Celebrity News

မှတ်တိုင်သစ်နဲ့အတူ နိုင်ငံပေါင်းများစွာက ပရိတ်သတ်တွေကြား ဟိုးလေးတကျော်ဖြစ်နေတဲ့ Xiao Zhan

စက်တင်ဘာလမှာပဲ (၁၉) ကြိမ်မြောက် “Hangzhou 2022 Asian Games” ရဲ့ တာဝန်ရှိသူက Xiao Zhan ဟာ Hangzhou Asian Games ရဲ့ ပြည်သူ့အကျိုးပြု သံတမန် (Public Welfare Ambassador) အဖြစ် သူ့ရဲ့ ကိုယ်ပိုင်မှတ်တိုင်သစ်တစ်ခုကို ကြေငြာခဲ့ပါတယ်။

ဒါဟာ Xiao Zhan အနေနဲ့ အာရှအားကစားပြိုင်ပွဲများ အများပြည်သူ သက်သာချောင်ချိရေးမှာ တရားဝင် ပါဝင်ခြင်းရဲ့ အစဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ပြည်ပနိုင်ငံတွေမှာလည်း တပြိုင်နက်တည်း ကြေငြာခဲ့တာကြောင့် နိုင်ငံရပ်ခြားက ပရိသတ်တွေကြားမှာလည်း ပွက်ပွက်ညံခဲ့ပါတယ်။

သူရဲ့ မှတ်တိုင်အသစ်နဲ့အတူ Xiao Zhan ဟာ နိုင်ငံပေါင်း (၆) နိုင်ငံရဲ့ Hot Search ရှာဖွေမှုတွေမှာ လျင်မြန်စွာ ပေါ်လာခဲ့တာကတော့ Xiao Zhan ရဲ့ မပြောင်းလဲတဲ့ လွှမ်းမိုးနိုင်မှု စွမ်းအားပဲ ဖြစ်ပါတယ်။ Xiao Zhan ကို Hangzhou Asian Games Charity Dreams ရဲ့ သံတမန်အဖြစ် တရားဝင် ကြေငြာလိုက်တဲ့အချိန်မှာ Xiao Zhan ရဲ့ နိုင်ငံတကာအထိ လွှမ်းမိုးထားနိုင်မှုတွေဟာ သိသိသာသာ ရုပ်လုံးပေါ်လာစေပြီး ထိုင်း၊ စင်္ကာပူ၊ ဘရာဇီး အပါအဝင် ပြည်ပနိုင်ငံ (၆) နိုင်ငံရဲ့ Hot Search တွေမှာ ရှာဖွေခံခဲ့ရတာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း Hangzhou Asian Games Charity Dreams ရဲ့ အသစ်စက်စက် သံအမတ်ကြီး Xiao Zhan ရဲ့ အထောက်အထားသစ်ဟာ ပြည်ပကို တရားဝင် ကြေညာလိုက်ပြီးနောက်မှာတော့ နိုင်ငံတကာက ပရိသတ်များစွာထံမှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တကယ့်ကို positive energy idol တစ်ယောက်ရဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ Xiao Zhan အတွက် သူကိုယ်တိုင်ကလည်း သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Xiao Zhan က “ကျွန်တော်ကတော့ Hangzhou Asian Games အတွက် ပြည်သူ့အကျိုးပြုအိပ်မက်ရဲ့ သံတမန်အသစ် Xiao Zhan ပါ။

ဒါက Asian Games Charity မှာ ကျွန်တော့်ရဲ့ တရားဝင်ပါဝင်မှု အစပါ။ အိမ်မက်တွေကို ခွန်အားဖြည့်ပေးပြီး လူတွေရဲ့ ဘ၀ကို ပိုမိုတောက်ပလာအောင် Asian Games ရဲ့ လူထုသက်သာချောင်ချိရေးမှာ ပရဟိတ အမှတ်တရတစ်ခုကို ပုံဖော်လိုက်ပါ။

ကျွန်တော်တို့ရဲ့ စိတ်ကူးအိပ်မက်တွေနဲ့အတူ သူတို့ကို ရှေ့ဆက်ပြီး ကူညီပေးကြရအောင်” လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ အပြုသဘောဆောင်တဲ့ စကားလုံးတွေက ပရိသတ်တွေကို ခွန်အားတွေ တိုးစေပြီး စိတ်လှုပ်ရှား စေခဲ့ပါတယ်။ ပရိသတ်များစွာကလည်း တုံ့ပြန်တဲ့အနေနဲ့ တောက်ပတဲ့ အနာဂတ်ကို ရည်မှန်းကာ Xiao Zhan ရဲ့ ခြေလှမ်းတွေ နောက်ကိုလိုက်ပြီး အာရှအားကစားပြိုင်ပွဲကို တစ်ခဲနက် အားပေးထောက်ခံခဲ့ကြပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu