Celebrity News

“Siam Series Awards 2021” ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဆုအတွက် စကာတင်ဇာတ်လမ်းများ

“Siam Series Awards 2021” အတွက် ဆုစာရင်းပေါင်းစုံအတွက် စကာတင်စာရင်းတွေကို ထုတ်ပြန်နေရာ အကျော်ကြားဆုံးဇာတ်လမ်းစီးရီးဆုအတွက် စကာတင်ဝင်လာခဲ့တဲ့ ဇာတ်လမ်းတွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီနှစ်ဆုစာရင်းအတွက် ထူးခြားစွာနဲ့ပဲ BL ဇာတ်လမ်းပေါင်းများစွာက စကာတင်ဝင်လာခဲ့တာဖြစ်ပါတယ်။

My Husband in Law

Mark Prin နဲ့ Mew Nittha တို့ရဲ့ “My Husband in Law” ဇာတ်လမ်းတွဲကတော့ ၂၀၂၁ အတွက်ပါ ဆုစာရင်းဝင်လာခဲ့ပြန်ပါတယ်။ ပြသပြီးကတည်းက ပြည်တွင်း၊ပြည်ပ နာမည်ကျော်ခဲ့တဲ့အပြင် ယနေ့အချိန်ထိလည်း စကာတင်ဆုစာရင်းထဲမှာ ပါဝင်နေဆဲပါပဲ။

So Wayree

“So Wayree” ဇာတ်လမ်းတွဲရဲ့အောင်မြင်ကျော်ကြားမှုကတော့ အထူးတလည်ပြောပြဖို့တောင် မလိုလောက်ပါအောင်ပါပဲ။ Kem Hussawee နဲ့ Mookda Narinrak လေးတို့အတွဲရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းဖြစ်ပြီး ‌ယနေ့တိုင်နာမည်ကြီးနေပါတော့တယ်။

Let’s Fight Ghost

“Let’s Fight Ghost” ကိုရီးယားကားကို ထိုင်းဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးတဲ့အခါမှာ Saint Suppapong နဲ့ Orn Patchanan တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ၂၀၂၁ စကာတင်စာရင်းမှာ ပါဝင်လာတာဖြစ်လို့ ဆုရရှိသွားနိုင်မလားဆိုတာ ရင်ခုန်စရာပါပဲ။ ကျန်ရှိ‌နေတဲ့ ဆုစာရင်းဝင် စကာတင်ဇာတ်လမ်းတွေအားလုံးကတော့ နာမည်ကျော် BL ကားတွေချည်းပါပဲ။

The Gifted Graduation

Love By Chance 2

Lovely Writer: The Series

A Tale of Thousand Stars

I Told Sunset About You

Tharn Type The Series 2

Until We Meet You Again တို့ပဲ ဖြစ်ကြပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update