Celebrity News

၉ လကြာမှ “Return of Superman” မှာ ပထမဆုံးပြန်လည်မြင်​တွေ့ခဲ့ရတဲ့ Gary နဲ့ Hao ​လေး

တောင်ကိုရီးယား Hip-hop အဆို​တော် Gary နဲ့ သူ့သား​လေး Hao တို့ဟာ ၉ လကြာမှ ပထမဆုံး တီဗီဖန်သားပြင်ထက်မှာ ​ထွက်ပေါ်​လာခဲ့ပါတယ်။ Gary တို့ သားအဖဟာ စက်တင်ဘာလ ၅ ရက်​နေ့မှာ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ‘The Return of Superman’ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။

ထိုအပိုင်းမှာ Gary နဲ့ Hao ​လေးတို့ camping သွားကြတာကို ​တွေ့မြင်ရမှာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ‘The Return of Superman’ အစီအစဉ်က နုတ်ထွက်ခဲ့ပြီး​နောက် ၉ လကြာမှ ပထမဆုံး ပြန်လည်ပါဝင်ခဲ့တာဖြစ်ပါတယ်။

Gary နဲ့ Hao ​လေးတို့ဟာ ‘The Return of Superman’ အစီအစဉ်ကို ၂၀၂၀ ခုနှစ် ​ဖေ​ဖော်ဝါရီလမှာ ပထမဆုံးစတင်ရိုက်ကူးခဲ့ပြီး ထိုစဉ်က Hao ​လေးရဲ့ အသက်ဟာ ၂၆ လသာရှိပါ​သေးတယ်။ Hao ​လေးဟာ အရင်တည်းက ဉာဏ်ရည်ထက်မြက်ပြီး သွက်လက်ချက်ချာတဲ့ က​လေး​လေးဖြစ်ပါတယ်။

အခုအချိန်မှာ​တော့ Hao ​လေးရဲ့ အသက်ဟာ ၄၅ လရှိပြီဖြစ်ပြီး အ​တော်​လေးလည်း ထွားလာပါတယ်။ သူဟာ အရပ်လည်းပိုရှည်လာသလို သူ့ရဲ့ ဘာသာစကားစွမ်းရည်ကလည်း ပိုပြီး တိုးတက်ကျွမ်းကျင်လာတာကို ​တွေ့ရမှာပါ။

Camping စခန်းချဖို့အတွက် သူ့ရဲ့ဖခင်ကို လူကြီး​လေးတစ်​ယောက်လို ကူညီလုပ်ကိုင်​ပေးပုံ​တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။ Gary က​တော့ “ကျွန်​တော်တို့ ‘The Return of Superman’ က​နေ နုတ်ထွက်သွားပြီး​နောက် အားလုံးက Hao ​လေး ဘာလုပ်​နေလဲလို့ မေးကြတယ်” လို့ ​ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး Gary က “ကျွန်​တော်တို့ကို ပရိသတ်​တွေ မ​တွေ့ရတာကြာ​နေပြီဖြစ်တာ​ကြောင့် အားလုံးကို နှုတ်ဆက်ချင်တာရယ်၊ ဒီအစီအစဉ်က​နေတစ်ဆင့် Hao ​​လေးကို ပရိသတ်​တွေ ​တွေ့လို့ရ​အောင် လုပ်​ပေးချင်တာရယ်​ကြောင့် ပါဝင်ဖြစ်တာပါ” ဆိုပြီး အစီအစဉ်မှာ ပါဝင်ဖြစ်ပုံကို ရှင်းပြခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ အဆို​တော်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ Gary ဟာ LEESSANG ဆိုတဲ့ Hip Hop အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ SBS ရဲ့ ‘Running Man’ အစီအစဉ်မှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ၂၀၁၆ ​အောက်တိုဘာလမှာ နုတ်ထွက်ခဲ့ကာ အိမ်​​ထောင်ပြုခဲ့ပါတယ်။ ထိုအချိန်ကစလို့ Gary ဟာ ကိုယ်ပိုင်မိသားစု​လေးနဲ့ ဘဝကို ​အေးချမ်းသာယာစွာ ဖြတ်သန်းလျက်ရှိပါတယ်။

Source : SBS Star
Photo : Instagram
Written : ZL