ဂရင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် Hall of Fame အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်တဲ့ BTS

BTS အဖွဲ့က​တော့ ကမ္ဘာ​ပေါ်မှာ စံချိန်သစ်​တွေအတင်နိုင်ဆုံး ​​ယောကျ်ား​လေးအဖွဲ့တစ်ဖွဲ့လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့အတွက်​​တော့ စံချိန်​​ဟောင်း​တွေကို ချိုးဖျက်ပြီး မှတ်တမ်းသစ်​တွေတင်​တာဟာ လွယ်ကူတဲ့အရာတစ်ခုဖြစ်​နေပါပြီ။

ယခု စက်တင်ဘာလ ၂ ရက်​နေ့မှာလည်း BTS အဖွဲ့ဟာ ကမ္ဘာ့ဂရင်းနစ်စံချိန် ၂၃ ခုကို ချိုးဖျက်ပြီး Guinness World Records 2022 Hall of Fame အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ ဒီအ​ကြောင်းကို Guinness World Records ရဲ့ တရားဝင် website က​နေ ထုတ်ပြန်​ကြေငြာခဲ့တာဖြစ်ပါတယ်။

Guinness World Records အဖွဲ့အစည်းအ​နေနဲ့ ကမ္ဘာ​ပေါ်က အမျိုးမျိုး​သောလူ​တွေရဲ့ စံချိန်ချိုးဖျက်တာ​တွေ သမိုင်းသစ်​ရေးထိုးတာ​တွေကို ​တွေ့ကြုံ​နေကြဆို​ပေမဲ့ BTS အဖွဲ့က​တော့ သူတို့ရဲ့ ဂီတနဲ့ ဆိုရှယ်မီဒီယာက​နေတစ်ဆင့် ကမ္ဘာ့ဂရင်းနစ်စံချိန် ၂၃ ခု​တောင် ပိုင်ဆိုင်နိုင်ခဲ့တာ​ကြောင့် သူတို့ကိုပင် အံ့အားသင့်​စေခဲ့ပါတယ်။

ဒါဟာလည်း အဖွဲ့ဝင်​တွေနဲ့ ARMY ​တွေရဲ့ ကြိုးစားမှု​ကြောင့် ဖြစ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီက​နေ့ကစပြီး BTS အဖွဲ့ဟာ ဗြိတိသျှ ​rock band Coldplay ကို ​ကျော်လွန်ပြီး Spotify မှာ နားဆင်မှုအများဆုံးအဖွဲ့ဖြစ်သွားပြီလို့လည်း ဂရင်းနစ်အဖွဲ့အစည်းက ​ကြေငြာလိုက်ပါတယ်။

သူတို့ရဲ့ “Butter” သီချင်းဟာ ထွက်ရှိပြီး ၂၄ နာရီအတွင်း Spotify မှာ နားဆင်မှုအများဆုံးသီချင်းလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ BTS အဖွဲ့အတွက် တကယ့်ကို အံ့မခန်းနှစ်တစ်နှစ်ဖြစ်ပါတယ်။ “Butter” သီချင်းဟာ ​နွေရာသီကို ကိုယ်စားပြုတဲ့သီချင်းဖြစ်လာခဲ့ပြီး ဒီသီချင်းနဲ့ ဂရင်းနစ်စံချိန် ၅ ခုကို ချိုးဖျက်ခဲ့ပါတယ်။

“Butter” ဟာ သူတို့ရဲ့ သီချင်း​ဟောင်း “Dynamite” ကို ​​ကျော်လွန်ပြီး “YouTube တင်ပြီးပြီးချင်း ကြည့်ရှုသူအများဆုံး music video” အဖြစ် မှတ်တမ်းဝင်ခဲ့သလို ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံး YouTube music video ဆိုတဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

BTS ဟာ Instagram မှာ follower အများဆုံး ​ယောကျ်ား​လေးအဖွဲ့လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂီတအဖွဲ့​တွေထဲ Twitter မှာ engagement အများဆုံးဖြစ်ပြီး ဒီစံချိန်ကို ၄ ခါ​တောင်ရရှိခဲ့ပါတယ်။ BTS အဖွဲ့ဟာ Twitter, Instagram နဲ့ YouTube တင်မကပဲ ဆိုရှယ်မီဒီယာအားလုံးကို စိုးမိုးထားတာဖြစ်ပါတယ်။

သူတို့ဟာ TikTok စစဖွင့်ချင်းမှာလည်း follower ၁ သန်းကို အမြန်​ဆုံးရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၂ ရက်​နေ့မှာ သူတို့ရဲ့ ဆိုရှယ်မီဒီယာ​တွေက follower အားလုံးကို​ပေါင်းလိုက်မယ်ဆိုရင် ၆၇၂.၄ သန်း​တောင်ရှိပါတယ်။ ဒါတင်မက​သေးပဲ BTS ရဲ့ concert ticket ​တွေကို ဝယ်တဲ့​နေရာမှာလည်း ဘယ်​လောက်ထိ အလုအယက်ဝယ်ရလဲဆိုတာကိုသိကြမှာပါ။

လူကိုယ်တိုင်သွားမကြည့်ရတဲ့ digital concert ​တွေ​တောင်မှ တခြားအဖွဲ့​တွေနဲ့မတူပါဘူး။ Guinness World Records ရဲ့ ​ဖော်ပြချက်အရ BTS ရဲ့ live-streamed concert အတွက် လက်မှတ် 756,000 ​စောင်ကို ​ရောင်းချခဲ့ရတယ်လို့လည်း သိရပါတယ်။ BTS ရဲ့ ​အောင်မြင်မှု​တွေဟာ ARMY ​တွေအတွက်​တော့ တကယ့်ကို ဂုဏ်ယူစရာပါပဲ။

Source : Koreaboo
Photo : Koreaboo
Written : ZL

Tags: K-Pop Update