Celebrity News

YouTube ကရရှိတဲ့ အမြတ်​​ငွေတွေကို ​ဆင်းရဲနွမ်းပါးတဲ့လူနာ​တွေအတွက် လှူဒါန်းခဲ့တဲ့ Kim Jong Kook

စက်တင်ဘာလ ၈ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာ​တွေက ထုတ်ပြန်တဲ့ သတင်း​တွေအရ ပရိသတ်အချစ်​တော် Running Man အဖွဲ့ဝင် Kim Jong Kook ဟာ သူ့ရဲ့ YouTube channel ကရရှိတဲ့ အမြတ်​တွေကို Samsung Medical Center နဲ့ Hyewon Medical Foundation Sejong Hospital တို့ကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် Kim Jong Kook ရဲ့ YouTube Channel မှာလည်း ​ဆေးရုံ ၂ ခုက​ပေးအပ်တဲ့ အလှူရှင်မှတ်တမ်းဂုဏ်ပြုလွှာကို ​ဖော်ပြထားပါတယ်။ Kim Jong Kook ဟာ ယခုနှစ် ဇွန်လ ၁၇ ရက်​နေ့မှာ ကိုယ်ပိုင် YouTube Channel ကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ follower ၁ သန်း​ကျော်ရရှိခဲ့တာ​ကြောင့် Gold Play Button ကို ရရှိခဲ့ပါတယ်။

သူဟာ ကျန်းမာ​ရေးလိုက်စားတဲ့သူဖြစ်ပြီး ​အားကစားနဲ့ ပတ်သက်ပြီး အ​တွေ့အကြုံရင့်​နေပြီဖြစ်တဲ့အတွက် သူ့ရဲ့ channel က​နေ ကျန်းမာ​ရေးညီညွတ်တဲ့ ​နေထိုင်စား​သောက်နည်း​တွေ၊ အားကစားလုပ်​နည်း​တွေကို မျှ​ဝေ​ပေး​နေတာဖြစ်ပါတယ်။

Kim Jong Kook ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်​နေ့က ထို YouTube Channel က ထုတ်လုပ်​ရေးစရိတ်နုတ်ပြီး ရရှိလာတဲ့ အမြတ်အားလုံးကို လှူဒါန်းသွားမှာဖြစ်​ကြောင်း တရားဝင်​ကြေငြာခဲ့ပါတယ်။ အခုအခါမှာ​တော့ ကတိ​ပေးထားတဲ့အတိုင်း ​ဆေးရုံ​တွေကို ဝမ် သန်း ၇၀ ​​ကျော် လှူဒါန်းခဲ့တာပါ။ ​ဆေးရုံ ၂ ခုလုံးက​တော့ ရရှိတဲ့ အလှူ​ငွေ​တွေကို နှလုံး​ရောဂါခံစား​နေရတဲ့ လူနာ​တွေနဲ့ ​ငွေ​ကြေးမတတ်နိုင်တဲ့ လူနာ​တွေအတွက် သုံးစွဲသွားမယ်လို့ ​ပြောကြားထားပါတယ်။

Kim Jong Kook ဟာ ၂၀၂၀ ခုနှစ်တုန်းကလည်း ​ရေဘ​ေးဒုက္ခသည်​တွေအတွက် ဝမ် သန်း ၅၀ ကို လှူဒါန်းခဲ့ဖူးပါတယ်။ အခုအခါမှာ​တော့ သူ့ရဲ့ YouTube Channel ဟာ follower ​ပေါင်း ၂ သန်း​​ကျော် ရရှိ​နေပြီဖြစ်ပြီး ဗီဒီယို ၁၃ ခုမှာ ကြည့်ရှုမှု​ပေါင်း ၅၉ သန်းနီးပါး ရှိပြီဖြစ်ပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL