Celebrity News

(၁၉) လကြာ ပျောက်သွားပြီးတဲ့​နောက် ရိုက်ကူးရေး ပြန်လည်စတင်နေတဲ့ “Thank you, Doctor” ဇာတ်လမ်းတွဲ

Yang Mi နဲ့ Bai Yu တို့ ပါဝင်ထားတဲ့ “Thank You, Doctor” ဇာတ်လမ်းတွဲဟာ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလကတည်းက COVID-19 ဖြစ်ပွားမှုကြောင့် နိုင်ငံကို lockdown ချထားရတဲ့ အနေအထားမှာ ထုတ်လုပ်မှုကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

Lockdown ကို ပြန်လည်ရုပ်သိမ်းလိုက်သည့်တိုင် အချို့သော ကန့်သတ်ချက်များကြောင့် ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးခြင်း ဆက်လက်မလုပ်ဆောင်သေးဘဲ ရပ်နားဆဲရပ်နားခဲ့ကြပေမယ့် ယခုအချိန်မှာတော့ Yang Mi နဲ့ Bai Yu တို့ဟာ အခြားပရောဂျက်တွေမှာ အလုပ်လုပ်ဖို့ ရပ်နားလိုက်တာကို တွေ့ရပါတယ်။

လတ်တလောမှာ “Thank You, Doctor” အတွက် ရိုက်ကူးရေးတွေ ပြန်လည်စတင်နေတာကို တရားဝင်ဖော်ပြခြင်း မရှိသေးပေမယ့် ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဝန်ထမ်းများဟာ စက်တင်ဘာလ (၁၀) ရက်နေ့က ၎င်းတို့စီးရီးကို ပြန်လည်စတင်နေတဲ့ သူတို့ရဲ့ပုံများ တင်နေတာကို အင်တာနက်သုံးစွဲသူများက တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဝန်ထမ်းတစ်ဦးကတော့ “(၅၈၂) ရက်အကြာမှာ ငါတို့ရဲ့သရုပ်ဆောင်တွေနဲ့ အဖွဲ့သားတွေ အလုပ်ပြန်စပြီ” ဆိုတဲ့ စာတန်းကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒီဇာတ်လမ်းတွဲဟာ “ICU 48 Hours” လို့ အမည်ရတဲ့ ဝတ္ထုကို အခြေခံထားတာ ဖြစ်ပြီး အရေးပေါ် ICU ဆရာဝန်နှစ်ဦးဖြစ်ကြတဲ့ စကားနည်းသူ Bai Shu နဲ့ အထီးကျန်နေသူ အချောအလှလေး Xiao Yan တို့ရဲ့ တွေ့ဆုံမှုကို အသားပေး ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဆရာဝန်များအဖြစ် အတူတကွ တာဝန်ထမ်းဆောင်နေချိန် အံ့ဖွယ်အရာများကို ဖန်တီးရင်း ပျောက်ဆုံးနေတဲ့ နှလုံးသားကို ရှာပုံတော်ဖွင့်ကြမယ့် ခရီးစဉ်မှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ရသစုံစုံလင်လင် ခံစားကြရမှာ ဖြစ်ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : CDinfo