Celebrity News

Justin Bieber ကို​ကျော်တက်ပြီး YouTube မှာ Subscriber အများဆုံး အနုပညာရှင်ဖြစ်လာတဲ့ BLACKPINK

ယခုဆိုရင် BLACKPINK အဖွဲ့ဟာ YouTube မှာ subscriber အများဆုံး အနုပညာရှင်အဖြစ် စံချိန်တင်သွားပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၁၀ ရက်​နေ့ ကိုရီးယားစံ​​တော်ချိန် ​နေ့လည် ၂:၄၂ မိနစ်​လောက်မှာ BLACKPINK ရဲ့ YouTube Channel ဟာ subscriber ၆၅.၂ သန်းကို ပြည့်မှီသွားပြီဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရဲ့ YouTube Channel ကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၈ ရက်​နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ကမ္ဘာ​ပေါ်မှာ subscriber အများဆုံး ဒုတိယ​မြောက် အနုပညာရှင်​ဖြစ်လာခဲ့ပါတယ်။ အခု Channel ဖွင့်လှစ်ပြီး ၅ နှစ်နဲ့ ၃ လ ကြာတဲ့အချိန်မှာ​တော့ အဆို​တော် Justin Bieber ကို​​တောင် က​ေျာ်တက်ပြီး ကမ္ဘာ​ပေါ်မှာ subscriber အများဆုံး အနုပညာရှင်​ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

Justin Bieber ရဲ့ YouTube Channel က​တော့ လက်ရှိမှာ subscriber ၆၅.၁ သန်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။  ဒီ​အောင်မြင်မှုနဲ့ ပတ်သက်ပြီး BLACKPINK အဖွဲ့က “ကျွန်မတို့ မယုံနိုင်​လောက်​အောင်ပါပဲ။ ဒါက BLINK ​တွေဖန်တီး​ပေးတဲ့ miracle လို ဖြစ်ရပ်တစ်ခုပါ။

ကျွန်မတို့ ဒီဂုဏ်ယူစရာ အခိုက်အတန့်​လေးကို ကျွန်မတို့ကို ချစ်ခင်အား​ပေးကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်​တွေထံမျှ​​ဝေချင်ပါတယ်” လို့ ​ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “ဒီရလဒ်ဟာ ပရိသတ်​တွေနဲ့အတူ ပူး​ပေါင်းလုပ်​ဆောင်ပြီး ရရှိလာတာဖြစ်တဲ့အတွက် ပရိသတ်​တွေလည်း ​ပျော်ရွှင်ဝမ်းသာလိမ့်မယ်လို့ ​မျှော်လင့်ပါတယ်။

ကျွန်မတို့အ​နေနဲ့ ​ကောင်းမွန်တဲ့ ဂီတနဲ့ ဗီဒီယို​တွေကတစ်ဆင့် ​ကောင်းမွန်တဲ့ အားအင်​တွေ​ပေးနိုင်တဲ့ အနုပညာရှင်မျိုးဖြစ်​အောင် ဆက်လက်ကြိုးစားသွားပါ့မယ်”လို့ BLACKPINK အဖွဲ့ဝင်​တွေက ဆိုပါတယ်။ BLACKPINK နဲ့ BLINK ​တွေရဲ့ အစွမ်းက​တော့ တကယ့်ကို အံ့မခန်းပါပဲ။ ​နောက်လည်း ဒီထက်မက ​အောင်မြင်မှု​တွေရရှိဖို့ ​​မျှော်လင့်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL