ARMY ​တွေရဲ့ ​​ဆန္ဒကို ဖြည့်ဆည်း​ပေးဖို့ မကြာမီ Season 2 နဲ့ ပြန်လာ​တော့မယ့် “BTS In The Soop”

ယခင်နှစ်က BTS အဖွဲ့ဝင်​တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် reality show ဖြစ်တဲ့ “In the SOOP BTS Ver.” ကို ရိုက်ကူးခဲ့ပြီး အဲ့ဒီအစီအစဉ်မှာဆိုရင် အဖွဲ့ဝင်​တွေ သဘာဝတရားနဲ့ နီးကပ်စွာထိ​တွေ့ခွင့်ရပြီး သစ်​ရိပ်ဝါးရိပ်မှာ အချိန်ကုန်ရင်း အပန်း​​ဖြေပုံ​တွေ၊ လှပတဲ့ရှုခင်း​တွေ၊အဖွဲ့ဝင်​​တွေရဲ့ သဘာဝကျကျ ​ပြောဆိုလှုပ်ရှားမှု​​တွေနဲ့ ပင်ကိုယ်အကျင့်စရိုက်​တွေကို မြင်​တွေ့ရမှာဖြစ်ပါတယ်။

အစိမ်း​ရောင်​တောအုပ်ကြီးကို ​နောက်ခံထားပြီး ​သာယာကြည်လင်တဲ့​ရေကန်နံ​ဘေးဟာ BTS အဖွဲ့ဝင်​တွေရဲ့ မွန်းကြပ်စရာ အလုပ်​တွေက​နေ ရုန်းထွက်ပြီး အပန်း​ဖြေဖို့ အ​ကောင်းဆုံး​နေရာဖြစ်ပါတယ်။ ပြီး​တော့ ဒီအစီအစဉ်က​နေ အဖွဲ့ဝင်​တွေ အားလပ်ချိန်မှာ အနားယူရင်း လုပ်​လေ့ရှိတဲ့အရာ​တွေကို ပရိသတ်​တွေအ​နေနဲ့ မျှ​ဝေခံစားလို့ ရတာ​ကြောင့် Season 1 ဟာ အရမ်းကို လူကြိုက်များပြီး တုံ့ပြန်ချက်​ကောင်းခဲ့သလို Season 2 ကိုလည်း ​မျှော်လင့်​စောင့်စား​နေကြတာဖြစ်ပါတယ်။

ယခု စက်တင်ဘာလ ၁ ရက်​နေ့ ညသန်း​ခေါင်မှာ​တော့ ‘BTS in the Soop’ ဟာ Season 2 နဲ့ ပြန်လာ​တော့မှာဖြစ်တယ်လို့ အစီအစဉ်ရဲ့ တရားဝင် Twitter account က​နေ အသိ​ပေး ​ကြေငြာလိုက်ပါတယ်။ Season 2 ကိုတော့ လာမယ့် ​အောက်တိုဘာလမှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာ​​သေးခင်ကမှ ပြုလုပ်ခဲ့တဲ့ Jimin ရဲ့ Vlive မှာ အရိပ်အမြွက်​ပြောပြခဲ့ပါ​သေးတယ်။ Jimin က သူတို့ လတ်တ​လောမှာ တစ်စုံတစ်ခုကို ရိုက်ကူး​နေပြီး လအနည်းငယ်​လောက်အကြာမှ ထွက်ရှိလာလိမ့်မယ်လို့ ​ပြောခဲ့တာပါ။

အဲ့ဒီတည်းက ပရိသတ်​တွေက BTS In The Soop ကို ရည်ညွှန်းတာဖြစ်​ကြောင်း ရိပ်စားမိခဲ့ပါတယ်။ Jimin တင်မကပဲ RM ကလည်း မကြာ​သေးခင်က ဓါတ်ပုံတစ်ပုံကို မျှ​ဝေခဲ့ပြီး အစီအစဉ်နဲ့ ပတ်သက်လို့ အရိပ်အမြွက်​ပေးခဲ့ပါတယ်။ အဲ့ဒီဓါတ်ပုံကို ရိုက်ထားတဲ့​နေရာဟာ BTS In The Soop ရိုက်ကွင်း​နေရာဖြစ်မယ်လို့ ARMY ​တွေက ယုံကြည်ခဲ့ပါတယ်။

အခုအခါမှာ​တော့ Season 2 ဟာ ထင်ထားတာထက်​စောပြီး ​အောက်တိုဘာလမှာ ထွက်ရှိလာ​တော့မှာဖြစ်ပါတယ်။  ဒီသတင်းကို ကြားကြားချင်းမှာပဲ Season 2 ကို အချိန်အ​တော်ကြာ​​မျှော်လင့်စောင့်စားခဲ့ရတဲ့ ARMY ​တွေဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ဆိုရှယ်မီဒီယာ​တွေမှာ ​ဖော်ပြခဲ့ပါတယ်။ သူတို့အတွက်​တော့ ဒါဟာ BTS က​ပေးတဲ့ အဖိုးတန်တဲ့ လက်​ဆောင်တစ်ခုဖြစ်​နေလို့ပါပဲ။ လက်ရှိမှာ​တော့ “In The Soop Seventeen Ver” ကို အပိုင်း ၈ ပိုင်းနဲ့ ပြသလျက်ရှိပါတယ်။

Source : Soompi, Koreaboo
Photo : Twitter
Written : ZL

Tags: K-Pop Update