Celebrity News

ချိုင်းနားဖျော်ဖြေရေးလောကရဲ့ တရားဝင်ချပြလိုက်တဲ့ အသစ်စက်စက် စုံတွဲ

နာမည်ကြီး အနုပညာရှင်များ အနေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို သူတို့ရဲ့ ကိုယ်ပိုင်အသုံးအနှုန်းတွေနဲ့ ကြေငြာခြင်းဟာ ပါပါရာဇီတွေဆီမှာ ဖမ်းမိတာထက် အမြဲပိုမိုကောင်းမွန်တဲ့ ချပြမှု နည်းလမ်းပဲ ဖြစ်ပါတယ်။

စက်တင်ဘာ (၆) ရက်နေ့က “Eternal Love of Dream” ဇာတ်လမ်းတွဲမှာ အတူပါဝင်ခဲ့ကြဖူးတဲ့ တွဲဖက်သရုပ်ဆောင်များဖြစ်တဲ့ Dylan Kuo နဲ့ Ma Zehan တို့ဟာ သူတို့ရဲ့ချစ်ခြင်းတွေကို တရားဝင်ကြေငြာခဲ့ကြပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့ဟာ Ma Zehan ရဲ့ (၂၅) နှစ်ပြည့်မွေးနေ့ ဖြစ်တဲ့အပြင် Dylan Kuo နဲ့ Ma Zehan တို့နှစ်ဦးစလုံးက “တစ်သက်တာလုံး” လို့ အဓိပ္ပာယ်ရတဲ့ ချိုင်းနားဘန်းစကားကို အသုံးပြုပြီး Weibo အကောင့်များမှာ Post တွေ တင်ခဲ့ကြပါတယ်။

Dylan Kuo က “ခံစားနေရတာတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး၊ စိတ်ထဲကနေ အမှန်အတိုင်းပြောမယ် ငါနင့်ကိုထာဝရချစ်တယ်” လို့ ရေးသားထားပြီး Ma Zehan ကို tag ထားပါသေးတယ်။

Ma Zehan ကလည်း “ခံစားနေရတာတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး၊ ဒါပေမယ့် ငါ့နှလုံးသားကနေပြောမယ် ငါနင့်ကိုထာဝရချစ်တယ်” လို့ တင်ထားပြီး Dylan Kuo ကို tag ထားခဲ့ပါတယ်။ တကယ့်ကို ပြတ်ပြတ်သာသားနဲ့ Ro ဆန်ဆန် ချပြမှုဟာ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးအဖြစ် ဖန်တီးနိုင်ခဲ့ကြပါတယ်။

Dylan Kuo နဲ့ Ma Zehan တို့ နှစ်ဦးရဲ့ ချိန်းတွေ့မှုဟာ (၂၀၁၈) အောက်တိုဘာလမှာလည်း ကောလဟာလ ထွက်ခဲ့ဖူးသလို (၂၀၁၉) စက်တင်ဘာလမှာလည်း Dylan Kuo ဟာ အမျိုးသမီးတစ်ဦးနဲ့ ညစာစားနေတာကို တွေ့လိုက်ရပြီး တူညီတဲ့ ဟိုတယ်တစ်ခုထဲကို သီးခြားစီဝင်သွားတဲ့ အဖြစ်အပျက်ကို တွေ့ခဲ့ရပြီးနောက် ထိုအမျိုးသမီးဟာ Ma Zehan ဖြစ်ကြောင်း သိရှိခဲ့ကြ ဖူးပါသေးတယ်။

ဒါပေမယ့် အဲ့ဒီအချိန်ကတော့ Dylan Kuo ရဲ့အဖွဲ့က သူတို့ချိန်းတွေ့တာကို ငြင်းဆန်ခဲ့ပြီး “အဲဒါက ရုပ်ရှင်ရိုက်နေရင်း သူငယ်ချင်းတွေ ဆုံခဲ့တာ အမှန်ဘဲ” လို့ ပြန်လည်ရှင်းလင်းခဲ့ပေမယ့် အခုတော့ အမှန်တကယ်တွေ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : Weibo