Celebrity News

“Reply 1998” နှင့် “Cheese in the Trap” တို့အပါအဝင် K-drama အချို့ကို ပြသမှုရပ်တန့်​တော့မယ့် Netflix

ကမ္ဘာ​​့အကြီးဆုံး ရုပ်ရှင် streaming platform တစ်ခုဖြစ်တဲ့ Netflix ဟာ သူတို့ရဲ့ ပရိသတ်​တွေအတွက် ကိုရီးယားဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားအစုံကို ​တင်ဆက်​ပေး​လေ့ရှိပါတယ်။ App ကို တစ်ချက်​​လောက်ဝသ်ကြည့်လိုက်တာနဲ့ ကိုရီးယားဇာတ်လမ်းတွဲ၊ ကိုရီးယားရုပ်ရှင်ကားနဲ့ variety show ​တွေ ​​ထောင်ချီပြီးရှိတာကို ​တွေ့ရမှာပါ။

Netflix ဟာ ယခုနှစ်မှာ K-drama ချစ်သူ​တွေအတွက် ​ဒေါ်လာ သန်း ၅၀၀ ​​လောက်ကို ကိုရီးယား content ​တွေအတွက် သုံးစွဲခဲ့တယ်လို့လည်း သိရပါတယ်။ Netflix ဟာ “Sweet Home”, “Kingdom” တို့လို ကိုယ်ပိုင်ဇာတ်လမ်းတွဲ​တွေကို တင်ဆက်​​​ပေး​လေ့ရှိသလို ဟိုးအရင်က ဇာတ်လမ်းတွဲ​ဟောင်း​တွေကိုလည်း တင်ဆက်​​ပေး​နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် သူတို့ဟာ ကမ္ဘာတစ်ဝှမ်းက ထုတ်လုပ်​ရေး​တွေနဲ့ ပူး​ပေါင်းပြီး လိုင်စင်​တွေတင်ရသလို မူပိုင်ခွင့်​တွေကိုလည်း ဝယ်ယူရပါတယ်။ ဒါ​ကြောင့် ဘယ်အချိန်မဆို ကျွန်ုပ်တို့ကြည့်ချင်တဲ့ ဇာတ်လမ်းမျိုးစုံကို ကြည့်ရှုခွင့်ရ​နေတာဖြစ်ပါတယ်။

ဒါ​ပေမဲ့ တခြားစာချုပ်စာတမ်း​တွေလိုပဲ ဒီလိုင်စင်​တွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို Netflix မှာ ပြသဖို့အတွက် မူပိုင်ခွင့်၊ နာမည်ကြီးမှု၊ ကုန်ကျစရိတ်နဲ့ တခြားအချက်​တွေကို ထည့်စဉ်းစားရပါတယ်။

သူတို့လည်း စီးပွား​ရေးအရ တွက်​ခြေမကိုက်တဲ့အခါမှာ တချို့ဇာတ်လမ်းတွဲ​တွေကို app က​နေ ဖယ်ရှားပစ်ရပါတယ်။ ယခုစက်တင်ဘာလကုန်မှာလည်း Netflix က​နေ ဖယ်ရှားမယ့် K-drama ​​တွေရှိ​နေပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲ​တွေက​တော့…

(1) Reply 1988

(2) Reply 1994

(3) Reply 1997

(4) It’s Okay, That’s Love

(5) Chicago Typewriter

(6) The Liar And His Lover

(7) Cheese In The Trap

(8) Oh My Ghost

(9) Tunnel

(10) Let’s Eat

Source : Cosmo.ph
Photo : Netflix
Written : ZL