ခိုးယူထားတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ နာမည်ကြီး Movie Serie “Crime Crackdown” ရဲ့ အဖွင့်ပိုင်း

လက်ရှိမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲ “Crime Crackdown” နဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတစ်ဦးက ဇာတ်လမ်းရဲ့ အဖွင့်ကလစ် အပိုင်းများဟာ ခိုးယူသုံးစွဲထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခိုးကူးမှုကြောင့် အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

ဇာတ်လမ်းတွဲရဲ့ အဖွင့်မှာ ပေါ်လာတဲ့ ပုံနှစ်ပုံဟာ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ time-lapse ဓာတ်ပုံရိုက်ကူးမှုမှ ကူးယူပြီး အလွဲသုံးစားလုပ်ထားတယ်လို့ ဓာတ်ပုံဆရာက အခိုင်အမာ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲမှုများကို တုံ့ပြန်တဲ့အနေနဲ့ “Crime Crackdown” ဇာတ်လမ်းတွဲ ထုတ်လုပ်သူများက ဇာတ်လမ်းရဲ့ အစနဲ့အဆုံးဗီဒီယိုများကို VJshi အမည်ရှိ Third-party ရုပ်ရှင်နဲ့ရုပ်မြင်သံကြား ကုမ္ပဏီကနေ လုပ်ငန်းအပ်နှံထားကြောင်း အတည်ပြုခဲ့ပါတယ်။

သတင်းအရင်းအမြစ်ကို စုံစမ်းစစ်ဆေးရန်လည်း Website ကို ဆက်သွယ်ထားပြီး မူပိုင်ခွင့် ချိုးဖောက်မှု တစ်စုံတစ်ရာပါဝင်ပါက ၎င်းတို့အနေနဲ့ မူပိုင်ခွင့်ပိုင်ရှင်နဲ့ ဆက်သွယ်လိမ့်မယ်ဆိုတဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

အလားတူစွာပဲ VJshi ဘက်ကနေ မူပိုင်ခွင့်ပိုင်ရှင်ထံကို တောင်းပန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအပြီးမှာတော့ Gao လို့ အမည်ရတဲ့ ဖန်တီးသူ ထည့်သွင်းပေးထားတဲ့ အစိတ်အပိုင်းဟာ သူတို့ရဲ့ မူလလက်ရာမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး VJshi ဟာ ၎င်းအကောင့်အား ပိတ်ပင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့နှင့် Gao အကြား အနာဂတ် ဆက်သွယ်မှုအားလုံးကို ရပ်စဲပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူတို့ဘက်ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အဆက်အသွယ်ပြုလုပ်ထားပြီး ဒီအဖြစ်အပျက်အတွက် အပြည့်အဝ တာဝန်ယူလိမ့်မည်ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

စက်တင်ဘာ (၃) ရက်နေ့မှာ ဓာတ်ပုံဆရာက အင်တာနက်သုံးစွဲသူများအား သူတို့ရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ခဲ့ပြီး ဥပဒေက သူ့အတွက်တရားမျှတမှုကို ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးဟာ စွပ်စွဲချက်များကို ငြင်းဆိုထားပေမယ့် ကူးယူမှုပြဿနာသတင်း လူသိရှင်ကြားဖြစ်ခဲ့ပြီးနောက် ခိုင်လုံတဲ့ ဆက်သွယ်မှု မရရှိသေးဘူးလို့ ဆိုပါတယ်။

“Crime Crackdown” ဇာတ်လမ်းတွဲဟာ နိုင်ငံရေးနဲ့ အကျင့်ပျက်ခြစားမှုကြား တိုက်ခိုက်ရန် အသင့်ဖြစ်နေတဲ့ ရဲတပ်ဖွဲ့ဝင် Li Cheng Yang အဖြစ် Sun Honglei အပြင် Zhang Yixing နဲ့ Liu Yijun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်လမ်းတွဲ ဖြစ်ပြီး လက်ရှိမှာ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးပူးပေါင်းကာ ဆယ်စုနှစ်များစွာကြာအောင် ဆိုးသွမ်းနေတဲ့ အုပ်စုများကို ချုပ်ငြိမ်းစေပြီး အကျင့်ပျက်နေတဲ့ မြို့တော်အရာရှိများကိုလည်း တရားမျှတစွာစီရင်ခဲ့ကြတဲ့ ဇာတ်လမ်းဇာတ်ကွက် စေ့စပ်တိကျတဲ့ အကြောင်းအရာကို ယူဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အောင်မြင်နေတဲ့ ဇာတ်လမ်းတွဲကို အတိုက်အခိုက်တွေ ရှိလာတာကြောင့် ပါဝင်တဲ့ အနုပညာရှင်များအတွက် စိုးရိမ်နေကြသူများလည်း ရှိနေပြီး တရုတ်ဖျော်ဖြေရေးလောကရဲ့ စည်းမျဉ်းတင်းကြပ်မှုတွေ ပြောင်းလဲလာချိန်မှာ ဖြစ်ပေါ်လာနေတဲ့ မည်သည့်ပြဿနာမျိုးကိုမဆို အလေးထားဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားခဲ့ကြပါတယ်။

Written : Nair Nair
Source : Dpanda
Photos : MDL