Celebrity News

သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ လက်​ဝှေ့သမားအဖြစ် ရိုက်ကူးဖို့ ​ဆွေး​​နွေး​နေတဲ့ Kim Seon Ho

မင်းသား Kim Seon Ho ဟာ “Sad Tropics” ဆိုတဲ့ရုပ်ရှင်ကားကြီးမှာပါဝင်သရုပ်​ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီးအ​သေးစိတ်အ​ကြောင်းအရာ​တွေကို ညိှနှိုင်း​ဆွေး​နွေး​နေတယ်လို့ စက်တင်ဘာလ ၆ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာ​တွေက ထုတ်ပြန်လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မင်းသား Kim Seon Ho ရဲ့ ​အေဂျင်စီဖြစ်တဲ့ SALT Entertainment က​​တော့ ကမ်းလှမ်းမှုကို အ​ကောင်းဘက်က​နေ စိစစ်သုံးသပ်​နေဆဲပါလို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

“Sad Tropics” ရုပ်ရှင်ကားဟာ ကိုရီးယားလူမျိုးဖခင်နဲ့ ဖိလစ်ပိုင်လူမျိုးမိခင်က ​မွေးဖွားလာတဲ့ လူငယ်​လေးတစ်​ယောက်အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့မှာ လက်​ဝှေ့သမားဖြစ်ဖို့ အိပ်မက်ရှိ​နေပြီး သူ့ကို စွန့်ပစ်သွားခဲ့တဲ့ ဖခင်ကို ရှာ​ဖွေကို ကိုရီးယားကို ​ရောက်လာခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ မ​ကောင်းတဲ့လူဆိုး​တွေနဲ့ ​တွေ့ကြုံရပြီး အမျိုးမျိုး​သော အ​ခြေအ​နေ​တွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို​တော့ “New World,” “V.I.P” နဲ့ “The Witch: Part 1 The Subversion” တို့လို နာမည်ကြီးဇာတ်ကား​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Park Hoon Jung က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

မင်းသား Kim Seon Ho သာ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့ရင် သူ့အတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လာမှာပါ။ တစ်ဖက်မှာ Kim Seon Ho ဟာ လက်ရှိပြသ​နေတဲ့ ‘Hometown Cha-Cha-Cha’ ဇာတ်လမ်းတွဲကို ​အောက်တိုဘာလထဲမှာ အပြီးသတ်ရိုက်ကူးသွားမှာဖြစ်ပြီး တစ်ဆက်တည်း ‘Sad Tropics’ ကို ​နိုဝင်ဘာလထဲမှာ မနားတမ်းရိုက်ကူးသွားမယ်လို့လည်း သတင်း​တွေ​ထွက်​ပေါ်​​နေပါတယ်။

အခုအချိန်မှာ ​သေချာအတည်ပြုနိုင်တာ မရှိ​သေး​​​ပေမဲ့ ဒီဇာတ်ကားကိုသာ ရိုက်ကူးဖြစ်ခဲ့ရင် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်လာမှာ အ​သေအချာပါပဲ။ အမြန်ဆုံးလက်ခံရိုက်ကူးဖြစ်ပါ​စေလို့လည်း ဆု​တောင်းပါတယ်။

Source : Soomp
Photo : Instagram
Written : ZL