Celebrity News

ယခင်နှစ်ရဲ့ Twitter မှာ လွှမ်းမိုးမှုအရှိဆုံး Kpop Group (5) ဖွဲ့စာရင်းထွက်ပေါ်

Twitter app ကတော့ သတင်းတွေ sharing လုပ်လို့ ရတဲ့ app ဖြစ်ပြီး ကမ္ဘာနဲ့ချီ တော်တော်အသုံးတွင်ကျယ်တဲ့ social media app တစ်ခုဖြစ်ပါတယ်။ အနုပညာရှင်တွေ အများကြီးသုံးကြပြီး fan တွေကလည်း သူတို့ရဲ့ အချစ်ကိုပြသတဲ့အနေနဲ့ Twitter မှာ fan made လေးတွေ တင်ကြ စကားပြောဆိုကြနဲ့ အဆင်ပြေနေကြပါတယ်။ Twitter မှာ trending 1 ဖြစ်ဖို့ဆိုတာ တော်တော်နာမည်ကြီးမှရမှာပါ။ Trending 1 ခဏခဏ ဝင်ခဲ့တဲ့ Kpop group (5) ဖွဲ့ကို ခုလို ဖော်ကြပေးလိုက်ပါတယ်။

(5) BLACKPINK

“BLACKPINK” နဲ့ သက်ဆိုင်တဲ့ hash tag တွေဟာ 64 ကြိမ်လောက် 2020 မှာ trending ဖြစ်ခဲ့ပါတယ်။ popular အဖြစ်ဆုံး hashtag ကတော့ #blackpink_globalpresscon ဖြစ်ပါတယ်။ June 26, 2020 မှာ “How You Like That” သီချင်းထွက်တုန်းက အဆိုပါ hashtag ဟာ 700k tweets နီးပါး ရခဲ့ပါတယ်။

(4) NCT

NCT အဖွဲ့ကတော့ Twitter မှာ 101 ကြိမ် trending ဖြစ်ခဲ့ပါတယ်။သူတို့ရဲ့ Group project ဖြစ်တဲ့ NCT 2020: RESONANCE နဲ့ ဆက်တိုက်ထွက်ခဲ့တဲ့ unit album တွေကြောင့် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ 2020 ခုနှစ် popular အဖြစ်ဆုံး hashtag ကတော့ #4YearsWithNCTDREAM ဖြစ်ပြီး August 2020 မှာ ကျရောက်တဲ့ NCT DREAM’s anniversary ကို ဂုဏ်ပြုတဲ့အနေနဲ့ trend ဖြစ်ခဲ့တာပါ။ 800 k tweets လောက်ရခဲ့ပါတယ်။

(3) EXO

EXO အဖွဲ့ကတော့ 2020 ခုနှစ်မှာ 102 ကြိမ်လောက် ခေါင်းစဉ်မျိုးစုံနဲ့ trending ဖြစ်ခဲ့ပါတယ်။ Group memberတွေရဲ့ သီးခြား project တွေဖြစ်တဲ့ Kai ရဲ့ Solo debut က အစပြုလို့ EXO-SC ရဲ့ ပထမဆုံး studio album အထိ album တွေမထွက်ခင်ရော ထွက်အပြီးရော နာမည်ကြီးခဲ့တာပါ။ သူတို့ရဲ့ top trending hashtag ကတော့ #exo ဖြစ်ပြီး Oct 29, 2020 with မှာ 500k tweets နီးပါး ရခဲ့ပါတယ်။

(2) GOT7

GOT7 အဖွဲ့ကတော့ 105 ကြိမ် နဲ့ 2020 ခုနှစ်ရဲ့ Twitter မှာ trend ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ hash tag အများစုကတော့ JYP Entertainment နဲ့ပက်သက်ပါတယ်။ ပရိသတ်တွေက GOT7 ကို JYP ဘက်က ပို support ပေးဖို့ သုံးခဲ့ကြတာပါ။ #JYPE_ManageGOT7Properly ဆိုတဲ့ Hashtag ဟာ 600k ထိတောင် ရောက်ခဲ့ပါတယ်။ ခုတော့ member တွေဟာ label သီးခြားစီနဲ့ စာချုပ်ချုပ်ဆိုလိုက်ကြပါပြီ။ ဒါပေမဲ့ သူတို့က အဖွဲ့လိုက် ဆက်ရင်းနှီးနေဆဲ ဖြစ်ပါတယ်။

(1) BTS

BTS အဖွဲ့ကတော့ 2020 ခုနှစ်တုန်းက Twitter မှာ အကြိမ်ပေါင်း 220 trending ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ top trend ကတော့ “Dynamite by BTS” ဖြစ်ပြီး ထို hash tag ဟာ Augest 21, 2020 မှာ tweet ပေါင်း 900k ကျော် ရခဲ့ပါတယ်။

Source: Koreaboo
Written: Violet