Hollywood ဇာတ်ကားထဲမှာ သရုပ်ဆောင်ဖို့ အကောင်းဆုံး Idol အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ V

Hollywood K-pop ဇာတ်ကားထဲမှာ သရုပ်‌ဆောင်ဖို့ အကောင်းဆုံး idol တွေကို စစ်တမ်းကောက်မဲပေးစေခဲ့ရမှာ BTS’s V ကတော့ ထိပ်ဆုံးနေရာနေကို ရွေးချယ်ခံခဲ့ရပါတယ်။ STARPOLL ဆိုတဲ့ application တစ်ခုမှာ August 17 မှ 30 ရက်နေ့အထိ “CJ က ထုတ်လုပ်တဲ့ Hollywood ဇာတ်ကားထဲမှာ အဓိကဇာတ်လိုက်အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ အကောင်းဆုံး အမျိုးသား idol က ဘယ်သူများဖြစ်မလဲ?” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်တမ်းကောက်ယူခဲ့ပါတယ်။

V ဟာဆိုရင် မဲရလဒ်‌ပေါင်း 48,295 နဲ့ ထိပ်ဆုံးကနေရွေးချယ်ခံရပြီး ဒီအရေအတွက်ဟာ မဲစုစုပေါင်းရဲ့ 89.4% ဖြစ်တဲ့အထိ များပြားခဲ့ပါတယ်။ V က Kpop Idol တစ်ယောက်ဖြစ်ပေမဲ့ ပြည်တွင်းပြည်ပ ရုပ်ရှင်၊ဇာတ်လမ်းတွဲ ထုတ်လုက်သူတွေကို မကြာခဏမျက်စိကျနေ‌စေခဲ့သူလည်း ဖြစ်ပါတယ်။

တမူထူးခြားနေတဲ့ ရုပ်ရည်သွင်ပြင်မျိုးရှိတဲ့အပြင် အနုပညာပါရမီလည်းရှိသူ V ဟာ HWARANG: The Poet Warrior မှာကတည်းက သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းကို ပြသနိုင်ခဲ့ပြီးနောက် ဒါရိုက်တာတွေ အလိုရှိနေတဲ့ idol တစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ အကြည့်တချက်နဲ့တင် အေးစက်ပြီး အရှိန်အဝါကြီးမားမှုကိုပေးစွမ်းနိုင်တာကြောင့်လည်း နိုင်ငံခြား ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီဖက်ဆိုရင် ‘Vampire’ (သွေးစုပ်ဖုတ်ကောင်) ဇာတ်ကောင်ကို V နဲ့ ရိုက်ကူးချင်ကြောင်း ပြောခဲ့ဖူးပါသေးတယ်။

ဒါပေမဲ့ ကမ္ဘာကျော် Kpop အဖွဲ့ဖြစ်တဲ့ BTS ကတော့ အချိန်မအားလပ်အောင်ဖြစ်နေတာမို့လို့ V ဟာလည်း သရုပ်ဆောင်ခြင်းကို ခေတ္တရွှေ့ဆိုင်းထားတာလည်းဖြစ်ပါတယ်။ ကိုရီးယားပြည်တွင်း ဇာတ်လမ်းထုတ်လုပ်ရေးဖက်ကလည်း V ရဲ့ အပြစ်ကင်းစင်ပြီး အမြဲ‌လိုလိုတောက်ပရွှင်လန်းနေတဲ့ပုံစံကြောင့် အဓိကဇာတ်လိုက်မင်းသားအဖြစ် အလိုရှိနေကြပြန်ပါတယ်။

အေးစက်မာကြောတဲ့ပုံစံကော၊ နွေးထွေးကြင်နာတဲ့ပုံစံ… စသဖြင့် မတူညီတဲ့ပုံစံမျိုးကို ပိုင်ဆိုင်ထားတဲ့ V က သရုပ်ဆောင်မင်းသားဖြစ်ဖို့ လွန်စွာသင့်တော်နေခဲ့တာပါ။ ပြင်သစ်-ကနေဒါ သရုပ်ဆောင်/ဒါရိုက်တာဖြစ်သူ Xavier Dolan (Cannes Film festival မှာ Grande ဆုရရှိထားသူ) က သူ့အနေနဲ့ တွဲဖက်အလုပ်လုပ်ချင်တဲ့ ကိုရီးယားအနုပညာရှင်အဖြစ် V ကို ရွေးချယ်ခဲ့ပြန်ပါတယ်။

ဒါတင်မကသေးပါဘူး.. နာမည်ကြီး ကိုရီးယားရုပ်ရှင်ဒါရိုက်တာ Baek Jong-Yeol (‘Beauty Inside’ ဇာတ်ကားဖြင့်နာမည်ကြီးသူ) ကလည်း ‘Knowing Bros’ မှာ V တစ်ယောက် ‘Wish’ ဇာတ်ကားကို သရုပ်‌ဆောင်ပြပြီးတဲ့အချိန်ကတည်းက မင်းသားအဖြစ် ကမ်းလှမ်းဖို့ အချိန်အခါကိုစောင့်ရင်း အမြဲတမ်းစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

သူငယ်ချင်းကြောင့် လူရွေးပွဲကိုလိုက်သွားရင်း Trainee ဖြစ်လာဖို့ ရွေးချယ်ခံလိုက်ရတဲ့ V ဟာ BTS အဖွဲ့အတွက်လည်း မရှိမဖြစ်အရေးပါတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မင်းသားအဖြစ် မြင်တွေ့လိုကြောင်း မဲပေးရွေးချယ်ခိုင်းတိုင်း V က အမြဲတမ်းထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

မေလတုန်းက Rolling Stone နဲ့ အင်တာဗျူးမှာ V က “အသက် ၃၀ ကျော်ရင်တော့ သရုပ်‌ဆောင်ပိုင်းကို ပြန်စချင်တယ်” ဆိုပြီး ပြောဖူးတာကြောင့် မြောက်မြားစွာသော ပရိသတ်တွေနဲ့ ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ မင်းသား Kim Tae-hyung ကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေကြပါတော့တယ်။

Source: Allkpop
Photos: Allkpop
Translated by Julix