Celebrity News

Series Awards 2021 မှာ အဓိကဇာတ်လိုက်ဆုအတွက် စကာတင်ဝင်လာတဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်များ

Siam Series Awards 2021 ကတော့ မကြာခင်အချိန်မှာပဲ ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ဒီနှစ်အတွက် ခေါင်းဆောင်မင်းသား၊ မင်းသမီးဆုအတွက် စကာတင်စာရင်းကို ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ ဆုစာရင်းဝင်အနုပညာရှင်တွေက ထိုင်းသရုပ်ဆောင်လောကရဲ့ တကယ့်ဒိတ်ဒိတ်ကြဲတွေချည်း ဖြစ်တာကြောင့် ဘယ်သူက ဆုရရှိသွားမလဲဆိုတာ တကယ်ရင်ခုန်စရာပါပဲ။

Best Leading Actress

Bella Ranee

“Roy Leh Marnya” ဇာတ်လမ်းနဲ့ အားလုံးကိုစွဲလန်းသွားအောင် သရုပ်ဆောင်နိုင်ခဲ့သူလေး ထိပ်တန်းမင်းသမီး Bella Ranee ကတော့ ဆုအတွက် စကာတင်စာရင်းဝင်လာခဲ့ပါတယ်။

Mew Nittha

မင်းသမီးချော‌လေး Mew Nittha ကတော့ ပြည်တွင်းထိုင်းနိုင်ငံအပြင် ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားခဲ့တဲ့ “My Husband in Law” ဇာတ်လမ်းတွဲနဲ့အတူ အဓိကဇာတ်လိုက်မင်းသမီးဆုစာရင်းထဲမှာ ပါဝင်လာပါတော့တယ်။

Aum Patchrapa

ထိုင်းနိုင်ငံရဲ့ ကြေးအကြီးဆုံးထိပ်တန်းမင်းသမီး Aum Patcharapa ကတော့ “Jark Sadtroo Soo Huajai” ဇာတ်လမ်းနဲ့ ပြီးခဲ့တဲ့နှစ်ကပဲ Comeback ပြုလုပ်ခဲ့ပြီး ဒီကားနဲ့အတူ ထပ်မံကျော်ကြားအောင်မြင်ခဲ့တဲ့အပြင် အခုတစ်ခါ ဆုစာရင်းဝင်ပါ ဖြစ်လာခဲ့ပါတယ်။

Vill Wannarot

မင်းသမီးချော Vill Wannarot ကတော့ ဒီနှစ်အတွက် ခေါင်းဆောင်မင်းသမီးဆု‌ကို “Ruk Laek Pop” ဇာတ်လမ်းတွဲထဲက သူမရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ဆုစာရင်းဝင်လာခဲ့တာပါ။

Mookda Narinrak

ကျော်ကြားအောင်မြင်နေတဲ့မင်းသမီးချောလေး Mookda Narinrak ကလည်းပဲ ပြည်တွင်းပြည်ပအောင်မြင်မှုအသီးအပွင့်တွေကို ဆောင်ကြဉ်းပေးခဲ့တဲ့ “So Wayree” ဇာတ်လမ်းတွဲနဲ့ စကာတင်ဝင်လာခဲ့ပြန်ပါတယ်။

Best Leading Actor

Mark Prin

ထိပ်တန်းမင်းသား Mark Prin ကတော့ ဇာတ်လမ်းသစ်တွေထွက်ရှိထားတဲ့အနက် “My Husband in Law” ဇာတ်လမ်းနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသားဆုအတွက် စကာတင်ဝင်လာပါတယ်။

Weir Sukollawat

ဝါရင့်ထိပ်တန်းမင်းသား Weir Sukollawat ကလည်းပဲ ဒီနှစ်အတွက် စကာတင်စာရင်းဝင်ဖြစ်လာခဲ့ပြီး “Marn Bung Jai” ဇာတ်လမ်းနဲ့ ဆုတစ်ခုရယူနိုင်ဦးမလားဆိုတာ ရင်ခုန်စရာပါပဲ

James Jirayu

ချောမောခန့်ညားတဲ့မင်းသားဖြစ်သလို သရုပ်ဆောင်ကောင်း‌တဲ့ James Jirayu ဟာ အဓိကဇာတ်လိုက်မင်းသားဆုစာရင်းကို “Leh Bunpakarn” နဲ့ စကာတင်ဝင်လာခဲ့ပါပြီ။

Kem Hussawee

၂၀၂၀ ကတည်းက မင်းသား Kem Hussawee ဟာ “So Wayree” ဇာတ်လမ်းတွဲနဲ့ ကြည့်ရှုသူတွေကို အကြွေကြီးကြွေဆင်းစေခဲ့ပြီး ဒီနှစ်မှာလည်း ခေါင်းဆောင်မင်းသားဆုအတွက် စကာတင်ဝင်လာခဲ့ပါတယ်။

Mik Thongraya

ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးထားတဲ့ မင်းသားချော Mik Thongraya ကတော့ ၂၀၂၁ အတွက် အကောင်းဆုံးဇာတ်လိုက်မင်းသားဆုကို မနှစ်ကရိုက်ကူးထားခဲ့တဲ့ “Jark Sadtroo Soo Huajai” ဇာတ်လမ်းနဲ့ ဆုစာရင်းဝင်လာခဲ့ပါတယ်။

စကာတင် ဆုစာရင်းဝင်အနုပညာရှင်အားလုံးအတွက် ဂုဏ်ယူရသလို ဒီနှစ်အတွက်ချီးမြှင့်မယ့် ဆုစာရင်းဝင်တွေအားလုံးဟာ အပြိုင်အဆိုင်နဲ့တကယ့်ဒိတ်ဒိတ်ကြဲတွေဖြစ်လို့ ဘယ်သူတွေ ဆုရရှိသွားမလဲဆိုတာကို သိချင်လှပါပြီ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix