Celebrity News

ဖတ်နေရင်း ရင်ထဲစို့နင့်ကာ မျက်ရည်ဝဲသွားစေနိုင်မယ့် Jungkook အကြောင်းလေး (၈) ခု

Jungkook လေး.. အားလုံးက ချစ်စနိုးနဲ့ Golden Maknae လေးလို့ ခေါ်ကြတဲ့ ကုကီလေးကတော့ အပြင်ပိုင်းကကြည့်ရင် အေးဆေးတည်ငြိမ်ပြီး တိတ်တဆိတ်နေတတ်တဲ့ ကောင်လေးမျိုးပါ။ ဒီလိုဖြူစင်အေးချမ်းတဲ့ကောင်လေးမှာ ထုတ်မပြောပြဖူးတဲ့ အကြောင်းအရာလေးတွေရှိပါတယ်။

စိတ်သဘောထား နူးညံ့တာလေးတွေ.. ဂရုစိုက်ကြင်နာတတ်တာလေးတွေအပြင် ရိုးသားကြိုးစားတတ်တဲ့ အကျင့်စရိုက‌်လေးတွေဟာ ဖတ်ကြည့်ရင်းနဲ့တောင် ရင်ထဲမှာ စို့နင့်စေနိုင်တာမို့လို့ ကိုယ့်ဘေးနားမှာသာရှိရင် ပွေ့ဖက်ရင်း နှစ်သိမ့်အားပေးချင်မိတော့မှာပါ။

(1) ဆိုးလ်ကိုပြောင်းလာတဲ့အချိန် တအားကို အထီးကျန်ခဲ့ခြင်း

Kang Ho Dong ရဲ့ JBTC အစီအစဉ်တစ်ခုဖြစ်တဲ့ Give Me A Meal မှာဆိုရင် သူ့ရဲ့ငယ်ဘဝကို ပြောပြခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သင်တန်းသားဖြစ်ဖို့ ဆိုးလ်ကိုလာရင်း တစ်ယောက်တည်းနေခဲ့ရတာကြောင့် လူတွေနဲ့ ဆက်ဆံပြောဆိုဖို့ အခက်တွေ့ခဲ့ရှာပါတယ်။ Kang Ho Dong ကဆိုရင် “လူ့ဘဝပတ်ဝန်းကျင်ကို အသက်ငယ်ငယ်လေးနဲ့ အစောကြီးကျင်လည်ခဲ့ရတဲ့ ကလေးငယ်လေး” ဆိုပြီး နှစ်သိမ့်ခဲ့ရှာပါသေးတယ်။

(2) မျက်နှာဖုံးတပ်ထားသလို ခံစားရခြင်း (ဟန်ဆောင်ဆက်ဆံနေရခြင်း)

Jungkook ဟာ အမြဲတမ်း တစ်ယောက်တည်းနေရတဲ့အတွက် လူအများကြီးနဲ့ တွေ့ဆုံရတဲ့အခါမှာ အသက်ရှုကြပ်သလိုမျိုးဖြစ်ပြီး အဆင်မပြေဖြစ်ဖူးတယ်လို့ ပြောခဲ့ဖူးရှာပါတယ်။ “မသိတဲ့သူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရရင် ကျွန်တော်က ဟန်ဆောင်ဆက်ဆံနေမိသလိုကြီး ခံစားရတယ်။

ကျွန်တော်တို့ကြားမှာ တံတိုင်းကြီး ကာဆီးထားသလိုပေါ့.. လူတွေကို ရင်ထဲနှလုံးထဲက ဆက်ဆံရမယ်ဆိုတာသိပေမဲ့ ကျွန်တော်လုပ်မိတာက ‘ဒီလူနဲ့ ရင်းနှီးအောင် ဘယ်လိုမျိုး လုပ်ရပါ့မလဲ.. ဒါမှမဟုတ်.. သူ့ကို ငါ့လိုမျိုးဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ?’ ဆိုပြီး ခေါင်းထဲမှာ တွေးနေမိတယ်။

လူတွေကြားထဲကိုရောက်ရင် ကျွန်တော့်မှာ မျက်နှာဖုံးတပ်ပြီး ဟန်ဆောင်နေမိပါတော့တယ်” လို့ ရင်ဖွင့်ခဲ့ပါတယ်။ Kang Ho Dong ကဆိုရင် ဒါဟာ မကောင်းတဲ့အရာမဟုတ်တာမို့လို့ ဘေးနားကလူတွေ‌ဆီကနေ သင်ယူလို့ရကြောင်း အကြံပေးခဲ့ပါတယ်။

(3) ခံစားချက်တွေကို ထုတ်မပြောဘဲ အပြုအမူလေးတွေကနေ ဖော်ပြခြင်း

အငယ်ဆုံးလေးဆိုပေမဲ့ သူ့ရဲ့ hyung တွေကို ကူညီဖေးမသလို လွန်စွာမှလည်း စိုးရိမ်ပူပန်ပေးတတ်ပါတယ်။ အလိုရှိတဲ့အချိန်တိုင်း ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်တတ်ပါသေးတယ်။ ဒါတွေကိုတော့ သူ့ရဲ့ပါးစပ်ကနေ ထုတ်မပြောဘဲ ရင်ထဲကနေလာတဲ့နွေးထွေးကြင်နာမှုဖြစ်လို့ အလိုအလျောက် လုပ်ပေးတာမျိုးပါ။

(4) နားထောင်နေတုန်းက ဘာမှမဖြစ်ပေမဲ့ စကားပြောမိရင် အလွယ်တကူ ငိုတတ်ခြင်း

BTS အဖွဲ့ရဲ့ ပထမဆုံး Concert မှာတုန်းက အငယ်လေးဟာ ကျေးဇူးတင်စကားပြောနေရင်း ရုတ်တရက်ကြီး ငိုချဖူးပါတယ်။ ဒီလိုမျိုး စကားပြောတဲ့အခါတိုင်း ငိုမိတဲ့အကြောင်းကိုလည်း သူ့ဘာသာသတိထားမိပြီး ပြောပြဖူးပါတယ်။ “နားထောင်နေတုန်းက အိုကေစိုပြေပဲ။

စကားပြောတဲ့အခါကျမှ ခံစားချက်တွေမထိန်းနိုင်တော့ဘဲ ငိုချတော့တာ” ဆိုပြီး ရေဒီယိုရှိုးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ရင်ထဲစို့နင့်နေတဲ့အကြောင်းက အားလုံးကိုလည်း ငိုစေနိုင်တာကြောင့် ‌Jungkook ကတော့ သူ့ရဲ့ရင်တွင်းဖြစ်ခံစားချက်တွေကို ထုတ်ပြောရတာ တကယ်မကြိုက်တဲ့ကောင်လေးပါပဲ။

(5) သူများအတွက် လွန်စွာစိုးရိမ်ပေးခြင်း

RM ကဆိုရင် Jungkook အနေနဲ့ ပထမဆုံးအ‌ခေါက်ငိုချတုန်းက သူ့အတွက်သူ ငိုတာမျိုးမဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။ အစ်ကို (၆) ယောက်စလုံး ခက်ခဲပင်ပန်းပြီး ကြိုးစားရုန်းကန်နေရတာမြင်ရတာဟာ သူ့အတွက် ရင်ကွဲရလွန်းလို့ တရှုံ့ရှုံ့နဲ့ကို ငိုခဲ့တယ်လို့ ‌ဆိုပါတယ်။

(6) လာရာဘဝကို မမေ့တတ်ခြင်း

၁၉ နှစ်မြောက်မွေးနေ့တုန်းက ကျေးဇူးတင်ချင်တဲ့သူတွေ ရှိလားဆိုပြီး မေးမြန်းခဲ့ဖူးပါတယ်။ ဒါကိုတော့ “သေချာပေါက် ကျွန်တော့်ရဲ့မိဘတွေပေါ့။ ကျေးဇူးတင်ထိုက်သူတွေအားလုံးထဲမှာ ကျွန်တော့်ရဲ့မိဘနှစ်ပါးကို လွန်စွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ Mom, dad, I love you” ဆိုပြီး ဖြေခဲ့ဖူးရှာပါတယ်။

(7) limit ရောက်တဲ့အထိ ကိုယ့်ကိုကိုယ် တွန်းအားပေးခြင်း

“Wings” tour မှာတုန်းက ကုကီလေးတစ်ယောက် မူးလဲမလိုဖြစ်တာကို သိကြမှာပါနော်။ သူ့ကိုသူလည်း သူ့ရဲ့အရည်အချင်းက လိုအပ်နေသေးတယ်ဆိုပြီး ခံယူထားသူပါ။ ဒါကိုသိတဲ့ RM က Jungkook အကြောင်းပြောပြခဲ့ပါတယ်။ အငယ်ဆုံးလေးက သူ့အနေနဲ့ ပင်ပန်းနွမ်းနယ်နေတာကို ဘယ်တော့မှာ မဖော်ပြပါဘူး။

ဒါ့ကြောင့်မို့လို့လည်း မေ့လဲမလို ဖြစ်ခဲ့ရှာပါတယ်။ Jungkook ဟာ သူ့ကိုယ်သူ အမြဲလိုလိုတွန်းအားပေးနေတတ်ပြီး အဖွဲ့နဲ့ အစ်ကိုတွေအတွက် အဆင်မပြေဖြစ်မှာစိုးတာကြောင့် ပင်ပန်းနေရင်တောင် ဘယ်တော့မှာ ထုတ်မပြတဲ့ ကလေးလေးပါ။

  1. Fan တွေကိုလည်း ချိုမြိန်ကြင်နာစွာ ဆက်ဆံခြင်း

လက်မှတ်ရေးထိုးပေးပွဲမှာဆိုရင် Jungkook တစ်ယောက် ပရိသတ်တွေကို ဘယ်လောက်တောင် ကြင်နာတတ်သလဲဆိုတာ မျင်မြင်ပါပဲနော်။ အမြဲလိုလို နွေးထွေးမှု‌တွေပေးတတ်တဲ့ သူ့ရဲ့စရိုက်လေးက ပရိသတ်တွေအတွက်တော့ အားကိုးစရာ နားခိုရာလေးပါပဲ။ တစ်ခါကဆိုရင် သူ့ရှေ့မှာငိုနေခဲ့တဲ့ fan လေးတစ်ယောက်ကို ထွေးထွေးပွေ့ပွေ့နဲ့ ချော့နေခဲ့ဖူးတာဟာ တကယ်ကို အရည်ပျော်ကျစေနိုင်ပါတယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix