Celebrity News

နိုင်ငံသားခံယူခြင်းနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုကြောင့် ဝေဖန်တိုက်ခိုက်ခံနေရပြီဖြစ်တဲ့ Liu Yifei

ကျုံးကော်ဖက်က အသစ်ချမှတ်လိုက်တဲ့ စည်းကမ်းတွေ ဥပဒေတွေကို သိပြီးသားဖြစ်ကြမှာပါ။ ခြေလှမ်းတစ်ချက်မှားတာနဲ့ ဘဝပျက်သွားနိုင်တဲ့ စည်းမျဉ်းတွေကြောင့် အနုပညာရှင်တွေခမျာ အသက်တောင် ဝဝမရှူနိုင်တဲ့အဖြစ်ပါပဲ။ C နိုင်ငံသား ပြောင်းလဲခံယူထားခြင်းမရှိတဲ့အနုပညာရှင်တွေဆိုရင် နောက်ပစ်မှတ်ဖြစ်လာနိုင်တယ်လို့တောင် ခန့်မှန်းနေကြပါတယ်။

နှစ်နိုင်ငံသားခံယူခြင်းကို လွန်စွာတားမြစ်ထားတဲ့ C နိုင်ငံရဲ့ ဥပဒေဟာ မင်းသမီးချော Liu Yifei အတွက် ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါပြီ။ ဒီကိစ္စဖြစ်လာရဲ့အကြောင်းအရင်းကတော့ ဟောင်ကောင်အဆိုတော်သရုပ်‌ဆောင်မင်းသား Nicholas Tse ရဲ့ ကနေဒါနိုင်ငံသား ခံယူခြင်းကို ငြင်းပယ်ခြင်းကနေ စတင်ခဲ့ပါတယ်။

မင်းသားက “‌ဟောင်ကောင်မှာမွေးတာကြောင့် ကျွန်တော်ဟာ C နိုင်ငံသားစစ်စစ်ဖြစ်ပါတယ်” ဆိုပြီး ပြောဆိုကာ ကနေဒါနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်လိုက်တာကြောင့် စက်တင်ဘာလ (၆) ရက်နေ့မှာပဲ မင်းသမီး Liu Yifei ဟာ များစွာသော အင်တာနက်အသုံးပြုသူတွေရဲ့ မဆုံးနိုင်တဲ့ဝေဖန်ခြင်းကို စတင်ပြီး ခံစားလာရပါတော့တယ်။

သတင်းတွေအရ မင်းသမီး Liu Yifei ဟာ မိဘနှစ်ပါးကွာရှင်းပြီးနောက် အသက် (၁၀) နှစ်အရွယ်ကတည်းက အမေရိကန်နိုင်ငံသား ခံယူထားတာလည်းဖြစ်ပါတယ်။ ဒီကိစ္စကြောင့်လည်း C နိုင်ငံကချမှတ်ထားတဲ့ နိုင်ငံသားဥပဒေနဲ့ငြိစွန်းကာ ပြည်မကြီးမှာ အနုပညာလှုပ်ရှားခွင့်တွေ ပိတ်ပင်တားမြစ်ခံလိုက်ရတဲ့မင်းသမီးတစ်ဦးအဖြစ် အရေးယူခံလိုက်ရရှာပါတယ်။

ပိုမိုတင်းကြပ်စွာ ချမှတ်လာတဲ့ ဥပဒေတွေကို ထုတ်ပြန်ကြေညာနေတာတောင် Liu Yifei ဟာ အမေရိကန်နိုင်ငံသားအဖြစ်စွန့်လွှတ်ပြီး C နိုင်ငံသားစစ်စစ်အဖြစ် တရားဝင်ကြေညာပြီး ခံယူခြင်းမရှိသေးတာကြောင့် အင်တာနက်သုံးစွဲသူများရဲ့ ဝေဖန်တိုက်ခိုက်ပြောဆိုခြင်းတွေကို ခံနေရပါတယ်။

တချို့က‌တော့ ထိပ်တန်းမင်းသမီး Zhao Wei လိုမျိုး အနုပညာလောက‌ထဲကနေ တိတ်တဆိတ်ဖယ်ရှားခံလိုက်ရမှာကို တွေးပူနေကြပါတော့တယ်။ သို့သော်လည်း ဟောလီးဝုဒ်အထိ‌တောင် ကျော်ကြားအောင်မြင်နေသူ Liu Yifei ကတော့ ဒီလိုမျိုး နိုင်ငံသားဖြစ်ခွင့် တောင်းဆိုမှုပြဿနာတွေနဲ့ပတ်သက်ပြီး ဘာတစ်ခွန်းမှ ပြောဆိုလုပ်ဆောင်ခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်အထိ Disney’s “Mulan” ဇာတ်ကား တစ်နှစ်ပြည့် Anniversary အတွက် ပုံတွေကိုသာ တင်ကာ ဂုဏ်ပြုနေခဲ့တာကြောင့် ကျုံးကော်က စဆရကတွေက ဒီမင်းသမီးရဲ့အပြုအမူနဲ့ပတ်သက်ပြီး လက်တွေ့ကျကျကိုင်တွယ်ဖို့ အာဏာပိုင်အကြီးပိုင်းတွေကို တောင်းဆိုနေကြပါတော့တယ်။

Source: Zingnews
Photos: Cpophome
Translated by Julix