ဘာမှလိမ်းခြယ်ထားခြင်းမရှိဘဲနဲ့တောင် စွဲမက်စရာကောင်းနေတဲ့ သဘာဝအလှပိုင်ရှင် Zhou Lusi

အနုပညာရှင်တွေဖြစ်လာရင် မိတ်ကပ်လိမ်းကာ ပြင်ပြင်ဆင်ဆင်နဲ့ လှလှပပလေးတွေ ဝတ်ဆင်ပြီး ပရိသတ်တွေရှေ့မှာ အစွမ်းကုန် လှပနေတတ်ကြပါတယ်။ သဘာဝအလှပိုင်ရှင်လေးတွေတောင်မှ နဂိုလှပနေတာကို မိတ်ကပ် လိမ်းခြယ်ပြင်ဆင်လိုက်ရင် အလှပေါ် အလှဆင့်နေတော့တာပါပဲ။

အသက်ငယ်ငယ်လေးပေမဲ့ နာမည်ကြီးကျော်ကြား‌နေတဲ့ မင်းသမီးလေး Zhao Lusi ကတော့ မကြာသေးခင်ကမှ ဘာမှလိမ်းထားခြင်းမရှိဘဲ သဘာဝအတိုင်းရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ချပြခဲ့ပါသေးတယ်။ ဒီပုံလေးတွေထဲက Lusi ရဲ့ သဘာဝအလှဟာ မြင်သူတကာတိုင်းရဲ့ ချီးမွမ်းမှုတွေကို အများကြီးရရှိခဲ့ပါတော့တယ်။

ချစ်ခင်အားပေးကြသူတွေကဆိုရင် သရုပ်‌ဆောင်လည်းတော်ပြီး ပိုင်ဆိုင်ထားတဲ့ အလှတရားဟာလည်း ကြည်လင်သန့်ရှင်းပြီး ဖြူစင်တဲ့ခံစားချက်ကို ပေးနိုင်တာကြောင့် ချီးမွမ်းလို့ကို မဆုံးကြတော့ပါဘူး။ ထွက်ရှိလာတဲ့ပုံလေးတွေထဲမှာ Zhao Lusi ဟာ ရိုးရှင်းစွာနဲ့ အဖြူရောင်ဝတ်စုံလေးကို ဆင်မြန်းထားခဲ့တာကြောင့် တကယ့်ကို တောအုပ်ထဲက နတ်မိမယ်လေးတစ်ပါးလို ကြည်လင်မှုတွေကို ပေးစွမ်းနေခဲ့တာပါ။

သဘာဝတရားကြီးနဲ့စပ်လျဉ်းပြီး ရိုက်ကူးထားတဲ့ပုံလေးတွေဟာ တော်တော်လေး အမြင်အေးကာ စိတ်အေးချမ်းမှုကိုဖြစ်စေခဲ့ပြီး Lusi ရဲ့ အပြစ်ကင်းစင်တဲ့ပုံစံလေးကိုလည်း နှစ်သက်လို့မဆုံးနိုင်တော့အောင် ဖြစ်ခဲ့ပါ‌တော့တယ်။ မင်းသမီးလေး Zhao Lusi ကတော့ အနုပညာလောကထဲမှာ ချစ်စရာကောင်းသူလေးအဖြစ် နာမည်ကြီးလှပါတယ်။

တစ်ခုခုဆိုရင် ဝေဖန်ခံရမှုများတဲ့ တရုတ်ဖျော်ဖြေရေးလောကထဲမှာတောင် Lusi က များစွာသော ပရိသတ်တွေကို အနိုင်ရစိုးမိုးထားသူလေးဖြစ်နေတာဟာ သူမရဲ့ဖြူစင်တဲ့ပုံစံလေးနဲ့ သဘာဝကျစွာတင့်တယ်နေတဲ့ အလှတရားကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒီတစ်ခါထွက်လာတဲ့ပုံလေးတွေထဲက Lusi ရဲ့ သဘာဝအလှကတော့ ဝေဖန်သူမရှိလောက်တဲ့အထိ ချီးမွမ်းစကားသံတွေ အများကြီး ရခဲ့ပါတော့တယ်။

Source: Zingnews
Photos: Zingnews
Translated by Julix