Celebrity News

သမီးဦးလေးကိုကြိုဆိုရင်း ပထမဆုံး မိသားစု (၃) ယောက်ပုံလေးကိုတင်ပေးခဲ့တဲ့ Mew Nittha

မင်းသမီးချော Mew Nittha ကတော့ အိမ်ထောင်သည်ဘဝရဲ့ ပထမဆုံးသော သမီးဦးရတနာလေးကိုမွေးဖွားသန့်စင်ခဲ့ပြီးဖြစ်ပါတယ်။ သမီးလေးကို ကိုယ်ဝန်ဆောင်ရစဉ်ကတည်းက လင်မယားနှစ်‌ယောက်စလုံး ‌စိတ်လှုပ်ရှားစွာနဲ့ ဂရုတစိုက်နေထိုင်ရင်း ဗိုက်ပူပူပုံလေးတွေကိုတင်ကာ သမီးလေးကို စောင့်မျှော်နေခဲ့ကြတာပါ။

September 12 ရက်နေ့ (တနင်္ဂနွေနေ့)မှာပဲ မင်းသမီး Mew Nittha ဟာ သမီးဦးလေးကို ကောင်းမွန်စွာမွေးဖွားသန့်စင်နိုင်ခဲ့ပါတယ်။ Nong Marin လို့ နာမည်လှလှလေးလည်းပေးထားပြီး သမီးလေး လူ့လောကကြီးထဲကိုရောက်လာခဲ့တဲ့အတွက် ပျော်ရွှင်ဝမ်းမြောက်နေပုံပါပဲ။

စက်တင်ဘာလ (၁၃) ရက်နေ့မှာတော့ သားအမိ၊သားအဖ (၃) ယောက်ဟာ ပထမဆုံးမိသားစုဓာတ်ပုံလေးကို Instagram မှာ မျှဝေပေးခဲ့ပါတယ်။ မိဘနှစ်ပါးဖြစ်လာခဲ့ပြီဖြစ်တဲ့ Mew နဲ့ အမျိုးသားဖြစ်သူ Hi-So Shane တို့ဟာ သမီးလေးကိုပွေ့ဖက်ကာ ကျေနပ်ပီတိဖြစ်နေကြတဲ့ ဓာတ်ပုံလေးကို “Nong Marin is here” (Nong Marin လေး ရောက်လာပါပြီ) ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ပုံလှလှလေးကို ဝမ်းသာစွာတင်ပေးခဲ့ပါတော့တယ်။

James Ma, Rita Sririta, Chompoo Araya, Kimmy Kimberley, James Jirayu, Mark Prin, Nune Woranuch နဲ့ မြောက်မြားစွာသော အနုပညာရှင်တွေကလည်း သမီးငယ်လေးကို ကြိုဆိုကြောင်း ဝမ်းသာစွာဆုတောင်းခဲ့ကြပြီး Mew တို့မိသားစုလေးအတွက် ဂုဏ်ပြုပေးခဲ့ကြပါတော့တယ်။ Hi-So Shane နဲ့ ထိပ်တန်းမင်းသမီး Mew Nittha တို့ဟာ ၂ နှစ်ကြာတွဲခဲ့ကြပြီးနောက် ၂၀၂၀ အစောပိုင်းမှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာပါ။

Mew ကတော့ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ၂၀၂၁ မတ်လထဲမှာ အသိပေးခဲ့ပြီး ပထမဆုံးကိုယ်ဝန်ကို ပြုစုစောင့်ရှောက်ဖို့ အနုပညာအလုပ်တွေကို ခေတ္တအနားယူခဲ့ပါတယ်။ အခုချိန်မှာတော့ မွေးဖွားသန့်စင်ပြီးဖြစ်လို့ သမီးလေး Nong ကိုလည်း ကြိုဆိုရင်း Mew Nittha နဲ့ သူမရဲ့မိသားစုအတွက် ဂုဏ်ပြုပေးလိုက်ပါတယ်။

Source: Thaiupdate
Photos: Instagram
Translated by Julix

Tags: Thai Update