လူရှိန်စရာ ခန့်ညားတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးနေတဲ့ Street Woman Fighter ပြိုင်ပွဲဝင် Dancer Monika

“Street Woman Fighter” survival show ကတော့ episode 2 ထိဘဲ လွှင့်နေပေမဲ့ ပြိုင်ပွဲအရှိန်ကမြှင့်တက်နေပြီး ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေကလည်း အများကြီးပါဘဲ။ ပြိုင်ပွဲဝင်တွေဟာ အကလောကရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်ပြီး global အဆင့် တွေတောင် ပါ ပါတယ်။

ထိုထဲက “PROWDMON” အဖွဲ့ရဲ့ leader ဖြစ်သူ “Monika” ကတော့ battle ground ထဲကို စ ဝင်လာထဲက အားလုံးကို အေးခဲသွားအောင်လုပ်နိုင်တဲ့ သူမရဲ့ အရှိန်အဝါကြောင့် ပရိသတ်တွေက သဘောကျနေကြပါတယ်။ Monica ဟာ 1986 born ဖြစ်ပေမဲ့ သူမရဲ့ ပျိုမြစ်တဲ့ ရုပ်ရည်ကြောင့် မင်းသမီးတစ်ယောက်အတိုင်းပါဘဲ။

သူမဟာ ကျောင်းတုန်းက design ပညာကိုသင်ယူခဲ့ပြီး fashion လောကမှာ ကျင်လည်ခဲ့တဲ့သူပါ။ အသက် ၂၀ ကျော်မှ dancer တစ်ယောက် ဖြစ်လာခဲ့တာပါ။ dancer သမားတွေကို သင်ပေးရတဲ့ အကဆရာမတစ်ယောက်ဖြစ်ပြီး ဒီ အစီအစဉ်က battle တွေမှာလည်း သူမရဲ့ အကအရည်အချင်းတွေကို ချပြခဲ့ပါတယ်။

ပြိုင်ပွဲဝင်တွေအကုန်လုံးကလည်း သူမရဲ့ အက skill ကိုလေးစားခဲ့ပြီး သူမကို စိန်ခေါ်ရဲတဲ့သူတောင် သိပ်မရှိခဲ့ပါဖူး။ ဒါကြောင့်မို့ သူမဟာ top မှာရောက်နေခဲ့ပါတယ်။ သူမရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်တွေကို ပရိတ်သတ်တွေက လက်ခံအားပေးတဲ့ အပြင် သူမရဲ့ တမူထူးခြားတဲ့ ရုပ်ရည်ကိုလည်း အံ့အားသင့်နေကြပါတယ်။

တိတိကျကျပြောရရင် လှတာထက် handsome ဖြစ်နေတဲ့ ရုပ်ရည်ကြောင့် k netizen တွေ ကြွေနေကြတာပါ။ ခြေတံလက်တံတွေက ရှည်ပြီး skinny ဖြစ်တဲ့ body structure ကြောင့် monica ဟာ အက “က”ရင် ကျောကိုအားထည့်ပြီး က ပါတယ်။ ဒါကို ပရိသတ်တွေက သဘောတကျနဲ့ Oppa type ဆိုပြီး စ နေကြပါတယ်။

Monica ကိုယ်တိုင်ကလည်း ခုလို ဝန်ခံခဲ့ပါတယ်။ “လှတယ်ဆိုတာ handsome ဖြစ်တယ်ဆိုတာဘဲ ကျွန်မ ခဏခဏ ကြားရတယ်။ ဟုတ်ပါတယ် ကျွန်မမျက်နှာက handsome face ဆိုတာ ဝန်ခံပါတယ်။ ကျွန်မမှာ ကျွန်မထက် ကြီးတဲ့ အကိုတစ်ယောက်ရှိတယ်။ သူနဲ့ဆို မျက်နှာက လုံးဝဆင်တူချက်ဘဲ”

Monica ဟာ Dance တစ်ခုနဲ့ဘဲ ကျော်ကြားတာမဟုတ်ပါဖူး။ သူမဟာ model လည်း ဖြစ်တဲ့အတွက် model လောကမှာလည်း နာမည်ရ တစ်ယောက်ပါ။ ခု Street Woman Fighter ပြိုင်ပွဲမှာလည်း monica တစ်ယောက် ထိပ်ပိုင်းအဆင့်ထိ ရောက်အုံးမှာ သေချာပါတယ်နော်။

Source: Koreaboo
Written: Violet