Celebrity News

မြင်သူတကာ ​​ငေး​​မောရ​​လောက်​အောင် လှပတဲ့ ၉၀ ဒီဂရီ ပုခုံးလိုင်းကို ပိုင်ဆိုင်ထားကြတဲ့ မိန်းက​​​လေး Idol (၆) ဦး

K-Pop ​လောကကြီးဟာ အလှအပ​ရေးရာ စံချိန်စံညွှန်းသတ်မှတ်ချက်​တွေများစွာရှိပါတယ်။ အဲ့ဒီထဲက တစ်ခုက​တော့ Idole ​တွေရဲ့ ပုခုံးအချိုးကျမှုပါ။ လူတစ်ချို့ရဲ့သတ်မှတ်ချက်အရ ပုခုံးရဲ့ ​ထောင့်ချိုးဟာ ၉၀ ဒီဂရီရှိမှ ပုခုံးလိုင်းလှတယ်လို့ ဆိုပါတယ်။ ယခု​ဖော်ပြ​ပေးသွားမယ့် မိန်းက​လေး Idol ၆ ​ယောက်က​တော့ အံ့သြစရာ​ကောင်း​​လောက်​အောင် အဲ့လို ၉၀ ဒီဂရီ ပုခုံးလိုင်းကို ပိုင်ဆိုင်ထားကြပါတယ်။

  1. Jennie (BLACKPINK)

ပထမဆုံးတစ်​ယောက်က​တော့ ကမ္ဘာ​ပေါ်က မိန်းက​လေး​တော်​​​​တော်များများ အားကျရတဲ့ ခန္ဓါကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ BLACKPINK အဖွဲ့ဝင် Jennie ဖြစ်ပါတယ်။ သူမရဲ့ ပိန်သွယ်တဲ့ ခန္ဓါကိုယ်နဲ့ ရှည်လျားတဲ့ ​ခြေတံ​တွေဟာ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်​စေပြီး တစ်ခြားမိန်းက​​လေး​တွေရဲ့ အားကျမှုကို ခံရ​စေတာဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ပုခုံးလိုင်းကလည်း next level မှာရှိ​နေပါတယ်။ သူမရဲ့ လည်တံနဲ့ ပုခုံးဟာ ၉၀ ဒီဂရီအချိုးကျ​နေတာ​ကြောင့် သူမကို ဘယ်လို အ​ပေါ်ဝတ်အင်္ကျီနဲ့မဆိုလိုက်ဖက်​စေတာဖြစ်ပါတယ်။ တကယ့်ကို အားကျစရာပါပဲ။

  1. Suzy

​နောက်ထပ်တစ်​ယောက်က​တော့ ပရိသတ်အချစ်​တော် အဆို​တော်/မင်းသမီး Suzy ပါ။ သူမဟာလည်း ကျက်သ​ရေရှိပြီး လှပတဲ့ ပုခုံးလိုင်းကို ပိုင်ဆိုင်ထား​ပေမဲ့ Jennie နဲ့​တော့ အနည်းငယ်ကွဲပြားပြီး ပိုပြီး ​ပျော့​ပျောင်းကာ မိန်းက​လေးဆန်တဲ့ အသွင်ကို ​ပေါ်လွင်​စေပါတယ်။ ဒါ​ကြောင့် ဒီလို ၉၀ ဒီဂရီကျ​နေတဲ့ Suzy ရဲ့ ပုခုံးလိုင်းဟာ သူမကို နူးညံ့ပြီး မိန်းက​လေးဆန်တဲ့ အဝတ်အစား​တွေနဲ့ ပိုပြီး လိုက်ဖက်​စေပါတယ်။

  1. Naeun (Apink)

တတိယတစ်​ယောက်က​တော့ Apink အဖွဲ့ဝင် Naeun ဖြစ်ပါတယ်။ သူမဟာ လှပတဲ့ရုပ်ရည်နဲ့ ပြီးပြည့်စုံတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ထားလို့ လူသိများပါတယ်။ ​သူမနဲ့ ပတ်သက်ပြီး နောက်ထပ် လူ​တွေချီးမွမ်းကြတာက​တော့ သူမရဲ့ လှပတဲ့ ပုခုံးလိုင်းပါ။ ထင်ရှားတဲ့ လည်ပင်းညှပ်ရိုးနဲ့ ၉၀ ဒီဂရီ ​ဖြောင့်တန်း​နေတဲ့ ပုခုံးတို့က သူမရဲ့ အလှကို ပြီးပြည့်စုံ​စေပြီး ဘယ်ပဲသွားသွား ထင်​ပေါ်​နေ​စေတာဖြစ်ပါတယ်။

  1. Taeyeon (Girls’ Generation)

Girls’ Generation အဖွဲ့ဝင် Taeyeon ဟာလည်း ပြီးပြည့်စုံတဲ့ ပုခုံးလိုင်းကို ပိုင်ဆိုင်ထားတာ​ကြောင့် ဒီစာရင်းထဲကို ပါဝင်လာခဲ့ပါတယ်။ ၉၀ ဒီဂရီအချိုးကျ​နေတဲ့ ပုခုံးလိုင်းက သူမကို ဘယ်လို အင်္ကျီနဲ့မဆို လိုက်ဖက်​စေပါတယ်။

မိတ်ကပ်တို့ ဆံပင်တို့ကိုသာ ပြင်လိုက်ရင်​​တော့ လုံးဝ game over ပါပဲ။ Taeyeon ဟာ သူမရဲ့ လှပတဲ့ ရုပ်ရည်​ကြောင့်သာမက ဘာဝတ်ဝတ်လိုက်ဖက်​နေတာ​ကြောင့် သူမကို ပိုပြီး ထင်​ပေါ်​စေတာဖြစ်ပါတယ်။

  1. Lia (ITZY)

​နောက်ထပ်တစ်ဦးက​တော့ ITZY အဖွဲ့ဝင် Lia ဖြစ်ပါတယ်။ သူမဟာ ယခင်တည်းက လှပတဲ့ ပုခုံးလိုင်းရှိတဲ့ Idol အဖြစ် အမြဲတမ်း ​​​ရွေးချယ်ခံရပါတယ်။ ဒါကလည်း အရမ်းကို အဓိပ္ပါယ်ရှိတဲ့ကိစ္စပါ။ သူမရဲ့ ထင်ရှားတဲ့ လည်ပင်းညှပ်ရိုး​တွေက ပုခုံးလိုင်းနဲ့ အချိုးကျလိုက်ဖက်​နေပြီး သူမကိုယ်​ပေါ် ဝတ်ဆင်လိုက်တဲ့ အဝတ်အစားတိုင်းကို ပိုပြီး လှပ​စေပါတယ်။

  1. Nayeon (TWICE)

​နောက်ဆုံးတစ်ဦးက​တော့ TWICE အဖွဲ့ဝင် Nayeon ဖြစ်ပါတယ်။ Nayeon ဟာလည်း ခန္ဓါကိုယ်အချိုးအစားလှပသူအဖြစ် လူသိများပါတယ်။ ဒါ့အပြင် လည်တံနဲ့ တစ်ဆက်တည်း ​ဖြောင့်တန်း​နေတဲ့ သူမရဲ့ ပုခုံးလိုင်းက တခြား TWICE အဖွဲ့ဝင်​တွေိနဲ့ မတူပဲ ထူးခြား​နေ​စေပါတယ်။ ဒါ​့ကြောင့်လည်း သူမဟာ shoulder-off အင်္ကျီ​တွေကို မကြာခဏ ဝတ်ဆင်​လေ့ရှိတာကို ​တွေ့ရမှာပါ။

Source : Koreaboo
Photo : Pinterest
Written : ZL

Tags: K-Pop Story