‘Gee’ Era တုန်းက နိုင်ငံခြားကို ​နေ့ချင်းပြန်သွားရ​လောက်​အောင် အလုပ်များခဲ့​ကြောင်း ဖွင့်ဟခဲ့တဲ့ SNSD

စက်တင်ဘာလ ၁ ရက်​နေ့က tvN ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ‘You Quiz on the Block’ အစီအစဉ်မှာ Girls’ Generation အဖွဲ့ဝင် ၈ ​ယောက်လုံး ဧည့်သည်အ​နေနဲ့ ပါဝင်ခဲ့ပါတယ်။ ထိုအစီအစဉ်အတွင်းမှာ Yoo Jae Seok က ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Girls’ Generation အဖွဲ့ရဲ့ ကမ္ဘာ​ကျော်သီချင်း ‘Gee’ အ​ကြောင်းကို ​ပြောဆိုခဲ့ပါတယ်။

သူက “Gee သီချင်းက ကိုရီးယားမှာတင် ​အောင်မြင်တာမဟုတ်ပဲ ကမ္ဘာတစ်ဝန်းက K-Pop ပရိသတ်​တွေရဲ့ နှစ်သက်အား​ပေးမှုကိုလည်း ရရှိခဲ့တယ်။ အဲ့တုန်းက မင်းတို့​တွေ ဘယ်လို​နေထိုင်ခဲ့ကြလဲဆိုတာ သိချင်မိတယ်” ဆိုပြီး ​မေးမြန်းခဲ့ပါတယ်။

အဲ့ဒီအခါ Sunny က “ကျွန်မ အရမ်းကို ထင်ထင်ရှားရှားမှတ်မိ​နေ​သေးတယ်။ ကျွန်မတို့​တွေ ​ဖျော်​ဖြေမှုတစ်ခုအတွက် သြစ​တေးလျကို သွားရတဲ့အချိန်ရှိခဲ့တယ်။ ကျွန်မတို့ မနက်အ​စောကြီး ​လေယာဉ်စီးပြီး​တော့ ၁၂ နာရီကြာမှ အဲ့ဒီကို​ရောက်တယ်။ ​ရောက်တာနဲ့ ကျွန်မတို့ ​ဖျော်​ဖြေဖို့ သွားရတယ်။ ​

ဖျော်​ဖြေပြီးတာနဲ့ ချက်ချင်း ကိုရီးယားပြန်မယ့် ​လေယာဉ်ကို စီးရတယ်။ ကိုရီးယား​ရောက်တာနဲ့ music show ​တွေ tv show ​တွေရိုက်ရတယ်။ တကယ်ကို ရူး​တော့မလိုပါပဲ” ဆိုပြီး ​ပြောပြခဲ့ပါတယ်။ အဲ့ဒီ​နောက် Yoona က “ကျွန်မတို့ ကိုရီးယားနဲ့ နိုင်ငံခြားကို ​နေ့ချင်းပြန်သွားရတဲ့ အချိန်​တွေအများကြီးရှိခဲ့တယ်။

ကျွန်မတို့ တကယ်ကို အလုပ်များခဲ့တယ်” ဆိုပြီး ဝင်ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး Yuri ကလည်း “တစ်ခါက ကျွန်မတို့ ပြင်သစ်မှာ ​ဖျော်​ဖြေဖို့သွားရတယ်။ ပြီး​တော့ အဲ့ဒီက​နေ အ​မေရိကန်ကိုသွားရတယ်” လို့ ​ပြောပြခဲ့ပါတယ်။ ထိုအခါ Hyoyeon ကလည်း “အဲ့ဒီနှစ်မှာပဲ ဂျပန်နိုင်ငံမှာပြုလုပ်တဲ့ နှစ်ကုန်ဂီတပွဲ​တော်မှာ ​ဖျော်​ဖြေဖို့ ကျွန်မတို့ ဖိတ်ကြားခံရတယ်။

အဲ့ဒီဂီတပွဲ​တော်မှာ ​ဖျော်​ဖြေပြီးတာနဲ့ ကိုယ်ပိုင်​​လေယာဉ်ကို စီးပြီး ကိုရီးယားက ဂီတပွဲ​တော်မှာ လာ​ဖျော်​ဖြေရတယ်။ စင်​ပေါ်မှာ ​ဖျော်​ဖြေတဲ့အခါ ဝတ်ရတဲ့ဝတ်စုံကို ၂ ရက်​လောက် မချွတ်တမ်းဝတ်ထားရတာမျိုးလည်းရှိတယ်” ဆိုပြီး ထုတ်​ဖော်​ပြောပြခဲ့ပါတယ်။

အဖွဲ့ဝင်​တွေရဲ့ အ​ဖြေကိုကြားပြီး​နောက်မှာ​တော့ Yoo Jae Suk နဲ့ Cho Sae Ho တို့ဟာ အရမ်းကို အံ့အားသင့်ပြီး ပါးစပ်အ​ဟောင်းသားဖြစ်ခဲ့ရပါတယ်။ ဒါ​ကြောင့်လည်း Girl’s Generation ဟာ Nation’s Girl Group ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့ lengendary girl group ဖြစ်​နေတာဖြစ်ပါတယ်။

Source : SBS Star
Photo : Yoo Quiz On The Block
Written : ZL

Tags: K-Pop Update