Celebrity News

ရှိသင့်သည်ထက် ပိန်ချုံးကျနေတဲ့ပုံစံကြောင့် မြင်သူတကာကို တအံ့တသြဖြစ်စေခဲ့တဲ့ အနုပညာရှင် (၆) ဦး

အာရှတိုက်ရဲ့အလှအပစံနှုန်းတွေအရ အနုပညာရှင်တွေဆိုရင် ပိန်သွယ်တာမျိုးကိုမှ လက်ခံလေ့ရှိကြပါတယ်။ အရည်အချင်း၊ ရုပ်ရှည်ရူပကာအပြင် ခန္ဓာကိုယ်အချိုးအစားက သွယ်လျလှပနေမှသာ အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေရဲ့အာရုံကို ရရှိနိုင်ကြပါတယ်။

ဒါ့ကြောင့်မို့လို့လည်း နာမည်ကျော်ကြယ်ပွင့်တွေဟာ သူတို့ရဲ့အပြင်ပန်းပုံစံကို တော်တော်လေးထိန်းသိမ်းတတ်ကြပြီး အထူးသဖြင့် ဝိတ်မတက်အောင် လေ့ကျင့်ခန်းတွေလုပ်ရင်း အစားအသောက်ကိုပါ ဂရုစိုက်ကြပါတယ်။ ဒါပေမဲ့ခုဖော်ပြပေးမယ့် C နိုင်ငံသား အနုပညာရှင်တွေကတော့ ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးမဟုတ်ဘဲ ပိန်ချုံးကျနေခဲ့တာဟာ တကယ်ကို ထိတ်လန့်စရာကောင်းနေခဲ့ပါတော့တယ်။

• Huang Xiaoming

• Angelababy

• Zhang Yuxi

• Wu Jinyan

• Luo Yuxi

• Zheng Shuang

ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ဒီအနုပညာရှင် (၆) ယောက်ဟာ တော်တော်လေးကို ပိန်ကျနေပြီး အရိုးပေါ်အရေတင်ဖြစ်နေတာကြောင့် ကျန်းမာရေးပိုင်းကို ပရိသတ်တွေက အထူးစိုးရိမ်နေကြပါတော့တယ်။

Source: Chinapress
Photos: ChinaDaily
Translated by Julix