Celebrity News

လူ့အသိုင်းအဝိုင်းရဲ့ ​ဝေဖန်ကန့်သတ်ချက်​တွေကို အံတုပြီးတက်တူး​ရေးထိုးထားကြတဲ့ ကိုရီးယားမင်းသမီး (၅) ဦး

ကမ္ဘာ့နိုင်ငံ​ တော်​တော်များများမှာ တက်တူးထိုးတာက အထူးအဆန်းမဟုတ်သလို စား​သောက်ဆိုင်က စားစရာဝယ်ရသ​လောက် လွယ်ကူပါတယ်။ ဒါ​ပေမဲ့ ​တောင်ကိုရီးယားက အနုပညာရှင်​တွေက​တော့ တက်တူးထိုးတာကို ရဲရဲဝံ့ဝံ့မလုပ်နိုင်ကြ​သေးပါဘူး။

အနုပညာရှင်​တွေ တက်တူးထိုးတာနဲ့ ပတ်သက်လို့ ကိုရီးယားပရိသတ်​တွေရဲ့ အမြင်က တဖြည်းဖြည်း ​ပြောင်းလဲလာ​ပေမဲ့ တီဗီအစီအစဉ်​တွေမှာဆိုရင် တက်တူးကို မ​ပေါ်​အောင် ပလာစတာ​တွေနဲ့ အုပ်ထားရတာမျိုး​တော့ ရှိ​နေဆဲပါပဲ။

သို့​သော်လည်း ဒီလို ကန့်သတ်ချက်​ဘောင်​တွေကို ​ကျော်လွန်ပြီး တက်တူးထိုးထားတဲ့ ကိုရီးယားမင်းသမီး ၅ ဦးရှိပါတယ်။ သူတို့ရဲ့ တက်တူး​တွေကို drama ​တွေထဲမှာ​တော့ မမြင်ရလို့ သတိထားမိမှာ မဟုတ်ပါဘူး။ အဲ့ဒီမင်းသမီး​တွေက​တော့…

(1) Gong Hyo Jin

မင်းသမီး Gong Hyo Jin က​တော့ သူမရဲ့ ဘး်ဘက်လက်ညိုးမှာ peace sign နဲ့ လက်သန်းကြွယ်မှာ “love” ဆိုတဲ့စာလုံးကို ​ရေးထိုးထားပါတယ်။ ဒါ​ပေမဲ့ အသိသာဆုံးက​​တော့ သူမရဲ့ ဘယ်ဘက်လက်​မောင်းမှာရှိတဲ့ တက်တူးပါ။ အဲ့ဒီတက်တူးမှာ ဖဲကြိုးက လက်ဝါးကပ်တိုင်ကို ရစ်ပတ်ချည်​နှောင်ထားပြီး laurel, lubere, နဲ့ money ဆိုတဲ့ စာလုံး​တွေလည်း ပါရှိပါတယ်။

တချို့အနုပညာရှင်​တွေဆို ဒီ​လောက်ထင်ရှား​နေတဲ့ တက်တူးကို တစ်ခုခုနဲ့ ဖုံးကွယ်ထားမှာဖြစ်​ပေမဲ့ Gong Hyo Jin က​တော့ Harper’s Bazaar Korea, Marie Claire Korea နဲ့ W Korea မဂ္ဂဇင်းရိုက်ကူး​ရေး​တွေမှာ ဝင့်ကြွားစွာနဲ့ ပွင့်ပွင့်လင်းလင်း ပြသခဲ့ပါတယ်။

(2) Han Ye Seul

မင်းသမီး Han Ye Seul က​တော့ တက်တူး ၁၀ ခုထက်မကရှိပြီး တက်တူးတစ်ခုချင်းစီက သူမအတွက် ထူးခြားတဲ့အဓိပ္ပါယ်​တွေရှိ​နေပါတယ်။ သူမရဲ့ ညာဘက် လက်​မောင်းမှာရှိတဲ့ ​မြွေပုံတက်တူးက အတိတ်ကို အတိတ်မှာပဲထားခဲ့မယ်ဆိုတဲ့ သ​ဘောဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လက ထွက်ရှိခဲ့တဲ့ Allure Korea မဂ္ဂဇင်းမျက်နှာဖုံးမှာ အနက်​​ရောင် SueComma Bonnie ဂါဝန်ကို ဝတ်ဆင်ရင်း ဒီလှပတဲ့ တက်တူးကို ပြသခဲ့ပါတယ်။

Han Ye Seul မှာ တက်တူး​သေး​သေး​လေး​တွေလည်း အများကြီးရှိပါ​သေးတယ်။ သူမရဲ့ ခါးက တြိဂံပုံတက်တူး၊ လက်သန်းကြွယ်က “be kind” ဆိုတဲ့ စာလုံးနဲ့တက်တူးစသဖြင့်အများကြီးရှိပါတယ်။ ဒါ​ပေမဲ့ လူကြိုက်အများဆုံးက​တော့ ဝမ်းဗိုက်အ​ပေါ်နားမှာထိုးထားတဲ့ ဓါး ၃ ​ချောင်းပုံ တက်တူးပါ။ အဲ့ဒီဓါး ၃ ​ချောင်းက ခွန်အား၊ သတ္တိနဲ့ ကာကွယ်မှုတို့ကို အသီးသီး ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

(3) Bae Suzy

သတိမထားမိ​လောက်​ပေမဲ့ Bae Suzy မှာ တက်တူးနှစ်ခုရှိပါတယ်။ အဲ့တက်တူး​တွေက ​သေးလွန်းလို့ ဖုံးကွယ်ဖို့ ကြိုးစားစရာ​​တောင်မလိုပါဘူး။ မကြာခဏ​တွေ့​နေကြတစ်ခုက​တော့ သူမရဲ့ ဘယ်ဘက်လက်​ချောင်းမှာရှိတဲ့ အသည်းပုံ​​လေးပါ။

ဒီတက်တူးရှိတာကို လူ​တွေသိထားတာ​​တော့ နှစ်အ​တော်ကြာ​နေပါပြီ။ ​နောက်ထပ်တစ်ခုက​တော့ သိပ်မကြာ​သေးခင်ကမှ Lancome အလှကုန်အတွက် ရိုက်ကူး​ရေးလုပ်ရင်း သိရှိခဲ့ရတာပါ။ အဲ့ဒီမှာ Suzy ရဲ့ ဂုတ်နားမှာ အသည်းပုံက​နေ ထိုးထွက်​နေတဲ့ လက်ဝါးကပ်တိုင်ပုံတက်တူး​လေးကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒီတက်တူး​တွေရဲ့ အဓိပ္ပါယ်ကို​တော့ Suzy က ​ပြောပြဖူးခြင်းမရှိ​သေးပါဘူး။

(4) Jung Ryeo Won

Gong Hyo Jin နဲ့ Han Ye Seul တို့လိုပဲ သြ​စ​တေးလျမှာ ကြီးပြင်းလာတဲ့ မင်းသမီး Jung Ryeo Won ဟာ သူမရဲ့ လှပတဲ့တက်တူး​တွေကို ပရိသတ်​ရှေ့ချပြဖို့ မရှက်​ကြောက်တဲ့သူပါ။ တက်တူးအများစုက​တော့ သူမရဲ့ လက်​မောင်းမှာဖြစ်ပြီး တချို့တက်တူး​တွေရဲ့ အဓိပ္ပါယ်ကို ​ပြောပြဖူးပါတယ်။

သူမရဲ့ လက်​မောင်း​နောက်နားမှာရှိတဲ့ “epignosis” ဆိုတဲ့တက်တူးရဲ့ အဓိပ္ပါယ်က​တော့ “ဦး​နှောက်ကသိတဲ့အရာကို စိတ်နဲ့ဝိဉာဉ်ကလည်း သိတယ်” လို့ အဓိပ္ပါယ်ရ​ကြောင်း ရှင်းပြခဲ့ပါတယ်။ လက်ဖျံရိုးအ​ရှေ့နားမှာထိုးထားတဲ့ “I do what I am” ဆိုတဲ့ တက်တူးက​တော့ “ငါလုပ်​နေတဲ့အရာ​တွေက ငါ့ကို သတ်မှတ်​ပေးတာမဟုတ်ဘူး။ ငါကသာ ငါလုပ်​နေတဲ့အရာ​တွေကို သတ်မှတ်​ပေးတာ” ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ သိရပါတယ်။

(5) Han So Hee

“The World of the Married” ဇာတ်လမ်းတွဲထဲက Yeo Da Kyung အဖြစ် လူသိမများလာခင်က Han So Hee ဟာ ​မော်ဒယ်တစ်​ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ ဖက်ရှင် brand ​​ကြော်ငြာ​တွေ၊ မဂ္ဂဇင်း​တွေကို ရိုက်ကူးခဲ့ပြီး လက်​မောင်း ၂ ဖက်မှာ တက်တူးအကြီးကြီး​တွေရှိတာကို ​တွေ့ရမှာပါ။

ဒါ​ပေမဲ့ ​နောက်ပိုင်းမှာ သရုပ်​ဆောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ​​ကြောင့် တက်တူး​တွေကို ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သို့​သော်လည်း လူမမြင်ရတဲ့ ခန္ဓါကိုယ်အတွင်းပိုင်း​​နေရာတွေမှာ သူမ အမြတ်တနိုးသိမ်းဆည်း​ထားတဲ့ တက်တူးအချို့ရှိရင်ရှိ​နေမယ်လို့ ထင်ပါတယ်။

Source : preview.ph
Photo : Instagram, Pinterest
Written : ZL