခဲ့ကြသလဲဆိုရင် ‘အေဂျင်စီလည်း လစ်လိုက်.. အကုန်လုံးလစ်လိုက်.. ငါတို့ ၇ ယောက်စလုံး အချင်းချင်းသစ္စာရှိကြမယ်။

ပရိသတ်တွေကို ယုံကြည်ရမယ်။ ထပ်ပြီး ခြေလှမ်းသစ်တွေ စတင်ကြတာပေါ့’ အဲ့လိုတွေတောင် ပြောခဲ့ကြသေးတယ်။ တကယ်ကတော့ HYBE ENTERTAINMENT နဲ့ ဆက်လက်,လက်တွဲဖြစ်ရတဲ့အကြောင်းအရင်း (၂) ချက်က အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ယုံကြည်ပြီး ပရိသတ်တွေကိုလည်း သစ္စာစောင့်သိချင်လို့ပါပဲ” ဆိုပြီး လေးနက်စွာ ဖြေပေးထားခဲ့ပါတယ်။

ဒီအကြောင်းအရင်းတွေကြောင့်ပဲ BTS တစ်ဖွဲ့လုံးက ၂၀၂၀ မှာ စာချုပ်အသစ် ထပ်မံချုပ်ဆိုခဲ့ကြပြီး ၇ ယောက်စလုံး မခွဲဘဲ နှစ်တွေအကြာကြီး ရှေ့ဆက်နေကြဦးမှာပါ။ ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်မယ့်ဘဝကြီးကို အားပေးတဲ့ Fan တွေအပေါ်မှာ အပြည့်အဝပုံအပ်ထားတဲ့ BTS ကို အကောင်းဆုံး အ‌ားပေးထောက်ပံ့ကြရပါမယ်နော်။။

Source: Kstarlive
Photos: Billboard Magazine
Translated by Julix

Tags: K-Pop Story