ဖျော်ဖြေရေးလောကရဲ့ အမြင်ပြောင်းလဲမှုတွေကြောင့် အငြင်းပွားမှုကို တောင်းပန်ခဲ့ရတဲ့ Cai Xukun ရဲ့ စတူရီယို

ယခုလက်ရှိမှာ တရုတ်အစိုးရဘက်က တင်းတင်းကြပ်ကြပ် နှိမ်နင်းမှုတွေနဲ့ အကောင်အထည်ဖော်နေတဲ့ Qing Lang Campaign ရဲ့ အရှိန်အောက်မှာ နိုင်ငံသားတွေရဲ့ အတွေးအခေါ် အသစ်ပြောင်းလဲလာမှုတွေကြောင့် ပြည်သူ့အသည်းကေ​ျာ် Cai Xukun နဲ့ ပတ်သက်တဲ့ အငြင်းပွားတစ်ခုကို ရှာဖွေဖော်ထုတ် ပြောဆိုခဲ့ကြပြန်ပါတယ်။

(၂၀၂၁) ဧပြီလကတည်းက ဖြန့်ချိခဲ့တဲ့ “Unknown (Mi)” Album ရဲ့ ဖြန့်ချိရေးဗျူဟာအနေနဲ့ Consumer Protection Laws (သုံးစွဲသူ အကာအကွယ်ပေးရေး ဥပဒေ) ကို ချိုးဖောက်နေတယ်လို့ ချဲ့ကားပြောဆိုစွပ်စွဲခဲ့ကြတာ ဖြစ်ပါတယ်။

အချက်အလက်များအရ“Mi” Album ဟာ QQ Music မှာ ကော်ပီ (၃.၂၃) သန်းရောင်းချခဲ့ပြီး ဈေးကွက်ထဲမှာ (၄) လအတွင်း ယွမ် (၈၄.၁၉) သန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃ သန်း) အထိ ရရှိခဲ့ပါတယ်။ သို့သော်လည်း ၎င်းဟာ playlist မှာ ပါဝင်ဖော်ပြထားတဲ့ သီချင်း (၁၁) ပုဒ်မှ (၅) ပုဒ်ကိုသာ အွန်လိုင်းမှာ ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။

မပြည့်စုံတဲ့ ကုန်ပစ္စည်းအား စျေးနှုန်းအပြည့်ဖြင့် ရောင်းချခြင်းရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ကြပြီး မကျေမနပ်ဖြစ်နေကြတဲ့ ဝယ်ယူသူအချို့က Album ထဲက နောက်ထပ်သီချင်းများကို ဘယ်အချိန် လက်ခံရရှိမည်ကို မသိနိုင်သည့် အချက်ကိုလည်း ပြောဆိုခဲ့ကြပါတယ်။

သြဂုတ်လ (၃၀) ရက်နေ့မှာတော့ ပြဿနာကို အချိန်မကြာစေရန်အတွက် သီချင်း (၅) ပုဒ်ကို ထပ်မံဖြန့်ချိပေးခဲ့ပြီး Cai Xukun ရဲ့ စတူဒီယိုကလည်း ၎င်းတို့အနေနဲ့ ဝတ္တရားများကို အပြည့်အဝ လိုက်နာမှု မရှိခဲ့ခြင်းနဲ့ ဝယ်ယူသူများထံ သီချင်းဖြန့်ချိမှုအား အချိန်နဲ့တပြေးညီ မလုပ်ဆောင်နိုင်ခဲ့မှုများအတွက် တောင်းပန်ခဲ့ပါတယ်။

အွန်လိုင်းမှာ ပြောဆိုနေကြတဲ့အတိုင်း ယခုလို သဘောထားကွဲလွဲမှုဟာ ဖြစ်စဉ်အသစ်မဟုတ်ဘဲ ပြောင်းလဲမှုတွေရဲ့ လှုပ်ခတ်မှုကြောင့် ဖျော်ဖြေရေးလောကရဲ့ အနုပညာရှင် တော်တော်များများမှာလည်း သက်ရောက်နေတာ ဖြစ်ပါတယ်။

အလားတူစွာပဲ စတင်ဖြန့်ချိချိန်တည်းက ကြေညာထားတဲ့ “Mi” Album ရဲ့ ဖြန့်ချိရေးအယူအဆတစ်ခုလုံးဟာ “အစုလိုက် တဖြည်းဖြည်းချင်း ထုတ်ဖော်ပြသနေသည့် လျှို့ဝှက်ဆန်းကြယ်မှု” ဆိုတဲ့အတိုင်း ဈေးကွက်ထဲမှာ ခွဲတမ်းနဲ့ ဖြန့်ချိခြင်းဟာ အနည်းငယ် မျှော်လင့်စောင့်စားမှုကို ခံစားမိစေတယ်လို့ ပရိတ်သတ်များက ပြောဆိုခဲ့ကြပါတယ်။

Written : Nair Nair
Source : Dpanda
Photos : Kunstudio