Celebrity News

Lisa နဲ့ယှဉ်ပြီး ရှုံ့ချပြောဆိုခဲ့တဲ့ Thai MC ကို ပညာရှိဆန်စွာ တုန့်ပြန်လိုက်တဲ့ BamBam

Thai MC ဖြစ်တဲ့ Moddam Kachapa ဆိုသူဟာ BLACKPINK’s Lisa ရဲ့ Solo Debut နဲ့ပတ်သက်လို့ ချီးမွမ်းပြောဆိုရင်း GOT7’s BamBam နဲ့ 2PM’s Nichkhun တို့ကို နှိုင်းယှဉ်ရှုံ့ချပြီး တရားလက်လွတ်ပြောဆိုခဲ့ပါတယ်။ GMM 25 ကနေပြသခဲ့တဲ့ Chase Show မှာပဲ Lisa ရဲ့ သီချင်းသစ် “Lalisa” အကြောင်းကို ချီးမွမ်းခန်းဖွင့်နေတဲ့ MC Moddam Kachapa ဟာ အခုလိုမျိုး ပြောဆိုခဲ့တာပါ။

“နောက်ဆုံးတော့ ထိုင်းလူမျိုးနဲ့ထိုင်းနိုင်ငံအတွက် ဂုဏ်ယူစရာမှတ်တမ်းကတော့ ပေါ်ထွက်လာခဲ့ပြီ။ ထိုင်းနိုင်ငံသားကြယ်ပွင့်ထဲမှာ ဒီလောက်ထိ အောင်မြင်ကျော်ကြားတာမျိုး မဖြစ်ဖူးသေးဘူး။ ပြန်တွေးကြည့်မယ်ဆိုရင်… Nichkhun ရှိတယ်… သူကလည်း Lisa လိုမျိုး အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့ BamBam.. သူလည်းပဲ ဒီလောက်အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလေ။ Lisa ကတော့ တကယ့် ကမ္ဘာ့အဆင့်ပဲ။ နောက်ဆုံးတော့ ထိုင်းနိုင်ငံအတွက် ဂုဏ်ယူလို့ရခဲ့ပြီ” ဆိုပြီး ပြောခဲ့တာပါ။

ဒါကိုကြားပြီးပြီးချင်း ပရိသတ်အမြောက်အမြားက စိတ်တိုခဲ့ကြပြီး ချက်ချင်းဆိုသလို fandom ပေါင်းစုံကနေ MC ရဲ့ အပြုအမူအတွက် တောင်းပန်ဖို့ Twitter တခွင်မှာ ဝုန်းဆန်ခဲ့ကြပါ‌တော့တယ်။ Nichkhun, BamBam နဲ့ Lisa တို့ ထိုင်းနိုင်ငံသား Kpop Idol (၃) ယောက်က ဘယ်လောက်ရင်းနှီးလည်းဆိုတာကို Fan တွေအားလုံး အသိကြဆုံးပါပဲ။

ဒါကို MC တစ်ယောက်ဖြစ်ပြီး အခုလိုစကားထွက်လာခဲ့တာကြောင့် တော်တော်လေးကို ‌ဒေါပွခဲ့ကြတာပါ။ မကြာပါဘူး.. Moddam က သူ့ရဲ့ IG ကနေတဆင့် တောင်းပန်စာကိုရပြီးတင်ခဲ့ပြန်ပေမဲ့ အချိုးပြေပြေရေးပြီး မတင်ခဲ့တာကြောင့် အားပေးတဲ့ပရိသတ်ပေါင်းများစွာရဲ့ဒေါသကို ဆွနေသလို ဖြစ်ခဲ့ပြီး တဖြည်းဖြည်းကြီးလာခဲ့ပါတော့တယ်။

Chase Show ရဲ့ တရားဝင် IG မှာလည်း Moddam ရဲ့တောင်းပန်စာကိုပြန်တင်ခဲ့ပေမဲ့ ပရိသတ်တွေကတော့ လက်ခံခြင်းမရှိနိုင်ဘဲ GMM25 ဖက်ကနေ ထိရောက်တဲ့ ဖြေရှင်းမှုတစ်ခုကို တောင်းဆိုခဲ့ကြပါတော့တယ်။ ဒီအဖြစ်အပျက်ကို BamBam နဲ့ သူ့အမေကိုယ်တိုင်သိရှိသွားခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင် Social Media တွေကနေတဆင့် ထို MC ရဲ့အပြုအမူကို ပညာရှိဆန်စွာပဲ ရေးသားတုန့်ပြန်ခဲ့ကြပါတယ်။

BamBam ရဲ့အမေကဆိုရင် “ငါ့အနေနဲ့ ဒီအဖြစ်အပျက်ကို လက်ခံနိုင်စွမ်းရှိပေမဲ့ မိခင်တစ်‌ယောက်ရဲ့ ခံစားချက်နဲ့ နှလုံးသားကို မင်းသိနိုင်ပါ့မလား….” ဆိုတဲ့ စာသားလေးကို ရေးသားကာ သူ့သားနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်‌ခဲ့တာက တကယ်ကိုကြေကွဲစရာပါပဲ။

ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်တဲ့ BamBam ကတော့ ဒီတကြိမ်အဖြစ်အပျက်မှာ ထို MC ရဲ့ ပြောစကားကို တည်ငြိမ်စွာနဲ့ ပညာရှိဆန်ဆန်ပဲ Twitter ကနေ တုန့်ပြန်ရေးသားလိုက်ပါတယ်။။“ငါအဆင်ပြေပါတယ် 👍 တခါတရံမှာတော့ လူအများကြီးက ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေကို သတိမပြုမိတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အားထုတ်မှုတွေကိုသိရှိပြီး နားလည်ပေးနိုင်တဲ့သူတွေနဲ့တင် ပျော်နေရပါပြီ☺️” လို့ တည်ငြိမ်စွာပဲ ရေးတင်ခဲ့ပါတယ်။

ရန်ကိုရန်ချင်းမတုန့်ပြန်ဘဲ ပညာရှိလမ်းကိုရွေးသွားတဲ့ BamBam ရဲ့ အပြုအမူကို နမူနာယူပြီး ပရိသတ်တွေကလည်း BamBam ပြောခဲ့သမျှ မှတ်သားစရာစကားတွေ၊ အတုယူစရာအပြုအမူတွေနဲ့ လေးစားအားကျစရာ ကြိုးစားမှုတွေကို “#WeLoveYouBamBam”, “#RespectBamBam” အစရှိတဲ့ Hashtag တွေကိုသုံးပြီး တင်ခဲ့ကြပါတော့တယ်။

စိတ်မကျေမနပ်ဖြစ်နေကြတဲ့ပရိသတ်တွေကို ပြဿနာဖြစ်နေတဲ့အခြေအ‌နေကနေ အတုယူစရာစကားလေးတွေကို မျှဝေတဲ့အနေအထားဖြစ်အောင် လှည့်ကွက်သုံးနိုင်ခဲ့သူ BamBam ကတော့ တကယ့် idol ပီသပါပေတယ်နော်။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Update