NU’EST အဖွဲ့ဝင် Minhyun က ​Baekhyun ရဲ့ vocal trainer နဲ့ ဘာလို့လေ့ကျင့်ဖြစ်နေသလည်းဆိုတော့

Minhyun ဟာ 2012 မှာ NU’EST အဖွဲ့ဝင် အဖြစ် debut ခဲ့သူ ဖြစ်ပြီး 2018 မှာတော့ WANNA ONE အဖွဲ့ဝင်အဖြစ် ထပ် debut ခဲ့ပါတယ်။ သူ့ဘဝတလျှောက် ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းကြာနေပြီ ဖြစ်ပေမဲ့ သူ့ရဲ့အရည်အချင်းတွေကို အမြဲမြှင့်တင့်ကြိုးစားနေတဲ့သူ တစ်ယောက်ပါ။ လတ်တလောမှာ Minhyun ဟာ Vlive လွှင့်ခဲ့ပါတယ်။

ထို Vlive မှာ သူ vocal lesson တွေ သင်ယူနေဖြစ်ကြောင်း ခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော့်ရဲ့ လည်ချောင်းတွေ အက်တာ မဖြစ်ရအောင် master ကျတဲ့ ဆိုပုံဆိုနည်း vocal lesson တွေကို သင်ယူနေပါတယ်။

live ဆိုတဲ့အခါ သီချင်းကို အဆုံးထိ ကျွန်တော့်အသံနဲ့ ကောင်းကောင်းဆိုနိုင်ဖို့အတွက်ပါ။ ကျွန်တော်ပြောင်းလဲချိန်တန်ပြီလို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော် အောင်မြင်အောင်ကြိုးစားတယ်။ ခုပြင်းပြင်းထန်ထန် လေ့လာသင်ယူနေပါတယ်”

ထိုကဲ့သို့ သင်ယူနေတာကို ဘယ်သူနဲ့သင်ဖြစ်နေကြောင်းလည်း ခုလို ရှင်းပြခဲ့ပါတယ်။ “ပြီးတော့လေ ပရိသတ်တွေမမေးလည်း ဖြေချင်တယ် ကျွန်တော်က baekhyun ရဲ့ singing style ကို အရမ်းကြိုက်တာ.. ဒါကြောင့် သူ့ရဲ့ vocal trainer ကို စုံစမ်းခဲ့တယ် ပြီးတော့ ကျွန်တော့်ကိုလည်း လေ့ကျင့်ပေးဖို့ စာချုပ်ချုပ်ခဲ့ပါတယ်”

Minhyun ဟာ baekhyun နဲ့ ပက်သက်ပြီး ခဏခဏပြောဖူးတဲ့ တကယ့် Baekhyun fan အကြီးစားပါ။ သူ့ရဲ့ live တွေမှာဆို Baekhyun သီချင်းတွေ ခဏခဏ ဖွင့်ပြခဲ့ပါတယ်။ တခါတုန်းကဆို Baekhyun နဲ့ Doyoung သီဆိုထားတဲ့ 2001 ကထွက်ရှိခဲ့တဲ့ “Doll” သီချင်းရဲ့ remake song ကို ဖွင့်ပြခဲ့ပါတယ်။

မနှစ်တုန်းကလည်း Baekhyun ရဲ့ candy ကို live မှာ ဖွင့်ပြခဲ့ပြီး သူကိုယ်တိုင် လိုက်ဆိုနေခဲ့ပါသေးတယ်။ ခုလို Baekhyun ကို သဘောကျလို့ vocal ကို ကောင်းကောင်းလေ့ကျင့်နေတဲ့ Minhyun ပါတဲ့ NU’EST အဖွဲ့ရဲ့ သီချင်းသစ် “Inside Out” သီချင်းက ထွက်ရှိနေပါပြီနော်။ သူ့ဆိုပုံဆိုနည်းတွေက တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ နားထောင်ကြည့်ကြပါအုံးနော်…

Source: Koreaboo
Written: Violet