Celebrity News

Xiumin က သူ့ရဲ့ musical ပြဇာတ် “Hadestown” အတွက် ဘယ်လိုတွေကြိုးစားအားထုတ်နေသလည်း ဆိုတော့…

EXO အဖွဲ့ဝင် Xiumin ဟာ သူတို့ရဲ့ Group comeback “Don’t Fight The Feeling” ထွက်ရှိပြီးထဲက သူ့ရဲ့တကိုယ်တော် musical ပြဇာတ်အတွက် ပြင်ဆင်နေသူပါ။ Hadestown ပြဇာတ်ဟာ နာမည်ကြီး ပြဇာတ်ဖြစ်ပြီး “အကောင်းဆုံး Musical”ဆုအပြင် ဆု ခြောက်ခုတောင် 2019 ခုနှစ်မှာရခဲ့ပါတယ်။

ဒီဂီတပြဇာတ်ဟာ ဂရိ ဒဏ္ဍာရီလာ Orpheus ဟာ သူ့ရဲ့ ချစ်သူ Eurydice ကို ကယ်ဖို့အတွက် မြေအောက်ကမ္ဘာကို သွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယါ။ Orpheus ဟာ Legendary ဂီတပညာရှင် ဖြစ်တာမို့ သူ့ရဲ့ချစ်သူကို ပြန်ထုတ်ပေးရန် ငရဲဘုရင် Hades နဲ့ သူ့ရဲ့ကြင်ယာတော် Persephone ကို သီချင်းတွေဆိုပြ အသုံးတော်ခံခဲ့ပါတယ်။

ဒီဂီတပြဇာတ်ရဲ့ Korea Version မှာ Xiumin ဟာ ဇာတ်ဆောင် Orpheus အဖြစ် ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ပြဇာတ်ရဲ့ မူရင်းမှာ ဂစ်တာနဲ့ သီချင်းသီဆို ဖျော်ဖြေတာမို့ Vocalist ဖြစ်တဲ့ “Xiumin” အတွက်တော့ စိန်ခေါ်မှုတရပ်ပါဘဲ။ သီချင်းသီဆိုရတာ အခက်အခဲမရှိပေမဲ့ Guitar တီးတာကိုတော့ ခုမှ လေ့လာနေရပါတယ်။

Singles Korea ကနေ Xiumin ကို “Guitar နဲ့ ပက်သက်ပြီး အခက်ခဲရှိလား?” လို့ မေးခဲ့ရာမှာ Xiumin က ခုလို ဖြေခဲ့ပါတယ်။ “Orpheus နေရာမှာ သရုပ်ဆောင်ရတဲ့သူတွေက ဂစ်တာကိုင်လိုက်တာနဲ့ စိတ်ဖိစီးမှုအများကြီး အောက်ကို ရောက်သွားရော။ Guitar ကိုင်တဲ့အချိန်ဆို အားလုံးစိတ်ဆင်းရဲနေကြတယ်။

ကျွန်တော်ကတော့ Guitar နဲ့ နည်းနည်းပိုရင်းနှီးအောင် ကြိုးစားနေပါတယ်။ show မပြီးမချင်း Guitar နဲ့ ကျွန်တော် သူငယ်ချင်းတွေလို တပူးပူးတတွဲတွဲဖြစ်နေမှာပါ” ဒီအကြောင်းကို behind the scene Video အမေးအဖြေမှာ ပြောခဲ့တာတွေ ဖြစ်ပြီး musical က လည်း ပြသတော့မှာပါ။

Musical က အရင်လထဲက ပြသဖို့ စီစဉ်ခဲ့ပေမဲ့ Xiumin ဟာ Covid ဖြစ်လို့ ခဏရပ်ဆိုင်းခဲ့ရပါတယ်။ ဒီလအစမှာတော့ Xiumin ဟာ ပြန်လည်ကျန်းမာလာခဲ့ပြီး သူ့ရဲ့ အနုပညာအလုပ်တွေ ပြန်လုပ်နေပါတယ်။ မနေ့ကဆို Bubble မှာ “နောက်ဆုံးတော့ ဒီနေ့ရောက်ပြီ!!ကျွန်တော် အရမ်းစိတ်ပူနေတယ်..ဒါပေမဲ့ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ” ဆိုပြီး ပုံတင်ပေးခဲ့ပါတယ်။

Source: Koreaboo
Written: Violet