Celebrity News

လက်ရှိ ဂီတ‌နယ်ပယ်ထဲက လူသိများအကျော်ကြားဆုံး တရုတ်နိုင်ငံသား Kpop Idol များ

ချိုင်းနားနိုင်ငံသား K-pop idol တွေကို ကြည့်လိုက်ရင် ညှို့ချက်အားပြင်းတဲ့ပုံစံနဲ့ တစ်ခုခုကတော့ ဆွဲဆောင်မှုရှိနေကြပါတယ်။ ကိုရီးယားလူမျိုးမဟုတ်ပေမဲ့လည်း kpop idol ဖြစ်လာခဲ့ပြီး ပရိသတ်ကြားမှာ အောင်မြင်ကျော်ကြားလာကြပါတယ်။ K-pop group တွေထဲမှာ C နိုင်ငံသား idol တွေလည်း အများအပြားရှိတဲ့အနက် ဖော်ပြပေးမယ့် (၅) ဦးကတော့ လက်ရှိမှာ တော်တော်လေး နာမည်ကြီးပြီး ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ထားကြပါတယ်။

Lay (EXO)

Zhang Yixing ‌(ခေါ်) Lay Zhang (သို့) Lay ကတော့ K-pop လောကရဲ့ ဦး‌‌ဆောင်သူအဖွဲ့လို့တောင် တင်စားရမယ့် EXO အဖွဲ့ဝင်တစ်ဦးပါ။ ဘက်စုံထူးချွန်သူတစ်ဦးဖြစ်တာနဲ့အညီ rapper, dancer, အဆိုတော်, producer, သီချင်းရေး, director, သရုပ်ဆောင် နဲ့ record producer အဖြစ် အနုပညာနဲ့ပတ်သက်သမျှမှာ အားလုံးကို တတ်ကျွမ်းနေသူလည်းဖြစ်ပါတယ်။

Lay က တကိုယ်တော်အနုပညာလှုပ်ရှားမှုတွေအတွက် EXO နဲ့ အဖွဲ့လိုက်မတွေ့ရ‌တာ ‌အတော်လေးကြာပြီဖြစ်ပေမဲ့လည်း Don’t Fight The Feeling မှာတော့ EXO အဖွဲ့ဝင်အဖြစ် ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

WinWin (NCT)

နာမည်အရင်း Dong Sicheng ဖြစ်တဲ့ WinWin ကတော့ နာမည်ကျော် K-pop အဖွဲ့ NCT ရဲ့ Lead Dancer လည်းဖြစ်ပါတယ်။ NCT 127 အဖွဲ့ဝင်လည်းဖြစ်သလို sub-unit အဖွဲ့ဖြစ်တဲ့ WayV နဲ့လည်း လှုပ်ရှားနေပြန်ပါတယ်။ ‘Visual Winner’ ဆိုပြီး နာမည်ပြောင်ပေးခံထားရပြီး ကမ္ဘာအနှံ့က ပရိသတ်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Jackson Wang (GOT7)

Rapper, အဆိုတော်လည်းဖြစ်သလို အကလည်း တော်နေပြန်တဲ့ Jackson Wang ကတော့ GOT7 ရဲ့ စကားအတတ်ဆုံးအဖွဲ့ဝင်တစ်ယောက်ပါ။ GOT7 နဲ့ အနုပညာအလုပ်တွေ လှုပ်ရှားနေစဉ်မှာပဲ သူ့ရဲ့ကိုယ်ပိုင် label ဖြစ်တဲ့ Team Wang ကို တည်ထောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ solo artist အနေနဲ့ ပြည်မကြီးမှာ အခြေချနေတဲ့အပြင် Team Wang ရဲ့ Creative Director အဖြစ်လည်းကောင်း၊ Team Wang Design ရဲ့ Lead Designer အဖြစ်လည်းကောင်း ဦး‌ဆောင်ရင်း မအားလပ်အောင် ဖြစ်နေပါတော့တယ်။

Yiren (EVERGLOW)

အသက် ၂၁ နှစ်ပဲရှိသေးတဲ့ Wang Yiren ကတော့ EVERGLOW အဖွဲ့နဲ့အတူ နာမည်ကြီးနေပါတယ်။ တော်တော်လေးချောမောလှပတာကြောင့် K-pop Idol တွေထဲမှာလည်း နာမည်ကြီးလှပါတယ်။ Lead dancer ဖြစ်သလို အဖွဲ့ရဲ့ ‘visual center’ ဖြစ်တာကြောင့် သီချင်းနားထောင်မိတိုင်း Yiren ကို ငေးနေမိမှာပါ။ Mnet ရဲ့ Produce 48 ထဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖူးပြီး ပွဲစဉ်တလျှောက်လုံး သူမရဲ့ပြိုင်ဖက်ကင်းအရည်အချင်းကြောင့် အသိအမှတ်ပြုခံရပြီး ပရိသတ် များစွာတိုးလာခဲ့ပါတော့တယ်။

Ningning (aespa)

aespa အဖွဲ့ရဲ့ ‘Next Level’ သီချင်းက တော်တော်လေး Hit ဖြစ်ခဲ့ပါတယ်။ သီချင်းလေးနဲ့အတူ အသက် (၁၈) နှစ်အရွယ် Ningning ကလည်း လူပြောများလာခဲ့ပါတယ်။ နာမည်ရင်းကတော့ Ning Yi Zhuo ဖြစ်ပြီး ၂၀၁၆ တုန်းက Trainee Team ဖြစ်တဲ့ S.M. Rookies မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ October 2020 မှာတော့ aespa နဲ့အတူ ပွဲဦးထွက်ခဲ့ပြီး လက်ရှိ 4th Generation Idol တွေထဲမှာလည်း ကျော်ကြားအောင်မြင်နေသူလေးဖြစ်ပါတော့တယ်။

Source: SK
Photos: Naver×Dispatch
Translated by Julix