ထိုင်းသူဌေးနဲ့လမ်းခွဲလိုက်ကြောင်းသတင်းတွေထွက်ရှိနေတဲ့ Min Pechaya ရဲ့ အချစ်ရေး (နောက်ဆုံးရ အကြောင်းအရာများ)

ထိုင်းနိုင်ငံ ငွေကြေးချမ်းသာသူ လူကုံထံ‌သူဌေးသားနဲ့ တွဲနေတဲ့ ထိုင်းမင်းသမီးတွေထဲမှာ Min Pechaya လည်းပါ,ပါတယ်။ ဒါပေမဲ့လည်း ၅ နှစ်ကျော်ကြာတွဲလာခဲ့ပြီးတဲ့နောက် Min ဟာ ချစ်ရသူ Hi-So နဲ့ပြတ်သွားတာဖြစ်နိုင်ကြောင်း ပရိသတ်တွေက သံသယတွေကြီးထွားလာနေပါတယ်။

Min Pechaya ကိုတော့ ထိုင်းဇာတ်လမ်းချစ်ပရိသတ်ကြီးတိုင်း မသိတဲ့သူမရှိလောက်ပါဘူး။ လှပတင့်တယ်တဲ့အပြင် သရုပ်ဆောင်အရည်အချင်းလည်း ပြည့်ဝတာကြောင့် ပရိသတ်တွေအများအပြားက Min ကို ချစ်ကြပါတယ်။ ဒါတင်မကသေးဘဲ မိဘတွေရဲ့စီးပွားရေးကို လက်လွဲရယူထားကာ စီးပွားရေးလောကထဲမှာလည်း အောင်မြင်ထူးချွန်သူလေးဖြစ်နေပြန်ပါတယ်။

ဒီလိုမျိုးအဖက်ဖက်က ပြီးပြည့်စုံနေတဲ့ Min Pechaya ဟာ အချစ်ရေးမှာလည်း ကံကောင်းခဲ့ပြန်ပါသေးတယ်။ ချစ်ရသူက ထိုင်းနိုင်ငံရဲ့သူဌေးငယ်တစ်ဦးဖြစ်သူ Oat Pitak ဖြစ်ပြီး ငယ်ရွယ်ခန့်ညားက စီးပွားရေးနယ်ပယ်ထဲမှာ ပြိုင်စံရှားလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။

Min ကိုလည်း တော်တော်လေးချစ်ပြတတ်သူဖြစ်ပြီး ဘာမှထူးထူးခြားခြားနေ့ရက်မျိုးမဟုတ်တာတောင် Min အတွက် ပန်းစည်းလေးတွေကို မကြာခဏ လက်‌ဆောင်ပေးကာ ပျော်ရွှင်စေခဲ့သူပါ။ ၂၀၁၆ ကတည်းက စတင်တွဲခဲ့တာဖြစ်လို့ ချစ်သူသက်တမ်း ၅ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

Min နဲ့ သူ့ကောင်လေးက တစ်ယောက်ကိုတစ်ယောက် ချစ်ပြဖို့ဝန်မလေးသလို social network တွေမှာလည်း ကြည်နူးစရာအခိုက်အတန့်တွေကို အမြဲလိုလိုမျှဝေတဲ့ စုံတွဲပါ။ အလုပ်ကိုယ်စီများနေရင်တောင် အချိန်ပေးပြီး ချိန်းတွေ့ကြသေးတာကြောင့် ပရိသတ်တွေကိုလည်း အားကျစေတာခဏခဏပါပဲ။

ဒါပေမဲ့လည်း မကြာသေးခင်ကမှ Min Pechaya နဲ့ hiso Oat တို့ရဲ့ မူမမှန်ဘဲ ခြေလှမ်းပျက်နေကြတာကို ပရိသတ်တွေက သတိထားမိလာခဲ့ကြပါတယ်။ နှစ်ယောက်စလုံးကို social media တွေမှာ Following လုပ်ထားတဲ့သူတွေကဆိုရင် Min တို့စုံတွဲရဲ့ နှစ်ယောက်တွဲပုံတွေကို မမြင်ရတာ တော်တော်ကြာနေကြောင်း သတိပြုမိခဲ့ကြပါတယ်။

ဒါတင်မကသေးဘဲ ပြီးခဲ့တဲ့လက Hi-So ရဲ့မွေးနေ့မှာလည်း Min Pechaya က ဘာပုံမှတင်မပေးခဲ့သလို ဆုတောင်းစကားလည်း ပြုလုပ်ပေးခြင်းမရှိခဲ့ပါဘူး။ နှစ်တိုင်း ပျော်ရွှင်စွာလုပ်ပေးနေတဲ့ Min က ချစ်သူကောင်လေးကို လုံးဝလျစ်လျူရှုလိုက်တာဟာ တော်တော်လေးကို ထူးဆန်းနေခဲ့ပါတယ်။

နှစ်ယောက်သား လမ်းခွဲလိုက်တာဖြစ်နိုင်ကြောင်းကို ပိုပြီးသံသယဖြစ်စေခဲ့တာ‌‌ကတော့ Min Pechaya တင်ထားခဲ့တဲ့ ပုံကြောင့်ပါပဲ။ Caption မှာ “Hands up if you’re single” (လူလွတ်ဆိုရင် လက်ထောင်) ဆိုပြီး ရေးခဲ့ကာ ဓာတ်ပုံကလည်း လက်မြှောက်ထားတဲ့ပုံဖြစ်တာကြောင့် အချစ်ရေးအဆုံးသတ်သွားပြီဖြစ်ကြောင်း တထစ်ချ ယုံကြည်လာခဲ့ကြပါတယ်။

Min Pechaya ဟာလည်း အရင်ကတည်းက လက်ထပ်ဖို့အကြောင်းမေးတိုင်း အဆင်သင့်မဖြစ်သေးကြောင်း ပြောလေ့ရှိတာကြောင့် Hi-So နဲ့ အေးဆေးစွာပဲ လမ်းခွဲလိုက်တာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။ Min အနေနဲ့ကတော့ သရုပ်‌ဆောင်အလုပ်အပြင် စီးပွားရေးကိုပါ စီမံခန့်ခွဲနေရတာဖြစ်လို့ အချစ်ရေးကို အာရုံမစိုက်ချင်သေးပုံပါပဲ။ Min ဖက်က တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာကြောင့် ထပ်မံစောင့်ကြည့်ရဦးမှာပါ။

Source: Thaidaily
Photos: Instagram
Translated by Julix

Tags: Thai Update