Celebrity News

ဦးတည်လာတဲ့ စွပ်စွဲချက်မြှားတစ်စင်းကို လျင်မြန်စွာ ရှောင်တိန်းနိုင်ခဲ့တဲ့ Gong Jun

လက်ရှိမှာ မျက်စိဒေါက်ထောက် ကြည့်ခံနေရတဲ့ ပေါက်စီမြေရဲ့ အနုပညာရှင်တွေကြား Gong Jun နဲ့ ပတ်သက်ပြီး သူဟာ Kyoto Ryozen Gokoku ဗိမာန်ကို သွားရောက်လည်ပတ်ခဲ့ဖူးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ခေါင်းစဉ်တပ်ထားတဲ့ ဆွေးနွေးမှုတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

World of Honor ဇာတ်လမ်းတွဲထဲမှာ သူ့ရဲ့ တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ မင်းသားချော Zhang Zhehan ကတော့ ဂျပန်မှာရှိတဲ့ အငြင်းပွားဖွယ်ရာ နေရာများကို သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ သူ့ရဲ့အတိတ်ကြောင့် ဖျော်ဖြေရေးနယ်ပယ်ကနေ ပယ်ဖျက်ခံလိုက်ရတာ တစ်လတောင် မပြည့်သေးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

Photo Credit: GJstudio and Associated Press

အဖြစ်အပျက်ကတော့ (၂၀၁၉) ခုနှစ် ၊ ဇွန်လ (၂၉) ရက်၊ လွန်ခဲ့ (၂) နှစ်က Gong Jun ရဲ့ Vlog တစ်ခုကို Screenshot ရိုက်ယူးထားပြီး “Gong Jun လည်း ဗိမာန်ကို သွားလည်ခဲ့တယ်” ဆိုတဲ့ အကြောင်းအရာနဲ့ ဓာတ်ပုံများဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာကြောင့် စက်တင်ဘာလ (၉) ရက်နေ့မှာ Gong Jun ရဲ့ Studio က ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: GJstudio and Associated Press

Screenshot ထဲမှာတော့ ဗိမာန်ရဲ့ လမ်းညွှန်ဆိုင်းဘုတ်သာ ပါဝင်နေတာကို တွေ့ရပြီး Kyoto မှာရှိတဲ့ Ninen-zaka နဲ့ Sannen-zaka တစ်လျှောက်က ခရီးသွားတွေရဲ့ ဆွဲဆောင်မှုကို ရရှိထားတဲ့ နေရာမှာ ရေခဲမုန့်ဝယ်နေစဉ် ဖြတ်သွားဖြတ်လာ နောက်ခံရှုခင်းအနေနဲ့သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ Gong Jun ကလည်း နောက်ခံကို လုံးဝဂရုမထားဘဲ ဖြတ်သန်းသွားလာခဲ့ရုံသာ ရှိခဲ့တာကို တွေ့ရပါတယ်။

Photo Credit: GJstudio and Associated Press

သူရဲ့ စတူဒီယိုကလည်း ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ စီစစ်ပေးကြဖို့တောင်းဆိုခဲ့ပါတယ်။ Gong Jun ဟာ Kyoto Ryozen Gokoku ဗိမာန်ကို အမှန်တကယ် သွားရောက်ခဲ့ခြင်းမဟုတ်ဘဲ ဗိမာန်ရဲ့ လမ်းညွှန်ဆိုင်းဘုတ်ကိုသာ ဖြတ်သွားခဲ့မိတယ်ဆိုတာကိုလည်း ဖော်ပြခဲ့ပါတယ်။

Photo Credit: GJstudio and Associated Press

လမ်းညွှန်ဆိုင်းဘုတ်နဲ့ ဗိမာန်ရဲ့ တည်နေရာဟာ တော်တော်လေးဝေးတယ်ဆိုတာကို သက်သေပြတဲ့ မြေပုံတစ်ခုလည်းထည့်သွင်းဖော်ပြ ပေးထားပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူ့စတူဒီယိုက ယခုထွက်ပေါ်နေတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး သူတစ်ပါးရဲ့ အခွင့်အရေးကို မထိပါးစေဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပြီး Gong Jun ဟာ သူ့တိုင်းပြည်ကို ချစ်ကြောင်းလည်း ပါရှိခဲ့ပါတယ်။

Photo Credit: GJstudio and Associated Press

ထို့ပြင် အနုပညာရှင်များရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အသုံးပြုသူများအား အရေးယူရန် ရှေ့နေများကို ခန့်အပ်ထားတယ် ဆိုတဲ့အကြောင်းကိုလည်း တစ်ပါတည်း ကြေညာခဲ့ပါတယ်။ Gong Jun ကိုယ်တိုင်ကလည်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး “ဘယ်တုန်းကမှလည်း မဖြစ်ခဲ့ဘူး၊ နောင်အနာဂတ်မှာလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

Written : Nair Nair
Source : Dpanda
Photos : GJstudio