Celebrity News

Yang Mi ရဲ့မွေးနေ့ကို ၈နှစ်ဆက်တိုက် အထူးတလည်ဆုတောင်းပေးခဲ့တဲ့ Dilireba

စက်တင်ဘာလ (၁၂) ရက်နေ့ကတော့ အားလုံးရဲ့အချစ်တော်မင်းသမီးလေး Yang Mi ရဲ့ ၃၅ နှစ်ပြည့်မွေးနေ့ပါပဲ။ အနုပညာသက်တမ်းတလျှောက်လုံး ပရိသတ်တွေကို သဘောကျအပန်းပြေစေမယ့်ဇာတ်လမ်းကောင်း‌တွေနဲ့အတူ ဖျော်ဖြေပေးခဲ့တဲ့ ထိပ်တန်းမင်းသမီးလေးရဲ့မွေးနေ့ကိုတော့ အားလုံးက ဆုမွန်ကောင်းတောင်းပေးရင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။

အသက် (၃၅) နှစ်ပြည့်သွားပြီဖြစ်ပေမဲ့လည်း အသက်ကြီးလာတယ်လို့ကို မထင်ရလောက်အောင် ပြောင်းလဲခြင်းမရှိဘဲ အရင်ကထက်တောင် ပိုမိုလှပလာသူလေး Yang Mi ကတော့ မွေးနေ့ဆုတောင်းတွေအတွက် ကျေးဇူးတင်ကြောင်းကို Weibo မှာ Post တင်ခဲ့ပါသေးတယ်။

ဆုတောင်းပေးကြသူတွေအားလုံးကို Yang Mi က “အတူတကွ နေထိုင်ကြီးပြင်းရတာသာ ဘဝတစ်ခုလုံးအတွက် အကောင်းမွန်ဆုံးအရာပါပဲ။ Happy birthday ဆိုပြီး ဆုမွန်ကောင်းတောင်းပေးသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်မ လက်ခံရရှိခဲ့တဲ့ အလှပဆုံးသော မွေးနေ့ဆုတောင်းတွေကို အားလုံးနဲ့မျှဝေပေးချင်ပါတယ်။

ကျွန်မတို့တတွေဟာ ကိုယ်နေထိုင်ရှင်သန်ရတဲ့ဘဝတွေအတွက် ကိုယ်စီရုန်းကန်ကြိုးစားနေရတယ်။ မတူညီတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ကိုင်ရင်း အချင်းချင်း အားပေးဖေးမကြတယ်။ အချင်းချင်း ပိုမိုကောင်းမွန်တဲ့အခြေအနေတွေကိုပိုင်ဆိုင်နိုင်ကြဖို့ ဆုတောင်းပေးကြတယ်။

ကျွန်မကလည်းပဲ အားလုံးအတွက် ဆန္ဒပြုဆုတောင်းပေးချင်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့အရာတွေကို ဖန်တီးကြရင်း ပိုမိုကောင်းမွန်တဲ့လူသားတွေ ဖြစ်လာနိုင်ကြပါစေ။ ရှေ့ဆက်ပြီး ကောင်းမွန်တဲ့အကာတွေကိုပဲ မျှဝေရင်း ဘဝကြီးကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေ… come on!” ဆိုပြီး သူမရဲ့မွေးနေ့မှာပဲ ဆုမွန်ကောင်းတွေကို ပြန်လည်ရေးသားပေးခဲ့ပါတော့တယ်။

တချိန်တည်းမှာပဲ ထိပ်တန်းမင်းသမီးချောလေး Dilireba ကလည်း ဒီနှစ်မှာလည်း မမေ့မလျော့ဘဲ Yang Mi ရဲ့မွေးနေ့ကို အထူးတလည်ဆုတောင်းပေးခဲ့ပါသေးတယ်။ Yang Mi အတွက် မွေးနေ့ဆုတောင်းဟာ ဒီနှစ်နဲ့ဆိုရင် (၈) နှစ်ဆက်တိုက်ရှိပြီဖြစ်ပြီ Reba လေးအနေနဲ့ ဘယ်လောက်တောင် အလေးထားသလဲဆိုတာကို ဖော်ဆောင်နေပါတယ်။

Dilireba ရဲ့ ဆုတောင်းစကားလေးကတော့ “အလှလေးရဲ့ မွေးနေ့ကတော့ ရောက်လာပါပြီ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ အလှပဆုံး Yang Mi လေးကို ဆုတောင်းပေးပါတယ်” ဆိုပြီး Post တင်ကာ Yang Mi ကို Tag တွဲပြီး ဆုတောင်းပေးခဲ့ပါတော့တယ်။

Yang Mi က Dilireba အတွက် ဦးဆောင်ညွှန်ပြသူလည်းဖြစ်သလို အရင်းနှီးဆုံးမိတ်ဆွေလည်းဖြစ်ပါတယ်။ Reba လေးကတော့ ဒီနှစ်မှာလည်း မမေ့မလျော့ဘဲ မမ Yang Mi အတွက် ချစ်စဖွယ် မွေးနေ့ဆုတောင်းပေးလိုက်တာကတော့ ထိပ်တန်းမင်းသမီးလေး (၂) ယောက်ကြားက လှပတဲ့ပတ်သက်ဆက်နွယ်မှုလေးကို ခံစားနေရပါတော့တယ်။

Source: Sohu
Photos: Sohu
Translated by Julix