Celebrity News

သားလေးကို လွမ်းကြောင်း, ငိုရင်းပြောရာမှ ခင်ပွန်းဟောင်းကိုပါ ချစ်နေသေးပုံပေါ်တဲ့ Zhao Liying

ထိပ်တန်းမင်းသမီး Zhao Liying အိမ်ထောင်ကွဲတဲ့သတင်းက လအတော်ကြာ ငြိမ်သွားပြီးတဲ့နောက် မကြာသေးခင်က သူ့သားလေးနဲ့ သွာစတွေ့ပြီးနောက်မှာ ‌တကျော့ပြန် အပြောများလာပြန်ပါတယ်။ ယောက်ျားဖြစ်သူ မင်းသား Feng Shaofeng နဲ့ ကွာရှင်းခဲ့ပေမဲ့ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကို ပရိသတ်တွေက အာရုံစိုက်နေကြဆဲပါပဲ။

ကွာရှင်းပြီးနောက်ပိုင်း သားဖြစ်သူကို Feng Shaofeng နဲ့ သူတို့မိဘ‌ဖက်က ခေါ်ယူကာပြုစုပျိုးထောင်နေတာဖြစ်ပြီး Zhao Liying ကတော့ သူမရဲ့သားဖြစ်သူကိုတွေ့ဖို့အတွက် သွားလိုက်ပြန်လိုက်နဲ့ ကူးလူးနေရရှာပါတယ်။

Recently, according to Sohu ဖက်ကတင်ခဲ့တဲ့ သတင်းဆောင်းပါးတစ်ခုမှာတော့ Zhao Liying နဲ့ အင်တာဗျူးလုပ်ခဲ့တဲ့အကြောင်း ရေးသားဖော်ပြထားပြီး အဆိုပါ အင်တာဗျူးမှာပဲ မင်းသမီးချောဟာ မျက်ရည်မထိန်းနိုင်အောင်ဖြစ်ခဲ့တယ်,လို့ ဆိုပါတယ်။

သတင်းသမားက “သားလေးကို လွမ်းလား?” ဆိုပြီး မေးခဲ့ပါတယ်။ ဒီမေးခွန်းကိုကြားတော့ Zhao Liying က “ကျွန်မရဲ့သားလေးကို ကျွန်မ တအားစိတ်ပူပါတယ်။ သူက ကျွန်မအတွက် အကြီးမားဆုံးစိုးရိမ်မှုတစ်ခုပါပဲ။ ကျွန်မနဲ့အတူနေနိုင်ဖို့ကို ဆုတောင်းရင်း မျှော်လင့်နေရတာပါ” ဆိုပြီး မျက်ရည်တွေဝဲကာ ဖြေသွားခဲ့ပါတယ်။

ဒါ့အပြင် Zhao Liying က ခင်ပွန်းဟောင်းဖြစ်သူ Feng Shaofeng အကြောင်းကိုလည်း ထည့်ပြောခဲ့တာကြောင့် ပရိသတ်တွေက ဒါကိုလည်း စာနာသနားနေခဲ့ကြပြန်ပါတယ်။ ကျဲကျဲပြောသွားတဲ့အထဲမှာ အဓိက,ကတော့ “Feng Shaofeng ဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့သားဖြစ်သူကိုလည်း စိတ်ကျေနပ်အောင် နွေးထွေးမှုပေးနိုင်သူတစ်ယောက်ဖြစ်ကြောင်း” ထည့်ပြောခဲ့တာကြောင့် ပရိသတ်တွေက Zhao Liying ရဲ့ ရင်ထဲကို ထပ်တူခံစားပေးခဲ့ကြပါတယ်။

သူမရဲ့ အဖြေကြောင့်ပဲ မင်းသမီး Zhao Liying အနေနဲ့ ခင်ပွန်းဟောင်းဖြစ်သူကို ယနေ့အချိန်ထိ မေတ္တာရှိနေဆဲဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ သားလေးနဲ့သွားတွေ့ပြီးနောက်ပိုင်း Zhao Liying ဟာလည်း သူ့သားလေးနဲ့အတူ နေချင်မှာပါပဲ။ ရှေ့ဆက်ပြီးဘယ်လိုဖြစ်လာမယ်ဆိုတာ မသိနိုင်သေးပေမဲ့ အရာရာအဆင်ပြေသွားဖို့သာ မျှော်လင့်နေပါတယ်။

Source: Sohu
Photos: Sohu
Translated by Julix