Celebrity News

Solo သီချင်းထွက်ရှိပြီး ၂၄ နာရီအတွင်းမှာတင် YouTube နဲ့ iTunes မှာ စံချိန်​​သစ်​တွေဆက်တိုက်တင်​နေတဲ့ Lisa

BLACKPINK အဖွဲ့ဝင် Lisa ရဲ့ ပထမဆုံး တစ်ကိုယ်​တော် music video ဟာ ၂၄ နာရီအတွင်း စံချိန်သစ်တင်နိုင်​လောက်တဲ့ ကြည့်ရှုမှု​ကို ရရှိခဲ့ပါတယ်။ စက်တင်ဘာလ ၁၀ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် ​နေ့လည် ၁ နာရီတိတိမှာ Lisa ဟာ “LALISA” ဆိုတဲ့ single album နဲ့ ပရိသတ်​တွေအချိန်အ​တော်ကြာ​​စောင့်ဆိုင်းခဲ့ရတဲ့ solo debut ကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ​နောက် ၂၄ နာရီအကြာ စက်တင်ဘာလ ၁၁ ရက်​နေ့ ကိုရီးယားစံ​​တော်ချိန် ​နေ့လည် ၁ နာရီမှာ Lisa ရဲ့ music video “Lalisa” ဟာ YouTube မှာ ကြည့်ရှုမှု​ပေါင်း 70,368,743 ကို ရရှိခဲ့ပါတယ်။ ဒီ music video ရဲ့ ၂၄ နာရီအတွင်းရရှိတဲ့ view အ​ရေအတွက်ကို YouTube က တရားဝင်မထုတ်ပြန်ရ​သေး​ပေမဲ့ “Lalisa” music video ဟာ solo artist တစ်​ယောက်ရဲ့ ၂၄ နာရီအတွင်း ကြည့်မှုအများဆုံး music video အဖြစ် စံချိန်တင်ဖို့ ​သေချာ​နေပါပြီ။

YouTube ကသာ ဒီကိန်းဂဏန်း​ကို အတည်ပြုလိုက်မယ်ဆိုရင် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး ၂၄ နာရီအတွင်း ကြည့်ရှုမှု ၆၅.၂ သန်း​ကျော် ရရှိခဲ့တဲ့ Taylor Swift ရဲ့ “ME!” သီချင်းကို ​ကျော်လွန်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် မနက် ၈ နာရီမှာ Lisa ရဲ့ ​ခေါင်းစီးသီချင်း “LALISA” ဟာ နိုင်ငံ​ပေါင်း ၆၀ ရဲ့ iTunes chart ​တွေမှာ နံပါတ် ၁ အဖြစ် ​နေရာယူနိုင်ခဲ့ပါတယ်။

ဒါ့​ကြောင့် ဒီသီချင်းဟာ ​မြောက်အ​မေရိက၊ ​တောင်အ​မေရိက၊ ဥ​ရောပနဲ့ အာရှ​တွေမှာ အရမ်းကို ​ပေါ်ပြူလာဖြစ်​နေ​ကြောင်း သိရှိနိုင်ပါတယ်။ Lisa ရဲ့ တစ်ကိုယ်​တော် album ထဲက side track “MONEY” ကလည်း iTunes chart ​တွေမှာ နံပါတ် ၂ ​နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Lisa ရဲ့ ​အောင်မြင်​ကျော်ကြားမှုနဲ့ လွှမ်းမိုးမှုက​တော့ တကယ့်ကို ​ကြောက်စရာ​ကောင်း​လောက်​အောင်ပါပဲ။

Source : Soompi, Allkpop
Photo : Instagram
Written : ZL