Celebrity News

ဆုပေးပွဲတက်ရတဲ့အချိန်တွေကို လွမ်းမိကြောင်း သွယ်ဝိုက်ပြီး ‌ပြောပြခဲ့သူလေး Jennie

BLACKPINK အဖွဲ့က ဆုပေးပွဲတွေကို သိပ်မတက်ကြတာမို့လို့ ပရိသတ်တွေက ကော်ဇောနီထက်မှာ ထည်ဝါတောက်ပနေကြတဲ့ ကောင်မလေး (၄) ယောက်ကို လွမ်းနေကြပါ‌တယ်။ ဒီလိုပါပဲ Jennie ကလည်း ပရိသတ်တွေနဲ့ထပ်တူ ဆုပေးပွဲတွေတက်ရတဲ့အချိန်ကို လွမ်းတဲ့အကြောင်း ပြောပြခဲ့ရှာပါတယ်။

September 4 ရက်နေ့တုန်းက BLINK လေးတစ်ယောက်ဟာ Weverse ကနေတဆင့် “BLACKPINK ကိုလေ ဆုပေးပွဲမှာ မြင်ရတဲ့အချိန်တွေကို လွမ်းလိုက်တာ” ဆိုပြီး ရေးတင်ခဲ့ပါတယ်။ အားလုံးလည်းသိကြတဲ့အတိုင်း YG Entertainment ရဲ့ ထိန်းချုပ်မှုအရ BLACKPINK အဖွဲ့ဟာ နှစ်ကုန်ဆုပေးပွဲတွေကို တက်ရောက်ခြင်းမရှိတော့တာ 2019 ကတည်းကဖြစ်ပါတယ်။

နောက်ဆုံးတက်ရောက်ခဲ့တဲ့ ဆုပေးပွဲတွေကတော့ 2019 Golden Disc Awards (January 5) နဲ့ 2019 Gaon Chart Music Awards (January 23) တို့ကိုပဲ အဖွဲ့လိုက်တက်ရောက်ခဲ့ပြီး “DDU-DU DDU-DU” နဲ့ “Forever Young” ဖျော်ဖြေမှုကလည်း တကယ့်ကို ဟိုးလေးတကျော်ဖြစ်တဲ့အထိ လူကြိုက်များခဲ့ပါသေးတယ်။

ဒီလိုမျိုးအောင်မြင်ကျော်ကြားနေတဲအဖွဲ့ဖြစ်တာနဲ့အညီ ဆုပေးပွဲမှာ မြင်တွေ့လိုချင်တဲ့ ထို BLINK လေးအား Jennie က သွယ်ဝိုက်ပြီး စာပြန်ခဲ့ပါတယ်။ “ငါလည်း ဆုပေးပွဲတုန်းက videos တွေကို တခါတလေ ပြန်ကြည့်မိတယ် 🙈” ဆိုပြီး ရေးသားသား အကြောင်းပြန်ခဲ့ပါတယ်။

photo credit: spotv.star

ဆိုလိုချင်တာကတော့ Jennie လေးလည်း ဆုပေးပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့ရတဲ့အချိန်တွေကို လွမ်းမိကြောင်း ပြောပြချင်ခဲ့ပုံပါပဲ။ ၂၀၂၀ တုန်းကထွက်ခဲ့တဲ့ full-length album ဖြစ်တဲ့ The Album အတွက် Promotion ဆင်းချိန်ကလွဲလို့ BLACKPINK တစ်ဖွဲ့လုံးက ဆုပေးပွဲတွေကို လုံးဝ‌တက်ရောက်ခြင်း မရှိတော့ပါဘူး။

အစောပိုင်းကတက်ရောက်ဖူးတဲ့ Melon Music Awards, Seoul Music Awards, SBS Gayo Daejun နဲ့ အခြားသော ထင်ရှားတဲ့ဆုပေးပွဲတွေမှာပါ တက်ရောက်ချင်းမရှိတော့တာကြောင့် ပရိသတ်တွေကလည်း ကောဇောနီထက်က မိန်းမလှလေး (၄) ယောက်ကို လွမ်းနေခဲ့ကြတာပါ။ Jennie လေးကတော့ ဆုပေးပွဲနဲ့ပတ်သက်လို့ ဘယ် video တွေကို ရှာကြည့်နေသလဲဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။

ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်ထက်ဖျော်ဖြေမှုလည်းဖြစ်နိုင်သလို ပရိသတ်တွေ ရိုက်ကူးပြုလုပ်ထားတဲ့ စင်နောက်ကွယ်က ချစ်စရာကောင်းတဲ့အပြုအမူလေးတွေကို ကြည့်နေတာလည်းဖြစ်နိုင်တာပါပဲ။ ဆုပေးပွဲတက်ရောက်တိုင်း အလွဲကိုယ်စီနဲ့ ပျော်စရာအခိုက်အတန့်တွေ အမြဲဖြစ်လေ့ရှိတဲ့ BLACKPINK အဖွဲ့ကို လွမ်းမိတာတော့ အမှန်ပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Julix