Celebrity News

သမိုင်းတလျှောက် ကိုရီးယား Idol အနေနဲ့ V တစ်ဦးတည်းသာလျှင် ပြုလုပ်နိုင်သေးတဲ့ နောက်ထပ်စံချိန်သစ်

BTS’s V (ခေါ်) Kim Taehyung က ဘယ်မှတ်တမ်း၊ ဘယ်စံချိန်မဆို စံချိန်ချိုးပြီး မှတ်တမ်းသစ်တင်နိုင်တဲ့ Kpop Idol တစ်ဦးပါ။ Social Media တခွင်မှာလည်း V ရဲ့ ထင်ပေါ်ကျော်ကြားမှုကလည်း ကန့်သတ်ချက်မရှိအောင်ပါပဲ။ V ရဲ့ ဓာတ်ပုံတွေ၊ Viedo တွေဆိုရင် platform အားလုံးနီးပါးမှာ လူကြည့်အများဆုံး၊ Like အများဆုံးရရှိတဲ့ ကိုရီးယား idol အဖြစ်လည်း မှတ်တမ်းဝင်နေပြန်ပါသေးတယ်။

V အနေနဲ့ ဒီတစ်ခါတင်လိုက်တဲ့ စံချိန်သစ်ကလည်း သမိုင်းတလျှောက်လုံး Kpop Idol တွေအနက် အမြင့်ဆုံးမှတ်တမ်းသစ်ဖြစ်လာခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် June 27 ရက်နေ့တုန်းက BTS အဖွဲ့ရဲ့ တရားဝင် IG မှာ Butter Concept Photo Version 1 အတွက် BTS အဖွဲ့ဝင်အားလုံးရဲ့ဓာတ်ပုံတွေကို တင်ထားခဲ့ပါတယ်။

BTS အဖွဲ့ဝင် (၇) ယောက်အနက် V ကတော့ like အများဆုံးနဲ့ comment အများဆုံးရရှိခဲ့တာပါ။ ဒီစံချိန်ကလည်း Kpop Idol တွေအနက် ပထမဆုံးစံချိန်ဖြစ်ပြီး 10M likes နဲ့ 1M comment ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကိုရီးယားအနုပညာရှင်ဖြစ်လာခဲ့ပါပြီ။

ကိုယ်ပိုင် account မရှိသေးတာတောင် Kim Taehyung ဟာ FIRST & ONLY KOREAN IDOL ဆိုတဲ့ ဂုဏ်ပုဒ်ကို ပုံလေးတစ်ပုံတည်းနဲ့ ရရှိခဲ့ပါတော့တယ်။ 10M likes နဲ့ 1M comments အထိရရှိခဲ့တဲ့ အဆိုပါ post လေးဟာ ကမ္ဘာအနှံ့ V ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသနေသလိုပါပဲ။

အရင်ကတည်းက BTS’s V ဟာ 2M-8M likes ကို အမြန်ဆုံးရရှိထားတဲ့ ပထမဆုံးသော ကိုရီးယားအမျိုးသား Idol ဆိုတဲ့ဂုဏ်ပုဒ်ကို ခံယူထားသလို Instagram မှာ 9M Likes ရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယား idol အဖြစ်လည်း စံချိန်တင်ထားသေးတာပါ။

လက်ရှိအထိ V ရဲ့စံချိန်တွေကိုပြောရရင် 5M+ likes ရရှိထားတဲ့ ဓာတ်ပုံ (၁၄) ပုံ၊ 9 photos with 6M+ likes ရရှိတဲ့ ဓာတ်ပုံ (၉) ပုံ၊ 8M+ likes ရရှိထားတဲ့ ဓာတ်ပုံ (၂) ပုံနဲ့ 10M+ likes ရရှိထားတဲ့ ဓာတ်ပုံ (၁) ပုံကို ပိုင်ဆိုင်ထားပါတယ်။

ဒါ့အပြင် Follower များစွာရှိတဲ့ fanstagram ကိုလည်း ပိုင်ဆိုင်ထားပြီး လူသုံးအများဆုံး hashtags စာရင်းမှာလည်း ထိပ်ဆုံးကရပ်တည်နေပြန်ပါတယ်။ Kpop သမိုင်း‌တလျှောက်လုံး V တစ်ဦးတည်းသာလျှင် စွမ်း‌ဆောင်နိုင်သေးတဲ့ အောင်မြင်ကျော်ကြားမှုတွေပဲဖြစ်ပါတော့တယ်။

Source: Allkpop
Photos: Allkpop
Translated by Julix

Tags: K-Pop Update