Celebrity News

နာမည်ကြီးမင်းသမီးချော (၃) ဦးနဲ့ ‘ဇာတ်လမ်းစုံတွဲ’ တွေအဖြစ် ပွဲထွက်လာတော့မယ့် Mark Prin

“My Forever Sunshine” ပြီးကတည်းက မင်းသားချော Mark Prin ရဲ့ ဇာတ်လမ်းသစ်တွေကြည့်ရဖို့အတွက် အကြာကြီးစောင့်ခဲ့ရမယ် ထင်ပါတယ်။ ၂၀၂၁ အတွင်း လူအများရှာဖွေခံရတဲ့ CH3 မင်းသားတစ်လက်ဖြစ်သူ Mark Prin ကတော့ လတ်တလောပြသနေတဲ့ဇာတ်လမ်းတွေမရှိပေမဲ့ မကြာမီထွက်ရှိလာမယ့်ဇာတ်လမ်းတွေကတော့ အားလုံးကို ဖမ်းစားလိုက်ပြန်ပါပြီ။ Mark Prin ဟာ “ဇာတ်လမ်းစုံတွဲ‌”တွေအဖြစ် Thai TV3 ရဲ့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး (၃) လက်နဲ့တွဲဖက်ပြီး ၂၀၂၁ နောက်ပိုင်းကာလတွေကို သိမ်းပိုက်ဦးတော့မှာပါ။

Photo Credit: MarkPrin Official

Yaya Urassaya

ထိပ်တန်းမင်းသမီး Yaya Urassaya နဲ့ တွဲဖက်ရိုက်ကူးမယ့်သတင်းကတော့ ဟိုးလေးတကျော်ကိုဖြစ်သွားခဲ့တာပါ။ “ဘဝလှိုင်းတံပိုး” ဇာတ်လမ်းပြသပြီးကတည်းက ဒီစုံတွဲကို ထပ်မံမြင်တွေ့နိုင်ဖို့ ၄ နှစ်ကျော်ကြာ မျှော်နေခဲ့ကြတာကြောင့် အားလုံးလည်း ပျော်နေကြတာပါ။ ဇာတ်လမ်းသစ်အကြောင်းကို‌တော့ ထုတ်လုပ်ရေးဖက်က လျှို့ဝှက်ထားဆဲဖြစ်တာကြောင့် အသေးစိတ်မသိရသေးပေမဲ့ Mark နဲ့ Yaya တို့ရဲ့ လိုက်ဖက်အတွဲညီနေမှုကြီးကို တော်တော်ကြည့်ချင်နေပါပြီ။

Photo Credit: MarkPrin Official
Photo Credit: MarkPrin Official

Taew Natapohn

Mark Prin နဲ့ Taew Natapohn တို့ရဲ့ အက်ရှင်ဒရမ်မာသစ် Game Lah Torrachon ကလည်း မပြသသေးခင်ရတည်းက လူသိများလှပါတယ်။ Taew အတွက် ပထမဆုံးသော အက်ရှင်ရိုက်ကူးမှုဖြစ်သလို မင်းသား Mark Prin အတွက်လည်း အက်ရှင်ကားမှာ အတွဲညီညီနဲ့လက်စွမ်းပြခွင့်ရခဲ့ပါတယ်။ ရိုက်ကူးရေးပြီးစီးဖို့ ၂ နှစ်ကျော်လောက် ကြာမြင့်ခဲ့တာကြောင့် အကောင်းဆုံးဖန်းတီးရိုက်ကူးမှုဖြစ်ပြီး မကြာခင်တော့ ပြသတော့မယ်လို့ ထင်ပါတယ်။

Photo Credit: MarkPrin Official

Mark နဲ့ Taew ကလည်း ရှေးဟောင်းဇာတ်လမ်းဖြစ်တဲ့ The King’s Love Story မှာကတည်းက ကြည့်ရှုသူတွေကို မျက်ရည်ရွဲလဲဖြစ်စေခဲ့တဲ့အထိ အတွဲညီစွာခံစားစေနိုင်ခဲ့တာကြောင့် ဇာတ်လမ်းသစ်ပေါင်းဆုံမှုက ဘယ်လိုခံစားချက်တွေ ပေးစွမ်းဦးမလဲဆိုတာ ရင်ခုန်စရာပါပဲ။

Bow Maylada

Mark ရဲ့ နောက်ထပ်ဇာတ်လမ်းစုံတွဲလေးကတော့ မင်းသမီးလေး Bow Maylada ပါ။ Mark နဲ့ အတူရိုက်ကူးမယ့်အကြောင်းကို အွန်လိုင်းအစီအစဉ်တစ်ခုမှာ Bow ကိုယ်တိုင် အတည်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ Bow Maylada က အရင်ကတည်းက သူမအတွက် စီနီယာမင်းသားဖြစ်သူ Mark Prin ကို နှစ်ခြိုက်အားပေးသူဖြစ်တာကြောင့် ဇာတ်လမ်းသစ်လေးက တကယ်ကို အသက်ဝင်နေတော့မှာပါပဲ။

Bow က Thai TV3 ရဲ့ နာမည်ရ တက်သစ်စမင်းသမီးဖြစ်သလို ဇာတ်လမ်းကောင်းတွေ၊ နာမည်ကြီးမင်းသားတွေနဲ့ချည်းပဲ ကမ်းလှမ်းရိုက်ကူးခံရတဲ့ ကံစပ်သူအနုပညာရှင်လို့တောင် တင်စားထားကြပါတယ်။ ပထမဆုံးအကြိမ်တွဲဖက်ရိုက်ကူးမယ့် Mark Prin – Bow Maylada အတွဲကလည်း ကြည့်ရှုသူတွေကို ဘယ်လိုမျိုး လိုက်ဖက်ညီညီနဲ့ စီးမြောသွားစေမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ ဇာတ်လမ်းလေးအကြောင်း အသေးစိတ်ဖော်ပြခြင်းမရှိသေးတာကြောင့် နားစွင့်နေကြပါဦးနော်။

Source: ThaiDaily
Photos: ThaiDaily
Translated by Julix