ENHYPEN အဖွဲ့ထဲက member 5 ယောက် covid 19 positive ဖြစ်နေ

ENHYPEN အဖွဲ့ထဲက အဖွဲ့ဝင် ၅ ယောက်လောက် covid positive ဖြစ်နေကြောင်း သိရပါတယ်။ ဒီနေ့ September 2 မှာဘဲ သူတို့ရဲ့အေဂျင်စီ BELIFT LAB ကနေ ခုလို statement ထုတ်ပေးခဲ့ပါတယ်။ “Hello .. BELIFT LAB ကပါ။ ENHYPEN အဖွဲ့ဝင်တွေဖြစ်တဲ့ Jungwon, Heeseung, Jay, Jake နဲ့ Sunghoon တို့ဟာ self-quarantine ဝင်နေရင်းနဲ့ covid-19 positive ထွက်နေကြောင်း စစ်ဆေးသိရှိခဲ့ရပါတယ်။

ထုတ်လုပ်ရေးပိုင်းမှာ covid ဖြစ်နေကြလို့ အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ENHYPEN အဖွဲ့ဝင်အကုန်လုံးဟာ Augest 26 က စပြီး သီးခြား quarantine ဝင်နေခဲ့ပါတယ်။  အကုန်လုံး self-quarantine ဝင်နေတဲ့အချိန်မှာ Augest 29 မှာ Jake ဟာ ချောင်းဆိုးဖျားနာအစရှိတဲ့ ရောဂါလက္ခဏာတွေ ပြနေခဲ့ပါတယ်။ ဒါကြောင့် အစိုးရကျန်းမာရေး center ကို သတင်းပို့ပေးခဲ့ပြီး PCR စစ်ခဲ့ပါတယ်။

Augest 30 ရက်မနက်မှာဘဲ Jake ဟာ covid ဖြစ်နေကြောင်း ရလဒ်ထွက်ခဲ့ပါတယ်။ တချိန်တည်း ဆက်တိုက်ဆိုသလိုဘဲ Jungwon, Heeseung, Jay နဲ့ Sunghoon တို့ရော ရောဂါလက္ခာတွေ တနင်္လာနေ့ မနက်က ဖြစ်လာတာကြောင့် PCR စစ်ခဲ့ပါတယ်။ သူတို့လည်း Covid-19 positive ပြနေတာမို့ လိုအပ်တဲ့ ကျန်းမာရေးကုသမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ခုတော့ သူတို့ ငါးယောက်လုံး ရောဂါလက္ခဏာတွေ တဖြည်းဖြည်း ကွယ်ပျောက်နေပါပြီ။ Company မှာ Covid-19 case ဟာ Augest 25 ဗုဒ္ဓဟူးနေ့မှာ ဖြစ်ခဲ့တာပါ။ ဖြစ်ဖြစ်ချင်း အကုန် PCR test စစ်ခဲ့ပေမဲ့ negative ထွက်ခဲ့ပါတယ်။ စိတ်ချရအောင် self-quarantine ဝင်ခိုင်းခဲ့လို့ ပျံ့နှံနှုန်းကတော့ နည်းခဲ့ပါတယ်။

အနုပညာရှင်တွေနဲ့ staff တွေအားလုံး self-quarantine ဝင်ခိုင်းထားပြီး တနေ့နှစ်ကြိမ်စီ self-test လည် စစ်ပေးနေပါတယ်။ တကယ်လို့ ရောဂါလက္ခဏာပြလာရင်လည်း PCR test စစ်နိုင်ဖို့ အမြန်ဆုံး စီစဉ်ပေးပါတယ်။ site မှာ ဖြစ်တဲ့ ကိစ္စကို ကြိုတင်ကုသမှုတွေ မလုပ်ပေးနိုင်ခဲ့လို့ ကူးစက်မှုတွေ ဆက်တိုက်ဖြစ်သွားခဲ့တာပါ။

ဒီ့အတွက်ကြောင့် fan တွေကို တောင်းပန်ပါတယ်။ ခု ကျွန်ုပ်တို့ Company ဘက်က member ငါးယောက် အမြန်ဆုံးပြန်လည်သက်သာဖို့ အပြည့်အဝ support ပေးသွားမှာပါ။ ထပ်ပေါင်းပြောရရင်တော့ အစိုးရ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်မှုတွေကိုပူးပေါင်းဆောင်ရွက်မှာပါ။ ကျေးဇူးတင်ပါတယ်”

Member 5 ယောက်ကတော့ positive ဖြစ်နေပေမဲ့ အကုန်မကူးစက်တာ ဘုရား မ တာပါဘဲ။ ကူးစက်ခံရသူတွေလည်း သက်သာနေပြီမို့ မကြာခင် ပြန်ကောင်းသွားမှာပါနော်။ Enhypen fan လေးတွေ fighting…

Source: Soompi
Written: Bora

Tags: K-Pop Update