နိုင်ငံခြားသားခံယူထားမှုကြောင့် နောက်ထပ်ပစ်မှတ်တွေ ဖြစ်လာနိုင်တဲ့ နာမည်ကြီး တရုတ်အနုပညာရှင် (၇) ယောက်

ယခုနှစ်ပိုင်းအတွင်း ပိုမိုစီစစ်မှုတွေနဲ့ ထိထိရောက်ရောက် တင်းကြပ်လာတဲ့ တရုတ်ဖျော်ဖြေရေးလောကရဲ့ ပြောင်းလဲကိုင်တွယ်မှုတွေမှာ နာမည်ကြီး အနုပညာရှင်အချို့ဟာ အနုပညာလောကထဲကနေ နည်းလမ်းမျိုးစုံနဲ့ ဖယ်ရှားခံနေရပါတယ်။

ယခုအချိန်မှာ တရုတ်အစိုးရရဲ့ အမျိုးသားရေးဝါဒဟာ ပိုမိုမြင့်တက်လာတာကြောင့် နိုင်ငံခြားသားခံယူထားတဲ့ တရုတ်အနုပညာရှင်တွေအတွက် စိုးရိမ်မှုတွေ ရှိလာခဲ့ပြီး တရုတ်ဈေးကွက်မှာ ဝင်ငွေများစွာရရှိနေတဲ့ နာမည်ကြီး တရုတ်အနုပညာရှင် (၇) ဦးရဲ့ စာရင်းဟာ အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်ထားသူများကို တစ်ချို့က မျိုးချစ်စိတ်ဓာတ် မရှိသူများအဖြစ် သတ်မှတ်လာနိုင်တာကြောင့် နာမည်ကျော်များဟာ သူတို့ရဲ့ သစ္စာရှိတဲ့ ရပ်တည်မှုအတွက် တရုတ်အစိုးရက အနီးကပ်စောင့်ကြည့်တာကို ခံနေရတယ်လို့ သိရပါတယ်။ စာရင်းထဲမှာတော့ တရုတ်ပြည်မှာ မွေးဖွားခဲ့ကြပေမယ့် နိုင်ငံခြားသားအဖြစ် ပြောင်းလဲခံယူထားကြတဲ့ နာမည်ကြီးအနုပညာရှင်တွေပါဝင်တာကို တွေ့ရပါတယ်။

  • 1.စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားတဲ့ မင်းသား Jet Li

  • 2.ဗြိတိန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ Zhang Tielin

  • 3.အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ Liu Yifei

  • 4.အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ Will Pan

  • 5.အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ Wang Leehom

  • 6.ကနေဒါနိုင်ငံသားအဖြစ် ခံယူထားတဲ့ Nicholas Tse

  • 7.ကနေဒါနိုင်ငံသားအဖြစ် ခံယူထားတဲ့ Zhao Youting

ဖျော်ဖြေရေးလောကအကြောင်း ခန့်မှန်းဝေမျှလေ့ရှိတဲ့ ဒါရိုက်တာ Zhou Guogang ကလည်း Jet Li အနေနဲ့ အမြန်ဆုံး ရှောင်တိမ်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်မှာ စင်္ကာပူနိုင်ငံသား မခံယူမီ (၁၉၉၇) ခုနှစ်မှာလည်း အမေရိကန်နိုင်ငံသား ခံယူခဲ့ဖူးတာကြောင့် Jet Li ဟာ တရုတ်အစိုးရရဲ့ နောက်ထပ် နာမည်ပျက်စာရင်းသွင်းသူ ဖြစ်လာနိုင်တယ်လို့ အင်တာနက်သုံးစွဲသူများက ယူဆနေကြတာ ဖြစ်ပါတယ်။

နာမည်ကြီး ဒါရိုက်တာ Chen Kaige ရဲ့ သားဖြစ်သူ အသက် (၂၁) နှစ်အရွယ် မင်းသားချော Chen Feiyu ကတော့ ဇူလိုင်လက အမေရိကန်နိုင်ငံသားအဖြစ်ကနေ တရုတ်နိုင်ငံသားအဖြစ် ပြောင်းလဲခံယူထားတာဟာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

Written : Nair Nair
Source : HK01
Photos : iNews